မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းမှာ နာတာရှည် ရောင်ရမ်းနာတစ်ခုဖြစ်ပြီး အဆစ်များသာမက တခြားအရာများကိုပါ ထိခိုက်နိုင်ပါသည်။ လူတစ်ချိှု၌ ခန္ဓါကိုယ်၏ စနစ်တော်တော်များများကို ပျက်စီးစေပါသည်။ အရေပြား၊ မျက်လုံး၊ အဆုတ်၊ နှလုံးနှင့် သွေးကြော စသည်များ။
ကိုယ်ခံအားမှပြန်တိုက်သော ရောဂါဖြစ်သည့် လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းမှာ သင်၏ကိုယ်ခံအားမှ သင့်ခန္ဓါကိုယ်အား မှားယွင်းစွာဖြင့် ပြန်တိုက်သည့်အခါတွင် ဖြစ်ပေါ်လာပါသည်။
သာမာန် အရိုးအဆစ်ရောင်ရောဂါနှင့်မတူသည်မှာ လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းသည် အဆစ်များမှ အမြှေးပါးအဖုံးတွင်ဖြစ်ပေါ်ပြီး ဖောင်းကြွလာစေ၏။ ထိုမှ အရိုးကိုလှိုက်စားသွားပြီး ပုံပန်းပျက်ခြင်း ဖြစ်လာနိုင်ပါသည်။
လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းနှင့် ဆက်စပ်သော ရောင်းရမ်းခြင်းမှာ ခန္ဓါကိုယ်၏ တခြားအစိတ်အပိုင်းများကိုပါ ထိခိုက်စေပါသည်။ ဆေးဝါးအမျိုးအစားသစ်များမှာ ရောဂါကို အံ့သြစရာကောင်းအောင် သက်သာစေသော်လည်း ပြင်းထန်သော လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းမှာ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုကို ဖြစ်စေနိုင်ပါသည်။
ဒီရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ
အစောပိုင်း လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းမှာ သေးငယ်သောအဆစ်များ အထူးသဖြင့် လက်ချောင်းမျာ ခြေချောင်းများတွင် အရင်ဖြစ်ပါသည်။ ရောဂါတိုးလာသည်နှင့် လက္ခဏာများမှာ လက်ကောက်ဝတ်၊ ဒူး၊ ခြေကျင်းဝတ်၊ တံတောင်ဆစ်၊ တင်ပါးနှင့် ပုခုံးဆစ်များဆီမှ ပြလာမည်ဖြစ်သည်။ ဖြစ်ရပ်အများစုတွင် ဘယ်ညာအဆစ်များတွင် တစ်ချိန်တည်းဖြစ်တတ်၏။လေးဖက်နာကဲ့သို့အဆစ်ရောင်ရောဂါရှိသောလူနာ ၄၀%တွင် အဆစ်များတွင်လက္ခဏာမပြတာမျိုး တွေ့ကြုံရနိုင်သည်။ လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းသည် အဆစ်မဟုတ်သော အစိတ်ပိုင်းများကိုလည်း ထိခိုက်နိုင်ပါသည်။
လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်း၏ လက္ခဏာများမှာ ပြင်းထန်မှုပုံစံအမျိုးမျိုးရှိနိုင်ပြီး ပေါ်လိုက် ပျောက်လိုက် ဖြစ်တတ်ပါသည်။ ရောဂါအခြေအနေဆိုးလာသော အချိန်ပိုင်းကို ရောဂါထခြင်းဟုခေါ်ပြီး သက်သာလိုက် ဖြစ်လိုက်နှင့် တစ်လှည့်စီဖြစ်တတ်၏။ အချိန်ကြာလာသည့်အခါ လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းသည် အဆစ်များကို ပုံပျက်သွားစေပြီး နေရာမှလွဲချော်သွားစေနိုင်ပါသည်။
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
သင့်၌ အချိန်ကြာမြင့်စွာ အဆစ်များ မသက်မသာနှင့် ဖောင်းကြွနေပါက ဆရာဝန်နှင့် ပြသပါ။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။
လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းသည် သင်၏ကိုယ်ခံအားမှ ဆိုင်နိုဗီရမ် – အဆစ်ဖုံးအမြှေးပါးကို တိုက်ခိုက်သည့်အခါတွင် ဖြစ်လာပါသည်။
ရောင်ရမ်းမှုကြောင့် ဆိုင်နိုဗီရမ်ထူလာပြီး နောက်ဆုံး အရိုးနုကို ဖျက်စီးပစ်လိုက်ပြီးနောက် အဆစ်အတွင်းမှ အရိုးပါ ပျက်စီးသွားမည်ဖြစ်သည်။
အဆစ်များကို ထိန်းပေးထားသည့် အရွတ်များ တွယ်ဆက်တစ်ရှုးများမှာ အားပျော့ပြီး ဆန့်ထွက်လာနိုင်သည်။ တဖြည်းဖြည်းနှင့် အဆစ်မှ ပုံစံပျောက်သွားပြီး အလိုင်မန်းမညီဖြစ်သွားပါလိမ့်မည်။
ဤရောဂါကိုဘယ်ကစဖြစ်မှန်း မသိရသေးပါ။ မျိုးရိုးဗီဇ လွှမ်းမိုးမှုတော့ ရှိကြောင်းသိထား၏။ မျိုးရိုးဗီဇများက ဒီရောဂါကို တန်းဖြစ်စေခြင်းမဟုတ်သော်လည်း ပါတ်ဝန်းကျင်အခြေအနေများကြောင့် ဖြစ်နိုင်ချေကို တိုးမြှင့်စေနိုင်ပါသည်။ ဥပမာ တစ်ချို့သော ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုး ကူးစက်များမှာ ဒီရောဂါကို ဖြစ်လာစေနိုင်ပါသည်။
လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်း၏ ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
အစောပိုင်းအဆင့်များတွင် လက္ခဏာများမှာ တခြားသောရောဂါများနှင့် ဆင်တူနေသောကြောင့် လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းအား အတည်ပြုရန် ခက်ခဲ၏။ သွေးစစ်မှုတစ်ခုတည်းနှင့် ရောဂါအား အတည်ပြုနိုင်သည်မဟုတ်ပါ။
စမ်းသပ်စစ်ဆေးစဉ်တွင် ဆရာဝန်သည် အဆစ်များမှ ဖောင်းကြွခြင်း၊ နီမြန်းခြင်းနှင့် ပူနွေးခြင်းတို့ကို စစ်ဆေးပါလိမ့်မည်။ Reflexes နှင့် ကြွက်သားသန်မာမှုကိုပါ စစ်ဆေးပါလိမ့်မည်။ တခြားစစ်ဆေးရနိုင်သော test များမှာ –
လေးဖက်နာကဲ့သို့ အဆစ်ရောင်ခြင်းအတွက် အရှင်းပျောက်သောကုသမှုမရှိပါ။ သို့သော် မကြာသေးမီကတွေ့ရှိမှုများတွင် disease-modifying antirheumatic drugs (DMARDs) ဟုခေါ်သော ဆေးပြင်းများ စောစောကုသလျှင် သက်သာသည့် အချိန်ကာလ ပိုများနိုင်ကြောင်း ညွှန်ပြထား၏။
ဆေးဝါးများ
ဆရာဝန်ညွှန်မည့်ဆေးများမှာ လက္ခဏာများ၏ အပြင်းအထန်နှင့် ခံစားရကြာချိန်ပေါ် မူတည်ပါလိမ့်မည်။
ကုထုံးများ
အဆစ်များ ပျော့ပျောင်းနေစေရန်အတွက် ဆရာဝန်မှ သင့်အား ကိုယ်လက်လှုပ်ရှားမှုကုထုံးဆရာနှင့် ပြသရန် အကြံပေးပါ့လိမ်မည်။ ကုထုံးဆရာသည် နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် နည်းလမ်းအသစ်များကို လမ်းညွှန်ပါလိမ့်မည်။ ၎င်းတို့သည် အဆစ်များအတွက် လွယ်ကူစေပါလိမ့်မည်။ ဥပမာ – လက်ချောင်းများနာသည့်အခါ လက်ဖျံအားကိုသုံးပြီး ပစ္စည်းများကောက်ယူခြင်းမျိုး။
အထောက်အကူပြုကိရိယာများကလည်း အဆစ်များကိုအားသုံးစေရမည်များကို ရှောင်ကျဉ်ရာတွင် လွယ်ကူစေပါလိမ့်မည်။ ဥပမာအားဖြင့် မီးဖိုချောင်သုံးဓါးတွင် လွှသွားပုံ လက်ကိုင်တပ်ထားခြင်းက သင့်လက်ချောင်းနှင့် လက်ကောက်ဝတ်ကို ကာကွယ်ပေးနိုင်ပါလိမ့်မည်။ တစ်ချို့သော buttonhook လို ကိရိယာများကလည်း အဝတ်အစားဝတ်ရာတွင် လွယ်ကူစေပါမည်။
ခွဲစိတ်ခြင်း
ဆေးများက အဆစ်ပျက်စီးမှုကို မနှေးစေပဲ မကာကွယ်နိုင်လျှင် သင်နှင့်ဆရာဝန်နှစ်ဦးလုံး အဆစ်များကိုပြင်ရန် ခွဲစိတ်ဖို့စဉ်းစားရပါမည်။ ခွဲစိတ်မှုသည် အဆစ်များကို ပြန်အသုံးချနိုင်ရာတွင် အကူအညီပေးနိုင်ပါသည်။ နာကျင်မှုကိုလျော့ချနိုင်သလို ပုံစံပျက်ခြင်းများကိုလည်း ပြုပြင်နိုင်ပါလိမ့်မည်။ လေးဘက်နာကဲ့သို့ အဆစ်ရောင်ခြင်းအား ခွဲစိတ်ရာတွင် အောက်ပါတိုတစ်ခုထက်မက ပါဝင်နိုင်ပါသည်။
ခွဲစိတ်မှုကြောင့် သွေးထွက်လွန်ခြင်း၊ ပိုးဝင်ခြင်းနှင့် နာကျင်မှုတို့လည်း ဖြစ်စေနိုင်ပါသည်။ ခွဲစိတ်ရန် အကျိုးနှင့်အပြစ်များကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် လေးဖက်နာကဲ့သို့ အဆစ်ရောင်ခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။
တစ်ချို့သော ဖြည့်စွက်စာများ တစ်လှည့်စီကုထုံးများကလည်း လေးဖက်နာကဲ့သို့ အဆစ်ရောင်ခြင်းကို သက်သာစေပါသည်။
အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။