ဘယ်လောက်ကြာတတ်လဲ
ဆင်တုပ်ကွေးလက်ကျန် အဆစ်နာဝေဒနာက သုံးလလောက်ထိ ခံစားရနိုင်သလို တချို့လူတွေမှာ တစ်နှစ်လောက်အထိဖြစ်တတ်ပါတယ်။
ခန္ဓါကိုယ်က ကျန်းမာလေ၊ အားနည်းကျန်ရစ်ခဲ့နိုင်ခြေ ပိုနည်းလေဖြစ်တာမို့ ကျန်းမာအားပြည့်အောင် စားသောက်နေထိုင်တတ်သူတွေဆို သူများထက် ပိုပြီးမြန်မြန်သက်သာလာတတ်ပါတယ်။ ကိုယ်ခံအားနည်းသူတွေမှာ ပိုပြီးဒဏ်ခံရတတ်ပါတယ်။
ဘယ်လိုသက်သာအောင် လုပ်ရမလဲ
အဆစ်နာဝေဒနာကြောင့် ထိခိုက်အားနည်းနေရသူတွေမှာနေ့စဉ်အလုပ်တွေတောင် အရင်လို မလုပ်နိုင်တဲ့အထိ ခံစားရနိုင်တယ်။ ဒီဝေဒနာတွေကို သက်သာဖို့က နည်းလမ်း (၃) မျိုးရှိပါတယ်။
(၁) လေ့ကျင့်ခန်း
နာလို့ နားနေရာကနေ အရိုးအဆစ်တွေကို သိပ်မလှုပ်ရှားဖြစ်တဲ့အခါ နာကျင်မှုက တိုးလာပါတယ်။ ညဘက်သိပ်မလှုပ်ရှားဖြစ်တော့ မနက်အိပ်ရာထတဲ့အခါ တစ်ကိုယ်လုံးပိုပြီး နာကျင်တောင့်တင်းနေရတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ဒါ့ကြောင့် မနက်ပိုင်းမှာ အဆစ်အမြစ်တွေအားလုံးကို အနည်းဆုံးနှစ်ကြိမ်လောက်တော့ဖြည်းဖြည်းချင်း လှုပ်ရှားပေးပါ။ ဒါလေ့ကျင့်ခန်းလေးတွေ ညင်ညင်သာသာလုပ်ရင် ရပါပြီ –
- ထိုင်ခုံမှာ ထိုင်ပြီးခြေထောက်ကို ဖြည်းဖြည်းချင်း ဆန့်တန်းပါ။
- မတ်တပ်ရပ်ပြီးခြေထောက်တစ်ဖက်ချင်းစီမြှောက်ပါ။
- မတ်တပ်ရပ်ပြီး ခန္ဓါကိုယ်တစ်ဖက်စီကို စောင်းလှည့်ပါ။
- အလေးအပင်တွေ မ မပါနဲ့။
- ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။