ပခုံးဆစ်အရွတ်ရောင်ရောဂါဆိုသည်မှာ ပခုံးဆစ်၏လှုပ်ရှားမှုအား
ကူညီပေးသော ကြွက်သားများနှင့်အရွတ်များတွင်ဖြစ်သည့် ရောဂါ
ဖြစ်သည်။ သင့်တွင်ထိုရောဂါရှိပါက သင့်ပခုံးဆစ်အရွတ်များသည် ရောင်ရမ်းထိခိုက်မှုရှိနေသည်ဟုဆိုလိုခြင်းဖြစ်သည်။ ပခုံးဆစ်အရွတ်ရောင်ရောဂါကို impingement ရောဂါစုဟုလည်း ခေါ်သည်။ အချိန်
နှင့်အမျှလိုက်ပြီး ဖြစ်ပွားလာသောရောဂါဖြစ်ပြီး ပခုံးအားပုံစံတစ်မျိုး
ထဲတွင် ထားသောကြောင့်ဖြစ်တတ်သည်။ ညတိုင်း ပခုံးတခုဘက်
လှည့်၍ဖိအိပ်ခြင်း(သို့)လက်ကို ခေါင်းအထက်ဆန့်တန်းလုပ်ကိုင်
ရသောလှုပ်ရှားမှုများကို လုပ်ကိုင်ခြင်း စသည်တို့ပါဝင်သည်။
ပခုံးဆစ်အရွတ်ရောင်ရောဂါသည် လက်ကို ခေါင်းအထက်ဆန့်
တန်းလှုပ်ရှားကစားရန်လိုအပ်သည့်အားကစားများပြုလုပ်သူများ
တွင်အများအားဖြင့်အဖြစ်များသည်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ပခုံးဆစ်အရွတ်ရောင်ရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
ပခုံးဆစ်အရွတ်ရောင်ရောဂါရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
နာကျင်ခြင်း
မှုဆုံးရှံူးခြင်း စသည်ဖြင့်ဖြစ်သည်။
ပခုံးဆစ်အရွတ်ရောင်ရောဂါ၏လက္ခဏာများသည် အချိန်ကြာလာ
သည်နှင့်အမျှပိုဆိုးလာတတ်သည်။ အစောပိုင်းလက္ခဏာများသည်
ပခုံးအားအနားပေးလိုက်ရုံနှင့်သက်သာသွားနိုင်သော်လည်း နောက်ပိုင်းတွင် ရောဂါလက္ခဏာများတောက်လျှောက်ပြလာနိုင်ပါ
သည်။ တံထောက်ဆစ်အကျော်တွင်ဖြစ်သော ရောဂါလက္ခဏာများ
သည် အခြားသောရောဂါတခုဖြစ်နေသည်ဟုဆိုလိုသည်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ပခုံးဆစ်အရွတ်ရောင်ရောဂါသည် အချိန်ကြာလာသည်နှင့်အမျှပို
မိုဖြစ်ပွားသည်။ ပခုံးအားပုံစံတစ်မျိုး
ထဲတွင် ထားသောကြောင့်ဖြစ်တတ်သည်။ ညတိုင်း ပခုံးတခုဘက်
လှည့်၍ဖိအိပ်ခြင်း(သို့)လက်ကို ခေါင်းအထက်ဆန့်တန်းလုပ်ကိုင်
ရသောလှုပ်ရှားမှုများကို လုပ်ကိုင်ခြင်း စသည်တို့ပါဝင်သည်။
လက်ကို ခေါင်းအထက်ဆန့်တန်းလုပ်ကိုင်
ရသောလှုပ်ရှားမှုများပါဝင်သည့်အားကစားကို ဆော့ကစားသူများ
တွင် လက်ကို ခေါင်းအထက်ဆန့်တန်းလုပ်ကိုင်
ရသောလှုပ်ရှားမှုများကို လုပ်ကိုင်ခြင်း ပို၍ဖြစ်ပွားနိုင်သည်။
ထို့ကြောင့်ထိုရောဂါကို
တခါတရံတွင် ပခုံးဆစ်အရွတ်ရောင်ရောဂါသည်မည်သည့် အကြောင်းအရင်းမှမရှိပဲလည်း ဖြစ်ပွားနိုင်သည်။ ပခုံးဆစ်အရွတ်ရောင်ဝေဒနာရှင်အများစုသည် မည်သည့်နာကျင်မှုမှမရှိပဲ ပခုံးအားအပြည့်အဝပြန်လည်လှုပ်ရှားနိုင်
တတ်ကြသည်။
ပခုံးဆစ်အရွတ်ရောင်ရောဂါဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်း
ရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
အသက်အရွယ်
သင်အသက်ကြီးလာသောအခါ ပခုံးဆစ်အရွတ်ရောင်ရောဂါဖြစ်ပွား
နိုင်ချေများလာတတ်သည်။ အသက်40ကျော်များတွင် ပခုံးဆစ်အရွတ်ပြဲခြင်း အဖြစ်အများဆုံးဖြစ်သည်။
အချို့သောအားကစားများ
လက်မောင်းအားထပ်ကာထပ်ကာ
လှုပ်ရှားအသုံးပြုနေရသည့် အားကစားသမားများ ဥပမာ ဘေ့ဘောသမားများ၊မြှားသမားများနှင့် တန်းနစ်
သမားများသည် ပခုံးဆစ်အရွတ်ရောင်ရောဂါပိုမိုဖြစ်ပွားနိုင်သည်။
ဆောက်လုပ်ရေးလုပ်ငန်းများ
လက်သမားအလုပ်များ(သို့)အိမ်ဆေးသုတ်သည့်အလုပ်များသည်
ဦးခေါင်းအထက်တွင်လက်မောင်းအားထပ်ကာထပ်ကာ
လှုပ်ရှားအသုံးပြုရန်လိုအပ်ပြီး ပခုံးဆစ်အရွတ်အားအချိန်ကြာလာ
သည်နှင့်အမျှထိခိုက်လာနိုင်ပါသည်။
မိသားစုရောဂါရာဇဝင်ရှိခြင်း
ပခုံးဆစ်အရွတ်ရောင်ရောဂါ သည်အချို့သောမျိုးရိုးများတွင် အများ
အားဖြင့်ဖြစ်ပွားသောကြောင့် မျိုးရိုးနှင့်သက်ဆိုင်နေနိုင်သည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သင့်ဆရာဝန်သည် သင့်တွင် ထိုရောဂါဖြစ်ပွားနေသည်ဟု သံသယ
ရှိလာပါက ပခုံးနှင့်လက်မောင်းအား ကြည့်ရှူကိုင်တွယ်စစ်ဆေး
တတ်ပြီး အခြားသောစစ်ဆေးမှုများကိုလည်း ပြုလုပ်ရတတ်သည်။
သင့်တွင် နာကျင်မှုမည်သည့်နေရာတွင် ရှိသည်ကိုလည်း စစ်ဆေး
တတ်သည်။ သင့်ပခုံး၏ လှုပ်ရှားနိုင်မှုပမာဏကို သင့်လက်မောင်း
အားအချို့သောလှုပ်ရှားမှုများပြုလုပ်စေခြင်းဖြင့် သင့်ဆရာဝန်မှ စစ်
ဆေးတတ်သည်။ ဆရာဝန်၏လက်ကို သင့်လက်မောင်းမှ တွန်းခြင်းဖိခြင်းပြုလုပ်စေ၍လည်း သင့်ပခုံးဆစ်၏သန်မာမှုကို စစ်ဆေးတတ်သည်။ ပခုံးဆစ်အရွတ်ရောင်ရောဂါတွင်ဖြစ်ပွားတတ်သည့် ရောဂါလက္ခဏာများနှင့် ဆင်တူသောလက္ခဏာများပြတတ်သည့် အာရုံကြောထိခိုက်ခြင်း(သို့)အဆစ်ရောင်နေခြင်းတို့ရှိမရှိကိုသိရှိ
စေရန်လည်း သင့်လည်ပင်းအားစစ်ဆေးတတ်သည်။ သင့်တွင်အရိုး
ပွခြင်းရှိမရှိကိုစစ်ဆေးရန်ဓါတ်မှန်လည်းရိုက်ရတတ်သည်။ အယ်ထ
ရာဆောင်း(သို့)သံလိုက်ဓါတ်မှန်ရိုက်၍လည်း ပခုံးဆစ်အရွတ်တွင်
ရောင်ရမ်းမှုနှင့် ပြဲထွက်ထိခိုက်နေခြင်းရှိမရှိကိုလည်း စစ်ဆေးရတတ်သည်။
ပခုံးဆစ်အရွတ်ရောင်ရောဂါဝေဒနာရှင်အများစုသည် ပခုံး၏လှုပ်ရှား
မှုအပြည့်အဝကို ကုသမှုအပြီးတွင် မည်သည့်နာကျင်ကိုက်ခဲမှုမှ မရှိ
ပဲပြန်လည်ရရှိနိုင်သည်။ ပခုံးဆစ်အရွတ်ရောင်ရောဂါ၏အစောပိုင်းကုသမှုရည်ရွယ်ချက်မှာ အနာကျက်စေရန် နာကျင်မှုနှင့်ရောင်ရမ်း
မှုကို သက်သာအောင်ပြုလုပ်ခြင်းဖြစ်သည်။ ထိုသို့ကုသရာတွင်
အိုင်ဘူပရိုဖန်နှင့် နာပရိုဇန်ကဲ့သို့သော ဆေးများကို
သောက်သုံးခြင်း
အပိုဆောင်းကုသမှုများတွင်
ကာယပိုင်းဆိုင်ရာကုသမှု
သင့်ဆရာဝန်သည် ကာယကုသမှုကျွမ်းကျင်ဆရာဝန်ထံသို့သင့်
အားလွှဲပေးတတ်သည်။ ကာယလေ့ကျင့်ကုသမှုတွင် အနာသက်သာ၍ လှုပ်ရှားနိုင်မှုပမာဏကို ပြန်လည် ရရှိနိုင်ရန် ဆန့်တန့်ခြင်းနှင့်အခြားသော မိမိမှ အားမထုတ်ရသည့် လေ့ကျင့်
ခန်းများအစောပိုင်းတွင် ပါဝင်တတ်သည်။ နာကျင်မှုသက်သာအောင်
ပြုလုပ်ပြီးသည်နှင့် သင့်ကာယလေ့ကျင့်ကျွမ်းကျင်ဆရာဝန်သည် သင့်လက်မောင်းနှင့်ပခုံးသန်မာမှုအားအထောက်အကူပြုသည့် လေ့
ကျင့်ခန်းများကို သင့်အားသင်ပေးတတ်သည်။
စတီးရွိုက်ဆေးများ
ပခုံးဆစ်အရွတ်ရောင်ရောဂါအား အထက်ပါကုသမှုများနှင့် သက်သာအောင်ပြုလုပ်မပေးနိုင်ပါက သင့်ဆရာဝန်သည် စတီးရွိုက်ဆေးထိုးသွင်းပေးတတ်သည်။ သင့်၏ဖြစ်ပွားသည့်အရွတ်တွင်းသို့ထိုးသွင်းကား ရောင်ရမ်းမှုနှင့် နာကျင်ကိုက်ခဲမှုကို သက်
သာစေသည်။
ခွဲစိတ်ကုသခြင်း
အထက်ပါကုသမှုများသည် မအောင်မြင်ပါက သင့်ဆရာဝန်သည်
ခွဲစိတ်ရန် အကြံပေးတတ်သည်။ ပခုံးဆစ်အရွတ်အား ခွဲစိတ်ကုသပြီး
သောအခါ ဝေဒနာရှင်အများစုသည် အပြည့်အဝပြန်လည်ကောင်း
မွန်သွားကြသည်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပခုံးဆစ်အရွတ်ရောင်ရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
ထပ်ကာ မြှောက်၍လှုပ်ရှားမှုအား ရှောင်ကြဉ်ခြင်း
ရှောင်ကြဉ်ခြင်း
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။