backup og meta

Orthotics (ခြေစွပ်တွေ) ဟာ သင့်ရဲ့ ခြေမအောက်ခြေက အရိုးဘုလုံး( bunions) ကို ဘယ်လို ဖြေရှင်းပေးတာလဲ

Orthotics (ခြေစွပ်တွေ) ဟာ သင့်ရဲ့ ခြေမအောက်ခြေက အရိုးဘုလုံး( bunions) ကို ဘယ်လို ဖြေရှင်းပေးတာလဲ

Bunions ဆိုတာ ခြေမအောက်ခြေမှာရှိတဲ့ အဆစ်ပေါ်က ဘုလုံးကြီးပါ။ Bunion ဟာဆိုးရွားလာလွန်းမှနဲ့ သိသိသာသာနာကျင်လာတဲ့အခါ၊ သင့်ကို မသက်မသာဖြစ်စေလွန်းတဲ့အခါတွေမှသာ ကုသမှုခံယူဖို့လိုပါတယ်။ Orthotics ဆိုတာကတော့ Bunion ကြောင့်ဖြစ်တဲ့ မသက်မသာဖြစ်မှုတွေနဲ့ နာကျင်မှုတွေကို သက်သာစေတဲ့ ခွဲစိတ်စရာမလိုတဲ့ ကုသမှုတစ်ခုပါပဲ။

Orthotic ဆိုတာဘာလဲ။

Orthotics ကို ဖိနပ်အတွင်းခံပြားလို့သိကြသလို ဒါတွေဟာ ရှူးဖိနပ်တွေရဲ့ အတွင်းဘက်မှာထားရတဲ့ Buions တွေအတွက် ပစ္စည်းတစ်မျိုးပါ။ Bunions ဖြစ်နေသူတွေ ရွေးချယ်နိုင်ဖို့ orthotics တွေအများကြီးရှိပါတယ်။ အပြင်မှာ အလွယ်တကူဝယ်လို့ရနိုင်သလို သင့်ခြေထောက်ပေါ်မူတည်ပြီး သီးသန့်ပြုလုပ်ခိုင်းလို့လည်းရပါတယ်။ ဒါကတော့ သင်တို့ တစ်ဦးချင်းစီရဲ့ အခြေအနေတွေနဲ့ Bunion ရဲ့ ပြင်းထန်မှုတွေပေါ် မူတည်နေပါတယ်။

Orthotics တွေက ဘယ်လို အထောက်အကူဖြစ်သလဲ။

Orthotics တွေကို အများအားဖြင့်တော့ ခြေဖဝါးပေါ်က ခြေမအဆစ်နောက်မှာ ထားလေ့ရှိပါတယ်။ သူတို့တွေဟာ ခြေမပေါ်က ဖိအားတွေကို ဖယ်ရှားပေးနိုင်ပြီး လူတွေလမ်းလျှောက်တဲ့အခါ ခန္ဓါကိုယ်က အလေးချိန်ကို ပြန်ချိန်ညှိပေးပါတယ်။

ဒီခြေစွပ်ဟာ ပုံမှန်မဖြစ်နေတဲ့ ခန္ဓါကိုယ်ယန္တရားရဲ့ အလုပ်လုပ်ပုံတွေကို ပြန်ပြင်ပေးနိုင်ပြီး ဒါကြောင့်ပဲ နာကျင်မှုတွေကို လျှော့ချပေးလို့ ပိုပြီးကောင်းမွန်တဲ့ အနေအထားရလာအောင် ထောက်ပံ့ပေးနိုင်ပါတယ်။ ခြေထောက်ပုံပျက်မှုကို ကာကွယ်ပေးနိုင်ပြီး ခြေထောက်ရဲ့ ဇီဝယန္တရားအလုပ်လုပ်ပုံအားလုံးကို တိုးတက်လာစေနိုင်ပါတယ်။

Orthotics က ဘယ်လိုကူညီပေးသလဲ။

လေ့လာမှုတစ်ခုကတော့ ခြေမအဆစ်နာကျင်မှုတွေနဲ့ bunion တွေကို အကောင်းဆုံးသက်သာသွားစေနိုင်ဖို့အတွက် Orthotic တစ်ခုဟာ ကြမ်းနဲ့ထိတွေ့နေရတဲ့ metatarsalအရိုးရဲ့ အနေအထား (ထောင့်)ကို အရင်ဆုံး ထောက်ပံ့ရပါတယ်။ Orthotics တွေဟာ သင့်ခြေထောက်ကို မှန်ကန်တဲ့ အနေအထားဖြစ်စေပြီး Bunions တွေနဲ့ နာကျင်မှုတွေကိုဖြစ်စေတဲ့ ခြေမအဆစ်က ဖိအားတွေကို လျှော့ချပေးတာပါတယ်။

အကောင်းဆုံးရလဒ်ကို ရရှိနိုင်ဖို့ Orthotics တွေဟာ သင့်ခြေဖဝါးအကွေးကို တင်းတင်းကြပ်ကြပ်စည်းထားရမှာဖြစ်ပြီး ဒါမှသာ မြေပြင်က သင့်ရဲ့ ပထမ metatarsal အရိုးကို ပြန်လည်တွန်းကန်တာကို ကာကွယ်ပေးထားနိုင်မှာပါ။ ဒီလိုတင်းတင်းကြပ်ကြပ်စည်းထားတဲ့ Orthotics တွေကိုတော့ “total contact orthotics” လို့ခေါ်တတ်ကြပါတယ်။ တကယ်လို့များ Orthotics တွေရဲ့ တင်းကြပ်မှုက မလုံလောက်ခဲ့ဘူးဆိုရင် ခြေဖဝါးဟာ ပြားနေမှာဖြစ်ပြီး orthotics ကို ထိနေပါလိမ့်မယ်။

ဒါက first metatarsl အရိုးအောက်မှာ ဖိအားတွေကိုဖြစ်စေပြီး ရှေ့ကို လမ်းလျှောက်လိုက်တိုင်း ခြေမအဆစ်ပေါ်က ဖိအားတွေကို တိုးလာစေပါလိမ့်မယ်။

Orthotics အမျိုးအစားများ

Bunion ရှိတဲ့ လူတွေဟာ Bunion splints တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ ဒါတွေကိုတော့ ခြေထောက်အပေါ်ပိုင်းမှာစွပ်ရပြီး ခြေမကို သူ့ရဲ့ အလိုင်းမန့်ဖြောင့်အောင် ညီအောင် ကူညီပေးရတာပါ။ Splints တွေကိုတော့ နေ့ရော ညပါသုံးနိုင်ပါတယ်။

Toe spacers တွေကလည်း bunions ကြောင့်ဖြစ်တဲ့ နာကျင်မှုတွေကို လျော့နည်းစေတယ်လို့ယုံကြည်ကြပါတယ်။ ဒါပေမဲ့ toe spacers သို့မဟုတ် အခြားသော Orthotics တွေကို အသုံးပြုမှုမှာတော့ အကန့်အသတ်ရှိနေပါတယ် ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ Bunions တွေနဲ့ ထိတွေ့နေဖို့ဆိုတာ ရှူးဖိနပ်အတွင်းက ကန့်သတ်ထားတဲ့ နေရာတွေမှာပဲ ဖြစ်နိုင်တာ မဟုတ်လား။

လူတွေဟာ နာကျင်မှုတွေကိုလျှော့ချပေးပြီး ခြေထောက်တွေကို အထောက်အကူပြုစေနိုင်တဲ့အပြင် ဝတ်ရတာလည်း သက်တောင့်သက်သာရှိတဲ့ Orthotics အစုံကို ရှာဖွေဖို့ တော်တော်ခက်ခဲတတ်ကြပါတယ်။ Orthotics တွေ သင့်လျော်မှန်ကန်ဖို့ဆိုတာကလည်း သိပ်ကိုအရေးကြီးလှတာကြောင့် ခြေထောက်ပြဿနာတွေနဲ့ ခြေထောက်ရောဂါတွေအတွက် ရောဂါရှာဖွေကုသတဲ့နေရာမှာ အထူးကျွမ်းကျင်တဲ့ Podiatristsတွေကို မေးမြန်းလို့ သင့်အတွက် အကောင်းဆုံးအဖြေကို ရွေးချယ်သင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Bunion – Treatment. http://www.nhs.uk/Conditions/Bunion/Pages/Treatment.aspx.

Accessed in February 18, 2017.

  1. The Best Orthotics for Bunions and Big Toe Joint Pain. https://www.footankle.com/orthotics/condition/bunions-big-toe-pain/. Accessed in February 18, 2017.

ယခုပုံစံ

07/01/2022

Wathun Myat Chal မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ



Wathun Myat Chal မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement