backup og meta

လည်ပင်းကျီးပေါင်း က ခေါင်းကိုက်ခြင်းကို ဘယ်လို ဖြစ်စေသလဲ

လည်ပင်းကျီးပေါင်း က ခေါင်းကိုက်ခြင်းကို ဘယ်လို ဖြစ်စေသလဲ

လည်ပင်းကျီးပေါင်း (Cervical spondylosis)  ရှိတဲ့ လူတော်တော်များများမှာ သိသာတဲ့ ရောဂါလက္ခဏာ မပြကြပါဘူး။ တကယ်လို့ ပေါ်လာခဲ့ရင်လည်း မပြင်းထန်တဲ့အဆင့်မှ အလွန်ပြင်းထန်တဲ့အဆင့်ထိ ရှိပါတယ်။ တဖြည်းဖြည်းပေါ်လာတာရှိသလို ရုတ်တရက်ပေါ်လာတာမျိုးလဲ ရှိပါတယ်။ Cervical spondylosis နဲ့ တွဲမြင်တဲ့ လူသိနည်းသော တခြား ရောဂါလက္ခဏာတစ်ခုက suboccipital headacheလို့ ခေါ်တဲ့ ခေါင်းကိုက်ခြင်း ဖြစ်ပါတယ်။

လည်ပင်းကျီးပေါင်း ကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း

Cervical spondylosis က ခေါင်းကိုက်ခြင်းအတွက် ဖြစ်နေကျ၊ အရေးကြီးတဲ့ အကြောင်းအရာတစ်ခုပါ။ လူလတ်ပိုင်းအရွယ်ကနေ နောက်ပိုင်းမှာ ဖြစ်တတ်ပါတယ်။

Spondylotic headache မှာ သိသာထင်ရှားတဲ့ လက္ခဏာတွေ ရှိပါတယ်။ တစ်ခါလောက် ရင်းနှီးသွားရင် နောက်ကို ရောဂါခွဲရတာ လွယ်သွားပါတယ်။ သူက နောက်စေ့တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးရဲ့ အနောက်မှာ ဖြစ်တတ်ပါတယ်။

အနောက်ဖက်အခြမ်း မပါတဲ့ ခေါင်းကိုက်ခြင်းက spondylosis ကြောင့်ဖြစ်တာလို့ ပြောရခက်ပါတယ်။ တစ်ခါတလေ တစ်ဖက်တည်းဖြစ်တဲ့အခါ နဖူး သို့မဟုတ် တူညီတဲ့ဖက်က မျက်လုံးဆီသို့ ပြန့်နှံ့သွားတတ်ပါတယ်။

အဖြစ်နည်းပေမယ့်လည်း ခန္ဓာကိုယ်အလယ်ပိုင်းကျောရိုးတလျှောက်မှာလည်း သက်ရောက်မှု ရှိတတ်ပါတယ်။ ကျော၊ လည်ပင်းကစတဲ့ နာကျင်မှုက ခေါင်းနောက်ပိုင်းနဲ့ မျက်လုံးတွေဆီ ပြန့်နှံ့သွားတာက မဖြစ်တတ်တာ မဟုတ်ပါဘူး။ အလားတူ ဖြစ်ရပ်တွေမှာ နာကျင်မှုဟာ တူညီတဲ့ဖက်ရဲ့ လက်မောင်းတွေမှာပါ ခံစားရစေပါတယ်။

နာကျင်မှုက တဆစ်ဆစ်နဲ့ စိတ်ရှုပ်စေတဲ့ ပုံစံပါ။

Cervical spondylosis ခေါင်းကိုက်မှုက ဘယ်လို ဖြစ်ပေါ်လာတာလဲ။

ဒီမေးခွန်းရဲ့ အဖြေကိုရှာဖို့ အဆင်ပြေဆုံးအဖြေကတော့ ဇက်နေရာကို ဓာတ်မှန်ရိုက်ပြီး အပြောင်းအလဲ ရှိမရှိ ရှာဖွေရမှာပါ။ အဲ့ဒီပြောင်းလဲမှုတွေက ခေါင်းကိုက်မှု ခံစားနေရတဲ့ လူနာတွေမှာသာ ရှိပြီး မခံစားရတဲ့ သူတွေမှာ မရှိပါဘူး။

ဒီ cervical spine ကို ဓာတ်မှန်ရိုက်ပြီး စစ်ဆေးတာက တခါတလေမှာ apophysial joint ရဲ့ အခြေအနေကို ပြည့်ပြည့်စုံစုံ မပေးနိုင်ပါဘူး။ Intervertebral (အရိုးအဆစ်ကြား) disk တွေနဲ့လည်း ဆက်စပ်နေတဲ့အတွက် ခေါင်းကိုက်ခြင်းက disk ဒဏ်ရာကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ခေါင်းကိုက်မှု ခံစားရတဲ့သူနဲ့ မခံစားရတဲ့သူတို့ရဲ့ ဓာတ်မှန်တွေကို နှိုင်းယှဉ်လေ့လာကြည့်တဲ့အခါ ခေါင်းကိုက်တဲ့သူတွေမှာ ထူးခြားတဲ့ အနေအထားတွေ တွေ့ရပါတယ်။ Apophysial joint နဲ့ cervical spine အထက်ပိုင်းတို့ရဲ့ ပြောင်းလဲမှုတွေ ပါဝင်ပါတယ်။ ပိုပြီးတိကျတဲ့ ကောက်ချက်ချဖို့ဆိုရင် apophysial joint ရဲ့ကိစ္စတွေကို စနစ်တကျ လေ့လာဖို့ လိုအပ်ပါတယ်။

တကယ်လို့ ခေါင်းကိုက်ခြင်းက cervical spine အပေါ်ပိုင်းမှာရှိတဲ့ apophysial arthiritis ကြောင့်လို ဆိုချင်ရင် ဘယ်လိုဖြစ်ရတာလဲလို့ မေးစရာရှိပါတယ်။ အနောက်ပိုင်း အာရုံကြောအမြစ်တွေအပေါ် သက်ရောက်နေတဲ့ ဖိအားကြောင့်လို့ ဆိုရအောင်လည်း သူ့ကြောင့်ဖြစ်တဲ့ လက္ခဏာတွေ မရှိပါဘူး။ ပြီးတော့ နှဖူးနဲ့ မျက်လုံးရဲ့ နာကျင်မှုအတွက် ရှင်းပြဖို့လည်း ခက်ခဲပါတယ်။ အဆစ်တွေကိုယ်တိုင်ကြောင့် သို့မဟုတ် ကြွက်သားအပါအဝင် ပတ်လည်က တစ်သျှူးတွေကြောင့် နာကျင်မှု ခံစားရတယ်လို့ ဆိုနိုင်ပါတယ်။

သင့်ဆရာဝန်က အခြေအနေကို ပြန်အဆင်ပြေအောင် မလုပ်ပေးနိုင်လောက်ပါဘူး။ ဒါပေမယ့် တခါတရံ သင့်နာကျင်မှုနဲ့ သက်တောင့်သက်သာမဖြစ်တာကို အဆင်ပြေအောင် ကူညီပေးမယ့် သမားရိုးကျ ကုသမှုတွေ ညွှန်ကြားပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

LORD BRAIN, D.M., LL.D., D.C.L, et al. SOME UNSOLVED PROBLEMS OF CERVICAL SPONDYLOSIS. British Medical Journal. 1963. 771

Diagnosis and Management of Cervical Spondylosis Clinical Presentation. http://emedicine.medscape.com/article/1144952-clinical. Accessed 15 November.

ယခုပုံစံ

23/01/2023

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 23/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement