backup og meta

Degenerative disc disease (အရွတ်ပြားပျက်သုဉ်းခြင်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Degenerative disc disease (အရွတ်ပြားပျက်သုဉ်းခြင်းရောဂါ) ကဘာလဲ။

Degenerative disc disease ဆိုတာ ရောဂါ အစစ်တစ်ခု မဟုတ်ပါ။ အသက်ကြီးလာသည်နှင့် အမျှ သင့်ရဲ့ ကျောရိုးများကြားရှိ အရွတ်ပြားများ တွင် ခံစားရမည့် သာမာန်ပြောင်းလဲမှုများ ပဲဖြစ်ပါတယ်။

အသက်ကြီးလာသည်နှင့်အမျှ ကျောရိုးများကြားရှိ အရွတ်ပြားများသည် ရေဓါတ်နည်းပါးလာပြီး ပါးလာကာ ကျောရိုးနှစ်ခုကို ပူးသွားစေပါတယ်။ ထိုအခါ ကျောရိုးရှိ အာရုံကြောများ ဖြတ်သန်းရာ အပေါက်များ ပါကျဉ်းသွားကာ အထူးသဖြင့် သင်လမ်းလျှောက်စဉ်၊ ပြေးစဉ်၊ ခုန်စဉ်တွင် ထိုအရွတ်ပြားက ကောင်းကောင်း မထိန်းထားနိုင်တော့ပေ။

ဒီအခြေအနေဟာ ကျောရိုးတစ်လျှောက် အဆစ်မရွေးမှာ ဖြစ်နိုင်ပါတယ်။ ခါးရိုးပိုင်း နဲ့ လည်ပင်းပိုင်း အရွတ်များမှာ အဖြစ်များပါတယ်။

ထိုသို့ဖြစ်ပါက

-လည်ပင်း/ခါး နာခြင်း

-အဆစ်များကြား ရှိ အရိုးနုများပါ ပါးလာကာ အရိုးနဲ့ အဆစ်များရောင်ရမ်းခြင်း

-ကျောရိုး အရွတ်ပြား ကျွံထွက်လာခြင်း

-အာရုံကြောမကြီး နေရာ ကျဉ်းလာခြင်း

ထိုအခြေအနေများဟာ အာရုံကြောမကြီး နှင့် အာရုံကြောများပေါ် ဖိအားသက်ရောက်ကာ နာကျင်မှုကို ဖြစ်စေသည့်အပြင် အာရုံကြောလုပ်ငန်းကိုလည်း အနှောက်အယှက်ဖြစ်စေပါတယ်

Degenerative disc disease (အရွတ်ပြားပျက်သုဉ်းခြင်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Degenerative disc disease (အရွတ်ပြားပျက်သုဉ်းခြင်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Degenerative disc disease ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

-နောက်ကျော/ခါး/လည်ပင်း နာကျင်ကိုက်ခဲခြင်း (တစ်ဦးနှင့် တစ်ဦးမတူပါ)။ အရွတ်ပြား ပါးသော ပမာဏချင်းတူသော်လည်း လူအများစုတွင် နာကျင်မှုမရှိဘဲ အချို့တွင် နေ့စဉ် လုပ်ငန်းများမလုပ်နိုင်သည် အထိ ပြင်းထန်စွာနာကျင်မှုဖြစ်ပါတယ်။

နာကျင်မှုဟာ ပြသနာဖြစ်သော အရွတ်ပြား၏ တည်နေရာပေါ် မူတည်ပါတယ်။ လည်ပင်းရိုးတွင် ဖြစ်ပါက လည်ပင်းနှင့် လက်မောင်းတို့တွင် နာကျင်မှုဖြစ်ပြီး ခါးရိုးတွင်ဖြစ်ပါက ခါး၊ တင်ပါး နဲ့ ခြေထောက်ပိုင်းတို့တွင် နာကျင်စေပါတယ်။ ကုန်းခြင်း၊ တစ်စုံတစ်ခု လှမ်းယူခြင်း၊ ခါးလှည့်လိုက်ခြင်း စသော လှုပ်ရှားမှုများ လုပ်လျှင် ပိုနာကျင်ပါတယ်။

နာကျင်မှုဟာ ကားအက်ဆီးဒင့်ကဲ့သို့ ကြီးမားသော ထိခိုက်မှု၊ အနိမ့်မှ ပြုတ်ကျခြင်းကဲ့သို့ အသေးစား ထိခိုက်မှု သို့မဟုတ် တစ်စုံတစ်ခု လှမ်းယူခြင်း၊ ခါးလှည့်လိုက်ခြင်း စသော လှုပ်ရှားမှုများ လုပ်ခြင်း တွင် အစပြုပါတယ်။ ဘာအကြောင်းမှ မရှိဘဲနှင့် လည်းရုတ်တရက် နာကျင်တတ်ပါတယ်။ အချိန်ကြာလာတာနှင့် အမျှ ပိုဆိုးလာတတ်ပါတယ်။

အချို့ အခြေအနေများတွင် ခြေထောက် သို့မဟုတ် လက်မောင်းတွင် ထုံကျင်မှုကိုခံစားရစေနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Degenerative disc disease (အရွတ်ပြားပျက်သုဉ်းခြင်းရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အသက်ကြီးလာသည်နှင့် အမျှ ကျေရိုးဆစ်အရွတ်ပြားများ ဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာပါတယ်။ ထိုဆုတ်ယုတ်ခြင်းများဟာ

-အရွတ်ပြားများအတွင်းရှိ ရေဓါတ်ဆုံးရှုံးခြင်း- ထိုသို့ဖြင့် အရွတ်ပြားများ၏ ပတ်ဝန်းကျင်လှုံ့ဆော်မှုဒါဏ်များ ကိုခံနိုင်ရည် နည်းသွားစေပါတယ်။ အရွတ်ပြားများ ပါးလာကာ ကျောရိုးနှစ်ခုကို ပူးသွားစေပါတယ်။

-အရွတ်ပြား၏ အပြင်ဘက်အလွှာ တွင် အက်ကွဲခြင်း- ထိုသို့ဖြင့် အရွတ်ပြားအတွင်းပိုင်းရှိ ဂျယ်လီပုံ nucleus ဟာအပြင်ကို ကျွံထွက်ကာ ကျိုးပဲ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ရုတ်တရက် အမြင့်မှ ပြုတ်ကျခြင်း စသော ထိခိုက်ခြင်းများ ကြောင့်လည်း အရွတ်ပြား ဆုတ်ယုတ်ခြင်း အစပြု နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Degenerative disc disease (အရွတ်ပြားပျက်သုဉ်းခြင်းရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဘယ်အရာတွေက Degenerative disc disease ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Degenerative disc disease ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-

-အသက်အရွယ်ကြီးခြင်း။ အသက် ၂၀ ဝန်းကျင်မှာလည်း စောစီးစွာ အိုမင်းခြင်းဖြစ်စဉ်ကြောင့် ဖြစ်နိုင်ပါတယ်။

-ဆေးလိပ်သောက်ခြင်း

-ထပ်တလဲလဲ ပြင်းထန် အလုပ်လုပ်ခြင်း(အလေးမခြင်း)

-အဝလွန်ခြင်း

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့Degenerative disc disease မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Degenerative disc disease (အရွတ်ပြားပျက်သုဉ်းခြင်းရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ ကိုယ်ခန္ဓါကို စမ်းသပ်စစ်ဆေးခြင်း ။ အထူးသဖြင့် ကျောရိုးနှင့် ခြေ/လက် များ

-သင့်ဆရာဝန်မှ သင့်ခါး မည်မျှ လှုပ်ရှားမှု လုပ်နိုင်သလဲ၊ အာရုံကြောများပါ ထိခိုက်မိနေပြီလား စသည်တို့ကို စမ်းသပ်ပါလိမ့်မယ်။

-ကြွက်သားများ ရဲ့ အားနဲ့ တုံ့ပြန်မှုကို လည်း စမ်းသပ်နိုင်ပါတယ်။

-ရောဂါလက္ခဏာများ မည်သည့်နေရာတွင် ဖြစ်သည်ကို ပုံကို အသုံးပြု၍ ဖြေဆိုရနိုင်ပါတယ်။

-ဓါတ်မှန် သို့မဟုတ် သံလိုက်ဓါတ်မှန် ရိုက်ခြင်းကိုလည်း ပြုလုပ်ခိုင်းတတ်ပါတယ်။

Degenerative disc disease (အရွတ်ပြားပျက်သုဉ်းခြင်းရောဂါ) ကို ဘယ်လိုကုသပါသလဲ

နာကျင်မှု သက်သာစေရန် ရေခဲ သို့မဟုတ် အပူကပ်ခြင်း၊ Paracetamol သို့မဟုတ် အခြားသော steroid မပါသော အကိုက်အခဲပျောက်ဆေးများ သုံးခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။ လိုအပ်ပါက ပိုမို ပြင်းသော ဆေးများကို ဆရာဝန်က ညွှန်ကြားနိုင်ပါတယ်။ ဆေးအညွှန်းများကို သေချာစွာ ဖတ်သင့်ပါတယ်။ အဆစ်များရောင်ခြင်း၊ အရွတ်ပြားကျွံထွက်လာခြင်း၊ အာရုံကြောမ နေရာကျဉ်းခြင်း စသည်တို့ ဖြစ်လာပါက အခြားသော ကုသမှုများ လိုအပ်ပါတယ်။

-ကျောရိုး နှင့် ကြွက်သား ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ လိုနိုင်ပါတယ်။ အချို့အခြေအနေများတွင် ခွဲစိပ်ရနိုင်ပါတယ်။ ခွဲစိပ်ခြင်းဖြင့် ကျွံထွက်နေသော အရွတ်ပြားကို ဖယ်ထုတ်ခြင်းဖြစ်ပါတယ်။ ထို့နောက် အရိုးနှစ်ခုကို အသေပြန်ဆက်ခြင်း သို့မဟုတ် အရွတ်ပြားအတုလုပ်၍ အစားထိုးခြင်းများ ပြန်လုပ်ရပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက့Degenerative disc disease ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်Degenerative disc disease ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

နာကျင်ခြင်းကို သက်သာစေရန်

-ရက်အနည်းငယ်ခန့် အနားယူခြင်း

-နာကျင်မှုကို ဖြစ်စေသော လှုပ်ရှားမှုများကို ရှောင်ကြဉ်ခြင်း

-ပေါ့ပါး၍ မပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ခြင်း(ဆရာဝန် ညွှန်ကြားသည့်အတိုင်း)

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.spineuniverse.com/conditions/degenerative-disc-disease Accessed October 30, 2017
DEGENERATIVE DISC DISEASE http://www.back.com/back-pain/conditions/degenerative-disc-disease/index.htm Accessed October 30, 2017
Degenerative Disc Disease – Topic Overview https://www.webmd.com/back-pain/tc/degenerative-disc-disease-topic-overview#2 Accessed October 30, 2017

ယခုပုံစံ

13/03/2018

Dr.Nyan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 13/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement