backup og meta

Cervical Herniated Disc (လည်ပင်းရိုးဆစ်အရိုးနုပြားကျွံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cervical Herniated Disc (လည်ပင်းရိုးဆစ်အရိုးနုပြားကျွံခြင်း) ကဘာလဲ။

လည်ပင်းကျောရိုးဆစ် နှစ်ခုကြားမှာရှိတဲ့ အရိုးနုချပ်ပြားရဲ့ အလည်အူတိုင် ကျွံထွက်ခြင်းကြောင့်ဖြစ်စေ၊ အရိုးနုချပ်ပြားဆီမှ ချော်ထွက်ခြင်းကြောင့်ဖြစ်စေ ၎င်းနှင့်ကပ်လျက် အာရုံကြောအရင်းပိုင်းကို ဖိမိမယ်ဆိုရင် ဒါကို လည်ပင်းရိုးဆစ် အရိုးနုပြားကျွံခြင်းလို့ ခေါ်ပါတယ်။

Cervical Herniated Disc (လည်ပင်းရိုးဆစ်အရိုးနုပြားကျွံခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အရိုးနုပြားကျွံထွက်ခြင်းဟာ ကျောရိုးမကြီးရဲ့ ဘယ်နေရာမှာမဆို ဖြစ်ပေါ်နိုင်ပြီး လည်ပင်းပိုင်းနဲ့ ခါးအောက်ပိုင်းမှာ အများဆုံးဖြစ်တတ်ပါတယ်။

အသက် ၃၀မှ ၅၀ကြား အုပ်စုတွေမှာ ဖြစ်လေ့ရှိပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Cervical Herniated Disc (လည်ပင်းရိုးဆစ်အရိုးနုပြားကျွံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဒီရောဂါကြောင့် လည်ပင်း၊ ပုခုံး၊ ရင်ဘတ်၊ လက်မောင်းနဲ့ လက်တွေ နာကျင်ခြင်း၊ ထုံခြင်း၊ အားနည်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ ကျွံထွက်တဲ့ လည်ပင်းအရိုးနုပြားက အလွန်ကြီးနေမယ်ဆိုရင်တော့ ခြေထောက်အပါအဝင် ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေ အားနည်းတာ၊ ထူးထူးခြားခြား ကျင်နေတာကို ခံစားရတတ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Cervical Herniated Disc (လည်ပင်းရိုးဆစ်အရိုးနုပြားကျွံခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အရိုးနုပြားကျွံရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ အရိုးနုပြားပျက်စီးယိုယွင်းလာခြင်းပဲ ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီအရိုးနုပြားတွေကို လှုပ်ရှားရလွယ်အောင် ကူညီပေးတဲ့ အရည်တွေ နည်းပါးလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ကျောရိုးမကြီး ထိခိုက်ဒဏ်ရာရခြင်းကြောင့် အရိုးနုပြားရဲ့ အပြင်ဘက်အလွှာ (အခွံ) မှာ ဖြစ်ပေါ်လာတဲ့ သေးငယ်တဲ့ အပေါက်အပြဲ၊ အက်ကွဲကြောင်းတွေကတဆင့် အရိုးနုပြားအတွင်းထဲက နူးကလိယပ်စ်လို့ခေါ်တဲ့ ဂျယ်လီနဲ့တူတဲ့ ပစ္စည်းတစ်မျိုးကို တွန်းထုတ်လိုက်သလိုဖြစ်ပြီး ရလဒ်အနေနဲ့ အရိုးနုပြား ဖောင်းထွက်ခြင်း၊ ပွင့်ထွက်ခြင်း၊ ကွဲကျေထွက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Cervical Herniated Disc (လည်ပင်းရိုးဆစ်အရိုးနုပြားကျွံခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cervical Herniated Disc (လည်ပင်းရိုးဆစ်အရိုးနုပြားကျွံခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ပုံမှန်အားဖြင့် ရောဂါလက္ခဏာ ဖြစ်ပွားမှုရာဇဝင်နဲ့ ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှုတွေကတဆင့် ဒီရောဂါရှိမရှိ အဖြေရှာနိုင်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ လည်ပင်းကျောရိုးဆစ်ထဲမှာရှိတဲ့ အာရုံကြောတွေ ထိခိုက်ခံရမှုကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်ခြင်း၊ ထုံခြင်း စတဲ့လက္ခဏာတွေအကြောင်း မေးမြန်းမှာဖြစ်ပြီး အကယ်၍ လည်ပင်းရိုးဆစ်အရိုးနုပြားကျွံတယ်လို့ သံသယရှိမယ်ဆိုရင်တော့ နောက်ထပ်စစ်ဆေးမှုတွေ မလုပ်ခင်မှာ အနားယူဖို့နဲ့ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းလုပ်ဖို့ အကြံပြုပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ တခြားရောဂါတစ်ခုခုကို သံသယရှိမယ်၊ အနားယူ၊ လေ့ကျင့်ခန်းလုပ်ပြီးတာတောင် မသက်သာဘူးဆိုရင်တော့ ဓါတ်မှန်၊ MRI၊ CT စတဲ့ နောက်ဆက်တွဲစစ်ဆေးမှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။

Cervical Herniated Disc (လည်ပင်းရိုးဆစ်အရိုးနုပြားကျွံခြင်း) ကို ဘယ်လိုကုသပါသလဲ

များသောအားဖြင့် ဒီရောဂါကို အနားယူခြင်း၊ လိုအပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ခြင်း၊ အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးတွေသောက်ခြင်း၊ ဆရာဝန်ညွှန်ကြားတဲ့ လေ့ကျင့်ခန်းတွေလုပ်ခြင်း စသည်ဖြင့် ခွဲစိတ်စရာမလိုတဲ့ နည်းလမ်းတွေနဲ့ ကုသလေ့ရှိပါတယ်။ ကာယကုသပညာရှင်နဲ့ တွေ့ဆုံပြီး လေ့ကျင့်ခန်းလုပ်ဖို့၊ လည်ပင်းပိုင်းကို ကာကွယ်တဲ့နည်းစနစ်တွေ သင်ယူဖို့၊ ခဲဆွဲခြင်းကဲ့သို့ အခြားကုသမှုတွေခံယူဖို့ သင့်ဆရာဝန်က အကြံပြုနိုင်ပါတယ်။ ဒီရောဂါအတွက် ခဲဆွဲနည်းကတော့ လည်ပင်းဆန့်လျက်သားအနေအထားမှာ ဦးခေါင်းကို ငြိမ်နေအောင် ညင်ညင်သာသာ ထိန်းထားပြီး လည်ပင်းကျောရိုးဆစ်တွေကြားက အဆစ်ငယ်လေးတွေကို အနည်းငယ်ဆန့်ထွက်စေခြင်းပဲ ဖြစ်ပါတယ်။ ရောဂါမသက်သာဘူးဆိုရင် သင့်ဆရာဝန်က ကော်တီကိုစတီးရွိုက်ကဲ့သို့ ပိုအားကောင်းတဲ့ဆေးဝါးတွေ ညွှန်ကြားပေးမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ရောဂါလက္ခဏာတွေ ဖြည်းဖြည်းချင်းသက်သာလာမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကျွံထွက်နေတဲ့ အရိုးနုပြားဟာ ဗဟိုအာရုံကြောမကြီး သို့မဟုတ် အာရုံကြောတွေကို ဖိမိတဲ့အတွက် ခြေလက်တွေအားနည်းမယ်၊ အဆက်မပြတ် နာကျင်မယ်၊ ဆီးဝမ်းမထိန်းနိုင်ဖြစ်မယ်ဆိုရင်တော့ ခွဲစိတ်ကုသမှုခံယူဖို့ စဉ်းစားရမှာဖြစ်ပါတယ်။ ရှားရှားပါးပါးဆိုသလို ဖယ်ထုတ်လိုက်တဲ့ အရိုးနုပြားနေရာမှာ အရိုးနုပြားအတု အစားထိုးအသုံးပြုနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လည်ပင်းရိုးဆစ်အရိုးနုပြားကျွံ့ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diagnostic Tests for a Cervical Herniated Disc. https://www.spine-health.com/conditions/herniated-disc/diagnostic-tests-a-cervical-herniated-disc. Accessed October 31, 2017.
Cervical Disc Herniation – Topic Overview. https://www.webmd.com/a-to-z-guides/tc/cervical-disc-herniation-topic-overview. Accessed October 31, 2017.

ယခုပုံစံ

18/12/2019

Hello Sayarwon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement