အရည်အိတ်ရောင်ခြင်း ဆိုသည်မှာ ချောဆီဟု ခေါ် သော အရည်များဖြည့်ထားသော အိတ်များ ရောင်ခြင်း၊ နီရဲ ခြင်းကို ခေါ်ပါသည်။ ချောဆီသည် ပုခုံး၊ တံတောင်ဆစ်၊ တင်ပါးဆုံ၊ ဒူးခေါင်းနှင့် ခြေထောက် ဝန်းကျင်တွင် အများအား ဖြင့် ရှိပါသည်။ ချောဆီသည် အရိုးနှင့် ကြွက် သား၊ အရွတ်၊ အရေပြားစသော ဝန်းကျင်ရှိ အင်္ဂါများကြား တွင် ကြားခံအဖြစ် ဆောင်ရွက်ပေးကာ တစ်ခုနှင့် တစ်ခု လွယ်ကူစွာ လှုပ်ရှားနိုင်စေပါသည်။ အရည်အိတ်ရောင်ခြင်း သည် အရိုးအဆစ်များ မကြာခဏလှုပ်ရှားသောကြောင့် ဖြစ်ပွားပါသည်။ ဖြစ်စေသော အကြောင်းရင်းကို မရပ်တန့် နိုင်ပါက ရောဂါသည် ကုသမှုအပြီး ပြန်ဖြစ်နိုင်ပါသည်။
လူတိုင်းသည် အရည်အိတ်ရောင်ခြင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း အသက်ကြီးသူများတွင် ပို၍ ဖြစ်နိုင်ပါ သည်။ အထူးသဖြင့် ပန်းချီဆရာ၊ ဥယျာဉ်မှူး၊ တေးဂီတ ပညာရှင် စသော အလုပ်တစ်ခုကို အကြိမ်များစွာ ထပ်လုပ် ရသော သူများတွင် ပို၍ ဖြစ်နိုင်ပါသည်။
အရည်အိတ်ရောင်ခြင်း ၏ ရောဂါလက္ခဏာများသည် ရိုးရှင်းပြီး သတိပြုရ လွယ်ပါသည်။ အောက်ပါတို့ ပါဝင် ပါသည်။
အရည်အိတ်ရောင်ခြင်းသည် ပြင်းထန်သော ရောဂါ တစ်ခု မဟုတ်ပါ။ သို့သော် ကောင်းစွာ မကုသပါက ဆိုးရွား လာနိုင်ပါသည်။ အောက်ပါတို့ ဖြစ်ပွားပါက ဆရာဝန်နှင့် ချက်ချင်း ဆက်သွယ်ပါ။
အရိုးအဆစ်များတွင် ပြင်းထန်စွာ တိုက်ရိုက် ဒဏ်ရာ ရခြင်းသည် အရည်အိတ်ရောင်ခြင်းကို ဖြစ်စေသော အကြောင်းရင်းတစ်ခုဖြစ်သည်။ အဆစ်ဒဏ်ရာရခြင်းသည် အားကစား လုပ်ရာတွင် လေးလံသော ပစ္စည်းများ မရာ တွင် သို့မဟုတ် ခြေလက်များ ပို၍အသုံးပြုရသော အလုပ် များ( ကြမ်းတိုက်ခြင်း ကဲ့သို့) တွင် ဖြစ်နိုင်ပါသည်။ လေးဖက်နာရောဂါ၊ ဒူလာရောဂါ၊ သိုင်းရွိုက်ရောဂါ နှင့် ဆီးချိုသွေးချို စသော ရောဂါများသည်လည်း အရည်အိတ် ရောင်ခြင်းကို ဖြစ်စေပါသည်။
အောက်ပါအချက်တို့ရှိပါက အရည်အိတ်ရောင်ခြင်း ပို၍ ဖြစ်နိုင်ပါသည်။
အန္တရာယ်ရှိသောအချက်များမရှိခြင်းသည် ရောဂါမရနိုင် ဟု မဆိုလိုပါ။ ဤအချက်များသည် ကိုးကားချက်သာလျှင် ဖြစ်ပါသည်။ ပိုမိုသော အချက်အလက်များ ရရှိရန် အထူးကု ပါရဂူ နှင့် တိုင်ပင်ဆွေးနွေး သင့်ပါသည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်သည် ဆေးမှတ်တမ်း နှင့် စစ်ဆေးမှုအပေါ် မူ တည်၍ အရည်အိတ်ရောင်ခြင်းကို အတည်ပြုနိုင်ပါသည်။ ဆရာဝန်သည် အောက်ပါ ရောဂါအဖြေရှာခြင်း နည်းလမ်း များကို အသုံးပြုနိုင်ပါသည်။
အရည်အိတ်ရောင်ခြင်း၏ ကုသမှု အချို့မှာ
ရောဂါသည် ကုသအပြီး ၆-၁၂ပတ်ကြာသည်အထိ မပျောက်ပါက ထိခိုက်မှုများကို ပြုပြင်ရန် နှင့် ချောဆီအိတ် တွင် ဖိအားနည်းစေရန် ခွဲစိတ်ကုသခြင်းကို ပြုလုပ်နိုင် သည်။
ရုပ်ပိုင်းဆိုင်ရာကုထုံးဆရာဝန်၊ အလုပ်အကိုင်ပိုင်း ဆိုင်ရာ ကုထုံးဆရာဝန် နှင့် အားကစားနည်းပြ များသည် အရေအိတ်ရောင်ခြင်းကို ထိခိုက်မှုနည်းစေပြီး ပုံမှန် လုပ်ငန်း ဆောင်တာများကို ပြန်လည်လုပ်ကိုင်နိုင်စေရန် ကူညီပေးနိုင်ပါသည်။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အရည်အိတ်ရောင်ခြင်း ကို ထိန်းချုပ်နိုင် ပါသည်။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။