backup og meta

အဆစ်တွေ ကျန်းမာသန်စွမ်းအောင် ဘယ်လိုလုပ်ရမလဲ။


Dr. Khin Yin Kyay မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆစ်တွေ ကျန်းမာသန်စွမ်းအောင် ဘယ်လိုလုပ်ရမလဲ။

    သင့်မှာ အဆစ်နဲ့ ဆိုင်တဲ့ရောဂါ ပြဿနာတွေဖြစ်လာတဲ့ အခါ သင်ကြိုက်နှစ်သက်တဲ့ ကိုယ်လက်လှုပ်ရှားမှု အားကစားတွေကို မလုပ်ဆောင်နိုင်တော့ပဲ ကန့်သတ်ခြင်း ခံနေရသလို ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့ အဆစ်တွေဟာ တောင့်တင်းပြီး အလွန်နာကျင်တဲ့ ဝေဒနာ ခံစားရလာနိုင်ပါတယ်။ သင့်ရဲ့အဆစ်တွေ ကျန်းမာ သန်စွမ်းဖို့အတွက် နှင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းမှ ရှောင်ရှားနိုင်ရန် သင်ပြုလုပ်ရမယ့် အရာများစွာ ရှိပါတယ်။ အဆစ်တွေကျန်းမာ သန်စွမ်းလာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လေ့လာ ကြည့်ကြရအောင်။

    အဆစ်တွေကို ဘာတွေနဲ့ ဖွဲ့စည်းထားသလဲ။

    အဆစ်တစ်ခုဆိုတာ အရိုးနှစ်ခုအတူတကွ ဆက်သွယ်ထားတဲ့နေရာကို ခေါ်ပါတယ်။ သင့်ရဲ့ ဒူးခေါင်း၊ တင်ပါးနှင့် ပုခုံးတွေမှာ အဆစ်တွေရှိပါတယ်။ အရွတ်တွေ၊ ကြွက်သားတွေနှင့် အရိုးနုတွေဟာ အတူတကွ အရိုးမှာလာပြီး တွယ်ထားကာ သင့် အရိုးတွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုပြီး ချောမွေ့အောင် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ သင့်ရဲ့ အဆစ်တွေမှာ ဒဏ်ရာ ရပါက လှုပ်ရှားမှုတွေလည်း ခက်ခဲလာနိုင်ပါတယ်။ အဆစ်တွေဒဏ်ရာ ရရှိခြင်းဟာ ဘယ်သူမှာမဆို ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ကိုယ်လက်လှုပ်ရှားမှုများစွာဟာ အဆစ်တွေ ထိခိုက်မှု အန္တရာယ်ကို မြင့်မားစေနိုင်ပါတယ်။ သင်ဟာ အသက်ကြီးလာလေလေ အရိုးနုတွေဟာလည်း စပြီးပျက်စီးလွယ်လာကာ ကြမ်းတမ်းလာပါတယ်။ ဒီလိုအရိုးနုတွေ ပျက်စီးခြင်း အချိန်ကြာလာတဲ့ အခါမှာ အရိုးအဆစ်ရောင်ရမ်းခြင်းဆိုတာ ဖြစ်လာပါတယ်။

    အဆစ်တွေ ကျန်းမာ သန်စွမ်းဖို့အတွက် သင်ဟာ ဘာတွေလုပ်ဖို့ လိုအပ်သလဲ။

    သင့်ရဲ့ အဆစ်တွေ ကျန်းမာ သန်စွမ်းဖို့ရာ ကူညီပေးနိုင်မယ့် နည်းလမ်းအချို့ကို အောက်မှာ ဖော်ပြပေးထားပါ။

    • သင့်ရဲ့ အဆစ်တွေကို အန္တရာယ်ကင်းနေပါစေ။

    သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းဟာ စကိတ်စီးခြင်း ကဲ့သို့ထပ်ခါတလဲလဲ လှုပ်ရှားပြုမူရတဲ့ အားကစားတွေ သို့မဟုတ် အထိအခိုက်များသော အားကစားဖြစ်တဲ့ ဘောလုံးကန်ခြင်းကဲ့သို့သော အားကစားကို ပြုလုပ်တဲ့ အခါမှာ သင်ဟာလည်း ပါဝင်ချင်တယ် ဆိုရင်တော့ အကာအကွယ် အခုအခံ (ဥပမာ-ဒူးစွပ်) တွေကို ဝတ်ဆင်သုံးစွဲပြီး သင့်ကို ထိခိုက်မှု မဖြစ်စေအောင် အရင်လုပ်ဖို့ စဉ်းစားသင့်ပါတယ်။ သင့်ရဲ့ အဆစ်တွေကို ကာကွယ်ပေးနိုင်အောင် ကူညီပေးမယ့် အကာအကွယ်ပစ္စည်းတွေ ဝတ်ဆင်ခြင်း၊ ဒူးကာကဲ့သို့သော အကာအကွယ် ပစ္စည်းတွေ ဝတ်ဆင်ခြင်းဖြင့် သင့်ကို အကူအညီဖြစ်စေနိုင်ပါတယ်။

    • လေ့ကျင့်ခန်း မလုပ်ခင် သွေးပူ လေ့ကျင့်ခန်း အရင်လုပ်ပါ။

    ကျွမ်းကျင် အားကစားသမား အတော်များများနဲ့ဆရာဝန်များက လေ့ကျင့်ခန်း မလုပ်ခင် သွေးပူလေ့ကျင့်ခန်းကိုမလုပ်ပဲ ကျော်ပစ်ခြင်း မပြု ဖို့ရာ သတိပေးလေ့ရှိပါတယ်။ လေ့ကျင့်ခန်း မလုပ်ခင် သင့်ရဲ့ ခန္ဓါကိုယ်ကို သွေးပူလေ့ကျင့်ခန်း လုပ်ပေးခြင်းဟာ လှုပ်ရှားမှုတွေကို ပိုပြီး ချောမွေ့စေရန် အတွက်ဖြစ်ပါတယ်။ လေ့ကျင့်ခန်း မလုပ်ခင် ၅မိနစ် ကနေ ၁၀ မိနစ် လောက် ပုံမှန် သွေးပူလေ့ကျင့်ခန်းကို လုပ်ပေးဖို့ရာ အချိန်ယူသင့်ပါတယ်။

    • အချိန်အကြာကြီး ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းများကို မပြုလုပ်ပါနဲ့။

    တစ်နေ့လုံး အချိန်အကြာကြီး ထိုင်ခြင်း သို့မဟုတ် မတ်တပ်ရပ်ခြင်းအားဖြင့် သင့်ရဲ့ ခြေထောက် အရိုးအဆစ်တွေကို အန္တရာယ် ပေးနိုင်ပါတယ်။ အချိန်အကြာကြီးထိုင်ခြင်း သို့မဟုတ် မတ်တပ်ရပ်ခြင်းအားဖြင့် သင့်ရဲ့ အဆစ်တွေဟာ နေရာတစ်နေရာတည်းမှာပဲ ပုံသေကြီးနေရသလို ဖြစ်သွားပါတယ်။ အချိန်အကြာကြီး ထိုင်ခြင်းအားဖြင့် သင့်ရဲ့ ကျောရိုးနှင့် တင်ပါးဆုံရိုးတွေကို ဖိအားအလွန်ပေးပါလိမ့်မယ်။ အချိန်အကြာကြီး မတ်တပ်ရပ်နေစဉ်မှာတော့ သင့်ရဲ့ တင်ပါးဆုံရိုးတွေ၊ ဒူးခေါင်းရိုးတွေ၊ ခြေချင်းဝတ်နှင့် ခြေထောက်အဆစ်တွေမှာ ထိခိုက်လာပါလိမ့်မယ်။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ အဆစ်တွေမှာ ရှိတဲ့ ပုံမှန်ချောဆီပြန်ဖြည့်တဲ့ ဖြစ်စဉ် နှင့် အဆစ်များ ဒဏ်ရာရလျော့နည်းစေတဲ့ ဖြစ်စဉ်တွေကို လျော့ချပစ်လိုက်ကာ ၎င်းတို့ကို ပျက်စီး ထိခိုက်သွားစေနိုင်ပါတယ်။

  • ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းပေးထားပါ။

  • ကျန်းမာရေးနှင့် ညီညွတ်တဲ့ ကိုယ်အလေးချိန်မှာ ရှိနေခြင်းဟာ သင့်ကို ပိုကြည့်ကောင်းလာစေရုံသာမကပဲ သင့်ရဲ့ အဆစ်တွေမှာရှိတဲ့ ဖိအား ကိုလည်း လျော့ကျစေပါတယ်။ သင့်ရဲ့ ကိုယ်အလေးချိန်ဟာ တစ် ကီလိုဂရမ် တိုးလာတိုင်း တိုးလာတိုင်းမှာ သင့်ရဲ့ အဆစ်တွေပေါ်မှာလည်း ဖိအားတွေ ပိုမိုတိုးလာတယ်ဆိုတာကို သိရပါမယ်။ တကယ်လို့ သင်ဟာ အဝလွန်နေသူ ဆိုရင် ကိုယ်အလေးချိန် လျှော့ချပစ်လိုက်ခြင်းဟာ သင့်ရဲ့ အဆစ်နာကျင်ခြင်း ဝေဒနာတွေကို လျော့ကျသက်သာစေပြီး ပိုပြီး လှုပ်ရှားရတာ လွယ်ကူလာပါလိမ့်မယ်။ သင့်ရဲ့ ကိုယ်အလေးချိန်ဟာ တစ် ကီလိုဂရမ် လျော့ကျသွားတိုင်းမှာ ဒူးခေါင်းရဲ့ အရိုးအဆစ်ရောင်ရမ်းခြင်း အန္တရာယ်ဟာလည်း ၅၀ ရာခိုင်နှုန်းလောက် လျော့ကျသွားစေနိုင်တယ်လို့ သုသေတန တွေ့ရှိချက်များက ဖော်ပြပါတယ်။

    • သန်မာသော အရိုးတွေကို တည်ဆောက်ပါ။

    သင့်ရဲ့ အဆစ်တွေကျန်းမာ သန်စွမ်းခြင်း မြှင့်တင်ဖို့ရာအတွက် ကယ်လ်စီယမ်ဓါတ်နှင့် ဗီတာမင်ဒီဓါတ် ဟာလည်း အရေးကြီးတဲ့ အခန်းကနေပါဝင်တယ်ဆိုတာကိုလည်း မမေ့ပါနဲ့။ သတ္တုဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေဟာ သင့်ရဲ့အရိုးတွေပိုပြီး ကျန်းမာသန်စွမ်းစေပြီး အရိုးပါးခြင်း၊ အရိုးပွခြင်း အန္တရာယ်မှ လျှော့ချပေးတယ်ဆိုတာကို သိရပါမယ်။ အဆိုပါသတ္တု ဓါတ်တွေကို ရရှိဖို့ရာ မခက်ခဲပါဘူး။ သင်ဟာ ကယ်လ်ဆီယမ်ဓါတ်နှင့် ဗီတာမင်ဒီ ဓါတ်တွေကို နို့ထွက်ပစ္စည်း၊ ဒိန်ချဉ်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လံ၊ ငါးအမျိုးမျိုး၊ ဆော်လမွန်ငါး၊ သဖန်းသီး စတာတွေကနေ ရနိုင်ပါတယ်။ သင်ဟာ ဆရာဝန်ထံမှ ညွှန်ကြားချက်နဲ့ ကယ်လ်စီယမ်ဓါတ်ပါသော အားဖြည့်ဆေးတွေကိုလည်း ရနိုင်ပါတယ်။

    • ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားသုံးပါ။

    လတ်ဆတ်တဲ့ အသီးအရွက်တွေနဲ့ အသီးအနှံတွေကို စားသုံးပေးပါ။ ၎င်းတို့ကို သင့်ရဲ့ နေ့စဉ် အစားအသောက်တွေမှာ ထည့်စားသောက်ပေးခြင်း အားဖြင့် အာဟာရဓါတ် အမျိုးမျိုးကို သင့်ခန္ဓါကိုယ်က စုပ်ယူနိုင်အောင် လုပ်ပေးတဲ့အကောင်းဆုံးသော နည်းလမ်းဖြစ်ပါတယ်။ သင်စားမယ့် အစားအသောက်တွေထဲမှာ တရုတ်နံနံ ၊မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်းအရွက်များ၊ ငရုတ်ပွကို ပါးပါးလှီး၍ စားခြင်းနှင့် ဖရဲသီးစိတ်များကို သင့်ရဲ့ အစားအသောက်တွေထဲမှာ ထည့်သွင်း၍စားနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement