မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Osteitis ဟာ အရိုးရောင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ Osteitis ဟာအရိုးတွေကို ထူစေပြီးရောင်ရမ်းလာစေပါတယ်။ အရိုးထူလာမှုဟာ အရိုးကိုပုံပျက်စေပြီး ရှည်လျားတဲ့အရိုးတွေ ကိုင်းလာခြင်းတွေ ဖြစ်ပေါ်စေပါတယ်။
အရိုးတွေဟာ ပုံသဏ္ဍန်ပြောင်းလာတဲ့အခါမှာ အလေးချိန်ခံနိုင်တဲ့ ပုံစံတွေ ပြောင်းလဲလာပြီး ကိုယ်ခန္ဓါအတွင်းပိုင်းအင်္ဂါတွေမှာ ဖိအားတိုးလာတာကြောင့် နာကျင်မှုကို ဖြစ်ပေါ်စေပါတယ်။
Osteitis ဟာ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Osteitis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
· တစ်ဖက် (သို့) နှစ်ဖက်လုံးမှာ နာကျင်ခြင်း၊ မာကျောခြင်း
· လှုပ်ရှားမှုများတဲ့ အလုပ်တွေဖြစ်တဲ့ ပြေးခြင်း၊ ဘောက်ဆင်ထိုးခြင်းတွေ လုပ်ရင် နာခြင်း
· အရိုးကို ဖိကြည့်ရင် နာခြင်း
· Osteitis ဖြစ်တဲ့နေရာမှာ နာခြင်း
· တရွတ်ဆွဲခြင်း၊ ခုန်ဆွခုန်ဆွ ဖြစ်ခြင်း တွေပဲဖြစ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ရောဂါကိုစောစီးစွာ သိရှိပြီး ကုသခြင်းဟာ ရောဂါပိုဆိုးလာခြင်းနဲ့ အခြားအရေးပေါ် အခြေအနေဖြစ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်တာကြောင့် ဒီလိုအခြေအနေကို ကာကွယ်ဖို့ ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
Osteitis ဟာ အရိုးရောဂါပိုးဝင်ခြင်းဖြစ်ပြီး အခြားကိုယ်အင်္ဂါတွေမှ သွေးမှတစ်ဆင့် ပြန့်လာခြင်းဖြစ်ပါတယ်။
Osteitis အမျိုးအစားတွေဟာ အရိုးပုံစံ (သို့) အရိုးထုတ်လုပ်မှုကို ပြောင်းလဲစေတဲ့ မျိုးရိုးဗီဇ ပုံမမှန်မှုတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေဖြစ်တဲ့ arsenic၊ ခွေ၊ ကျွဲ၊ အခြားတိရိစ္ဆာန်တွေနဲ့ ထိမိရင်လည်း ဒီရောဂါဖြစ်နိုင်တယ်လို့ ဆိုပေမယ့် ဒါဟာ အငြင်းပွားဖွယ် ဖြစ်ဆဲဖြစ်ပါတယ်။
ဒီအကြောင်းရင်းတွေ အပြင် အရိုးတွေပေါ် မကြာခဏ ပွတ်တိုက်မိခြင်းဟာလည်း ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ Osteitis ဟာ မျိုးပွားအင်္ဂါ၊ ဆီးလမ်းကြောင်း ခွဲစိတ်မှုများ၊ ဒဏ်ရာရခြင်း၊ ကလေးမွေးခြင်း၊ လေးဘက်နာရောဂါ၊ အားကစားတွေဖြစ်တဲ့ ဘောလုံးကန်ခြင်း၊ တင်းနစ်ကစားခြင်းတွေကြောင့်လည်း ဖြစ်စေတယ်လို့ ဆိုပါတယ်။
Osteitis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
– Polyostotic fibrous dysplasia: အရိုးရဲ့ နေရာအများအပြားမှာ fibrous tissue တွေနဲ့ အစားထိုးတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။
– Jaffe-Lichtenstein monostotic fibrous dysplasia: အရိုးတစ်ခုသာ ဖြစ်တဲ့ fibrous dysplasia ဖြစ်ပါတယ်။
– SAPHO syndrome: အရိုးရောင်တဲ့ ရောဂါအမျိုးမျိုးြ ဖစ်ပါတယ်။
– Paget’s disease of bone: အရိုးအသစ်ဟာ အရိုးအဟောင်းကို အစားထိုးဖို့ မလုံလောက်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။
– Osteitis fibrosa cystica: အရိုးဆုံးရှုံးခြင်း၊ အားနည်းခြင်းတွေ ဖြစ်စေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
– Osteitis condensans: အရိုးသိပ်သည်းဆ များတဲ့ ရှားပါးတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။
ပထမဦးစွာ ဆရာဝန်က ကျန်းမာရေး ရာဇဝင်ကို မေးမြန်းမှာ ဖြစ်ပြီး စမ်းသပ်စစ်ဆေးမှု ပြုလုပ်မှာဖြစ်ပါတယ်။ သင့်မှာ Osteitis ရှိတယ်လို့ သံသယရှိရင် အခြားစစ်ဆေးမှုတွေဖြစ်တဲ့ X-ray, CT-scan, or MRI တွေကို ပြုလုပ်နိုင်ပါတယ်။
အောင်မြင်စွာ ကုသနိုင်ခြင်းဟာ ဖြစ်စေတဲ့ အကြောင်းရင်းပေါ် မူတည်ပါတယ်။ တကယ်လို့ ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်တယ်ဆိုရင် ရောဂါပိုးဝင်ခြင်းမပျောက်မချင်း လက္ခဏာတွေ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
အရိုး၊ အဆစ်တွေကို အသေပျက်စီးစေတဲ့ အခြေအနေတွေဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ သန်စွမ်းစေတဲ့ လေ့ကျင့်မှုတွေဟာ နာကျင်မှုတွေကို သက်သာစေပြီး ပြန်ပြီး လှုပ်နိုင်ဖို့ကူညီပေးနိုင်ပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေမှာ ခွဲစိတ်ကုသမှုလည်း လိုအပ်နိုင်ပါတယ်။
Osteitis ကို စောစီးစွာ ကုသမှုဟာ နာတာရှည်အခြေအနေဖြစ်လာခြင်းက ကူညီပေးပါတယ်။ ကုသမှုဖြစ်စဉ်ဟာ ခြောက်လကနေ ၂ နှစ်အထိ ကြာမြင့်နိုင်ပါတယ်။ လိုက်နာသင့်တဲ့ အချက်တွေကတော့
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Osteitis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။