ကျောရိုးဆစ်ဆိုတာ သင့်ရဲ့ကျောကုန်းမှာ ရှိတဲ့ ကျောရိုးကြီးကို ဖြစ်စေတဲ့ အဆစ်ရိုးဖြစ်ပြီး တစ်ခုနဲ့တစ်ခုကြားမှာ ဖော့ကဲ့သို့ အဆစ်ငယ်လေးတွေလဲ ခံထားပါတယ်။ ၎င်းအဆစ်တွေဟာ ကောင်းမွန်ကျန်းမာနေလျှင် ကျောရိုးအတွက် shock absorbers အနေနဲ့ ဆောင်ရွက်ပေးပြီး ကျောရိုးကိုကွေးနိုင်ဆန့်နိုင်အောင် ထောက်ပံ့ပေးပါတယ်။ အဆစ်တစ်ခုစီဟာ အကျယ် တစ်လက်မနှင့် အထူတစ်လက်မရှိတဲ့ အဝိုင်းပုံသဏ္ဍန်အတောင့်ပြားလေးတွေ ဖြစ်ကြပါတယ်။ သူတို့မှာ ကြံ့ခိုင်တဲ့ အပြင်အမြှေး(the annulus fibrosus)နဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ အတွင်းအူတိုင်(the nucleus pulposus) ပါရှိပါတယ်။

ကျောရိုးဆစ်ထိခိုက်ခံရဖူးသူသာလျှင် ထိုထိခိုက်ခြင်းမှ ယူဆောင်လာတဲ့ ပြင်းထန်စွာနာကျင်စေမှုနှင့် ကူရာမဲ့ဘဝကို နားလည်နိုင်ပါလိမ့်မယ်။ နာကျင်ကိုက်ခဲမှုဟာ မချိမဆံ့ကိုခံစားရနိုင်ပါတယ်။
သင်ဟာ ကျောရိုးဆစ်ကျွံခြင်းကို သင့်ကျောရိုးရဲ့ မည့်သည့်နေရာတွင် မဆို ရရှိနိုင်ပါတယ်။ များသောအားဖြင့် ခါးအောက်ပိုင်း(ခါးဆစ်ရိုး)ကျွံတာအဖြစ်များပါတယ်။
-ကျောရိုးကို ထိခိုက်မိခြင်း
-wear and tear သို့ အဆစ်ယိုယွင်းပျက်ဆီးခြင်းသည် အဆစ်ကျွံခြင်း၏ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ ကျွန်တော်တို့ ကျောမှာရှိတဲ့ အဆစ်တွေဟာ ၎င်းတို့ကို ကျုံ့နိုင်ဆန့်နိုင်အောင် ကူညီပေးတဲ့ အရည်တစ်ချို့ဟာ တဖြည်းဖြည်းကုန်ခန်းလာပါတယ်။ အဆစ်ထဲက ချောဆီဟာ အက်ကွဲရာတွေကြားက ထွက်လာပြီး အဆစ်ကို ပေါက်ထွက်ခြင်း သို့ ကွဲထွက်ခြင်းတို့ဖြစ်စေပါတယ်။
အကယ်လို့ ကျွံနေတဲ့ အဆစ်ဟာ အာရုံကြောတစ်ခုကို သွားမဖိနေသေးဘူးဆိုလျှင် သင်ဟာခါးနာနေတာက လွဲရင် တခြားဘာလက္ခဏာမှ ခံစားရမှာ မဟုတ်ပါ။ သို့သော် အာရုံကြောတစ်ခုကို သွားဖိနေပြီဆိုလျှင် အောက်ပါလက္ခဏာတွေ ခံစားရပါလိမ့်မယ်။
ကိုက်ခဲမှုဟာ ရှေ့ပြေးသတိပေးလက္ခဏာဖြစ်ပြီး သင့်တော်တဲ့ ဆောင်ရွက်မှုတစ်ခုကို လုပ်ဆောင်ခြင်းဖြင့် ဒီပြသနာကို ဖြေရှင်းနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။