backup og meta

Avascular Necrosis (သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Avascular Necrosis (သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်း ) ကဘာလဲ။

သွေးမရနိုင်ခြင်းကြောင့် အရိုးတစ်သျှူးများသေပြီး အရိုးအပိုင်းသေးသေးလေးများဖြစ်ကာ အရိုးပြိုကွဲသည်အထိ ဖြစ်နိုင်ပါတယ်။

Avascular Necrosis (သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Avascular Necrosis (သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါရဲ့ အစောပိုင်းမှာတော့ ထင်ရှားတဲ့ လက္ခဏာများကို တွေ့ရမှာ မဟုတ်ပါ။ သို့သော် ကြာလာလျှင် စပြီးနာလာပါလိမ့်မယ်။ အစပိုင်းမှာတော့ ထိခိုက်တဲ့အရိုးပေါ်အားပြုမှသာ နာတတ်ပါတယ်။ အရိုးနဲ့ အနီးအနားက အဆစ်များပါ ပိမိလာလျှင်တော့ ဆက်တိုက်နာလာပါလိမ့်မယ်။ နာကျင်မှုပြင်းထန်လွန်းတဲ့အတွက် သင့်အဆစ်ကို သုံးနိုင်တော့မှာ မဟုတ်ပါ။

ဥပမာ တင်ပါးဆုံမှာ သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်းဖြစ်ခဲ့လျှင် သင်လမ်းလျှောက်နိုင်မှာ မဟုတ်ပါ။ ရောဂါလက္ခဏာ စပေါ်ချိန်မှ အရိုးလုံးဝပြိုကွဲသွားချိန်အထိ တစ်လမှ တစ်နှစ်ကျော်အထိ ကြာတတ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဒါကြောင့် သင့်အရိုးမှာ ဆက်တိုက်နာကျင်နေတယ်ဆိုလျှင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

အကြောင်းရင်းများ

Avascular Necrosis (သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်းဟာ ဒဏ်ရာကြောင့် အဆစ်နေရာလွဲသွားပြိး အနီးအနားက သွေးကြောများကို ပျက်စီးစေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ထို့ပြင် သွေးကြောကလေးများမှာ အဆီများ စုပုံခြင်းကြောင့်လည်း အရိုးကို သွေးပေးပို့မှု နည်းစေပါတယ်။

Sickle cell anemia, Gaucher’s disease ကဲ့သို့ အခြားရောဂါများနဲ့ ကင်ဆာရောဂါအတွက် ဓါတ်ရောင်ခြည်ကုသမှုများစသည်တို့ဟာ အရိုးကို အားနည်းစေပြီး သွေးကြောများကို ပျက်စီးစေပါတယ်။ မကုသဘဲထားလျှင် သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်းဟာ အရိုးကို ပြိုကွဲစေရုံသာမက ပြင်းထန်တဲ့ အဆစ်ရောင်ခြင်းကိုပါ ဖြစ်စေပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Avascular Necrosis (သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်း ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ကိုလက်စ်ထရော ပမာဏ
  • အရက်သောက်ခြင်း
  • စတီးရွိုက်ဆေးသုံးခြင်း တို့ ဖြစ်ပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ

သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Avascular Necrosis (သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က စမ်းသပ်စစ်ဆေးခြင်း၊ ဓါတ်မှန် CT, MRI, bone scan တို့ကဲ့သို့ ပုံရိပ်ဖော်စစ်ဆေးခြင်းဖြင့် အတည်ပြုနိုင်ပါတယ်။

Avascular Necrosis (သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်း ) ကို ဘယ်လိုကုသပါသလဲ

ကုသမှုကြောင့် ရောဂါဖြစ်စဉ်ကို ပြန်မကောင်းစေနိုင်ပေမယ့် နောက်ထပ်အရိုးဆုံးရှုံးရခြင်းမှ ကာကွယ်နိုင်ပါတယ်။ သင့်အရိုးပျက်စီးတဲ့ ပမာဏပေါ်မူတည်ပြီး ဆရာဝန်က သင့်အတွက်သင့်တော်တဲ့ ကုသမှုကို စီစဉ်ပေးပါမယ်။

ကုသရန်ရွေးချယ်စရာတွေကတော့

  • နာကျင်မှုနဲ့ ရောဂါဆိုးရွားမှုကို သက်သာစေဖို့၊ သွေးပိတ်ဆို့မှု လျော့နည်းစေဖို့ ဆေးဝါးများ
  • အဆစ်ဆက်လက်လှုပ်ရှားနိုင်စေဖို့ လေ့ကျင့်ခန်းကုထုံး
  • အရိုးအစားထိုး၊ အရိုးပုံစံပြန်ဖော်ခြင်း၊ အဆစ်အစားထိုးခြင်း စသည့် ခွဲစိတ်မှုများ ဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက

သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်း ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့်

သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

တကယ်တော့ သွေးမလျှောက်ခြင်းကြောင့် အရိုးသေခြင်းကို သွေးတွင်းကိုလက်စ်ထရောလျှော့ချခြင်းဖြင့် အဆီများသွေးစီးဆင်းမှုကို မပိတ်ဆို့စေရအောင် ကာကွယ်နိုင်ပါတယ်။ အရက်အလွန်သောက်ခြင်းဟာ ရောဂါဖြစ်နှုန်းမြင့်စေတဲ့ ထိပ်တန်းအချက်ဖြစ်တဲ့အတွက် အရက်လျှော့သောက်သင့်ပါတယ်။ စတီးရွိုက်ဆေးများသုံးခြင်းကြောင့် အရိုးပျက်စီးစေတဲ့အတွက် သတိထားသုံးစွဲသင့်ပါတယ်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sources
Avascular Necrosis (Osteonecrosis). http://www.webmd.com/arthritis/avascular-necrosis-osteonecrosis-symptoms-treatments Assessed September 5, 2016
Avascular necrosis. http://www.mayoclinic.org/diseases-conditions/avascular-necrosis/basics/definition/con-20025517 Assessed September 5, 2016
What Is Osteonecrosis? Fast Facts: An Easy-to-Read Series of Publications for the Public. http://www.niams.nih.gov/Health_Info/Osteonecrosis/osteonecrosis_ff.asp Assessed September 5, 2016

ယခုပုံစံ

26/08/2022

Dr. May Myat Hnin Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement