မွေးရာပါ ကျောရိုးစောင်းခြင်းဆိုသည်မှာ ခါးသည် ဘေးဘက်သို့စောင်းသွားခြင်းဖြစ်ပြီး ယင်းအနေအထားသည် သင့်ပုံစံနှင့် လမ်းလျှောက်ပုံများကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင်းထိုသို့ဖြစ်စေနိုင်သော အကြောင်းများနှင့် လက္ခဏာများကို သိထားခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ပါသည်။
မွေးရာပါ ကျောရိုးစောင်းခြင်း၏လက္ခဏာများ
အမြင်အားရုံနှင့်ဆိုင်သော လက္ခဏာများ
ရုပ်ပိုင်းဆိုင်ရာ ပြသနာကို ရှင်းလင်းစွာတွေ့မြင်နိုင်ပါသည်။ ခါးစောင်းနေသူကို အနောက်တည့်တည့်မှ ကြည့်လျှင် အဖြောင့်အတိုင်းတွေ့မြင်ရမည်ဖြစ်ပြီး ဘေးမှကြည့်လျှင်သာ ခါးစောင်းနေခြင်း သိသာမည်ဖြစ်ပေသည်။
ခါးစောင်းနေသူများတွင် အင်္ဂလိပ်အက္ခရာ C ပုံစံစောင်းခြင်း နှင့် S ပုံစံစောင်းခြင်းဟူ၍ ၂ မျိုးရှိပါသည်။
ရောဂါလက္ခဏာများကို သိရှိရန် ဓါတ်မှန်ရိုက်ခြင်းက ပိုထိရောက်မှုရှိပါသည်။
မတ်တပ်ရပ်ပြီး သင့်လက်ချောင်းများနှင့် ခြေချောင်းများထိသည်အထိ ခါးကိုကုန်းလိုက်လျှင် ခါးစောင်းနေခြင်းကို ပေါ်လွင်စေပါသည်။ ယင်းတို့မှာ-
· ပခုံးနှစ်ဖက်သည် တပြေးညီဖြစ်ရမည့်အစား တဖက်မြင့်တဖက်နိမ့်ဖြစ်နေခြင်း
· တင်ပါးနှစ်ဖက်သည်လည်း အနိမ့်အမြင့် မတူညီခြင်း
· လက်ပြင်တစ်ဖက်က အခြားတစ်ဖက်ထက် ပိုပြီးသိသာနေခြင်း
· ခါးနှစ်ဖက် မညီခြင်း
· ကိုယ်ခန္ဓါ၏ အလယ်ဗဟိုချက်သည် တဖက်သို့စောင်းနေခြင်း
· ခြေထောက်တဖက် တိုနေသည်ဟု ထင်ရခြင်း တို့ဖြစ်ပါသည်။
အာရုံကြောဆိုင်ရာ ပြသနာများကြောင့် နာကျင်ခြင်း၊ ထုံကျင်ခြင်းများ ခံစားရခြင်း
ကျောရိုးစောင်းခြင်းကြောင့် နာကျင်မှုကို ခံစားရလေ့မရှိသော်လည်း အာရုံကြောဆိုင်ရာ ပြသနာများရှိနေနိုင်ပါသည်။
ထိုလက္ခဏာများသည် ရှားပါးသော်လည်း သတိပြုသင့်ပါသည်။
· သင်သည် အသက် ၈နှစ်နှင့် ၁၁နှစ်ကြားဖြစ်လျှင်
· အာရုံကြောဆိုင်ရာ ပြသနာများကြောင့် နာကျင်ခြင်း၊ ထုံကျင်ခြင်းများ ခံစားရလျှင်
မွေးရာပါ ကျောရိုးစောင်းခြင်းကို ဖြစ်စေသော အကြောင်းများ
မွေးရာပါ ကျောရိုးစောင်းခြင်းကို အများဆုံးဖြစ်စေသော အကြောင်းများကို သိသော်လည်း အဖြစ်နည်းသော အကြောင်းများကို မသိကြသောကြောင့် ဖော်ပြလိုက်ရပါသည်။
· မွေးရာပါချို့ယွင်းချက် အချို့ကြောင့် ကျောရိုးသည် မွေးရာပါကြီးထွားမှုမူမမှန်ခြင်းဖြစ်ကာ စောင်းသွားရခြင်းဖြစ်ပါသည်။
· ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်စေသော ရောဂါများဖြစ်သည့် ဦးနှောက်မဖွံ့ဖြိုးခြင်း၊ ကြွက်သားများသိမ်ခြင်း စသည့်ရောဂါများ
· ကျောရိုးကို ထိခိုက်စေသော ထိခိုက်နာကျင်မှုများ၊ ဖျားနာခြင်းများ၊ ခွဲစိတ်မှုများ
မွေးရာပါ ကျောရိုးစောင်းခြင်းကို ဖြစ်နိုင်ချေများစေသော အကြောင်းများ
အောက်ပါအချက်များသည် မွေးရာပါ ကျောရိုးစောင်းခြင်းကို ဖြစ်နိုင်ချေများစေသော အကြောင်းများဖြစ်ပါသည်။ ထိုအချက်များနှင့် ကိုက်ညီလျှင် ကျောရိုးစောင်းခြင်းဖြစ်မည်ဟု မုချပြောခြင်းမဟုတ်ပါ။ ကျောရိုးစောင်းခြင်းဖြစ်နိုင်ချေမြင့်မားကြောင်း ဆိုလိုခြင်းသာ ဖြစ်ပါသည်။
· အသက်
မွေးရာပါ ကျောရိုးစောင်းခြင်းသည် ကျောရိုးဖွံ့ဖြိုးကြီးထွားနေသည့် ဆယ်ကျော်သက်အရွယ်များတွင် ဖြစ်လေ့ရှိပါသည်။
· လိင်
ယောကျာ်းလေးများနှင့် စာလျှင် မိန်းကလေးများသည် မွေးရာပါ ကျောရိုးစောင်းခြင်းပိုဖြစ်တတ်ကြောင်း တွေ့ရသည်။ ထို့ပြင် မိန်းကလေးများသည် တိကျသော ကုသမှုများခံယူမှသာ ဆိုးရွားလာမည့် အခြေအနေများမဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်ပါသည်။
· မိသားစု ရာဇဝင်
သင့်မိသားစုဝင်များထဲတွင် ဥပမာအားဖြင့် မိဘ၊ ညီကိုမောင်နှမများထဲတွင် ခါးစောင်းခြင်းဖြစ်နေပါက သင့်တွင်လည်း ဖြစ်နိုင်ချေများပါသည်။
အချုပ်ဆိုရသော် ကျောရိုးစောင်းခြင်းသည် သင့်ကိုလမ်းလျှောက်နေစဉ်ကြည့်ရဆိုးစေခြင်းမှတပါးအခြားသော အန္တရာယ်မဖြစ်စေနိုင်ပါ။ ယင်းကိုဖြစ်စေသောအကြောင်းများကို တိကျစွာမသိသေးပါ။ ထို့ပြင်ဖြစ်နိုင်ချေကိုများစေသော ဖော်ပြပါ အချက်များကိုလည်း မကာကွယ်နိုင်ပါ။
သို့သော် ထိုလက္ခဏာများကို ဆရာဝန်ကစမ်းသပ်ခြင်း၊ ဓါတ်မှန်ရိုက်ခြင်းဖြင့် စောစီးစွာသိရှိလျှင် လိုအပ်သော ကုသမှုများကို စောစီးစွာဆောင်ရွက်နိုင်ပါသည်။
[embed-health-tool-bmi]