backup og meta

ဖုန်းနဲ့ လက်ပ်တော့ အသုံးများပြီး လက်ချောင်းတွေ နာကျင်နေတာ သက်သာစေဖို့

ဖုန်းနဲ့ လက်ပ်တော့ အသုံးများပြီး လက်ချောင်းတွေ နာကျင်နေတာ သက်သာစေဖို့

အိပ်ရာက နိုးနိုးချင်း လက်ချောင်းတွေက တောင့်တင်း နာကျင်နေတာ ကွေးလို့တောင် မရဘူး။ တစ်ခုခုများ ထိခိုက်မိလားလို့ စဉ်းစားကြည့်တော့လည်း ဘာမှ မရှိပါဘူး။ နောက်တော့မှ သတိရတာက အော် …. တစ်နေကုန် လက်ပ်တော့ရှေ့က မခွာတမ်း စာတွေရိုက်ထားတာကိုးလို့ တွေးမိနေပြီလား ဒါမှမဟုတ် ကစားလို့ ကောင်းကောင်းနဲ့ ဂိမ်းတွေ အသားကုန် ဆော့ထားမိတာကိုးလို့များ ဖြစ်နေပြီလား။ အခုနောက်ပိုင်း ဖုန်းတွေ လက်ပ်တော့တွေ အသုံးများလာတဲ့ ဒီဘက်ခေတ်မှာ လက်ချောင်းလေးတွေ နာကျင်မှုက အတော်လေး အဖြစ်များပါတယ်။

လက်ပ်တော့သုံး ဖုန်းသုံးတဲ့အခါ လက်အနေအထားမမှန်တာ၊ တစ်ချိန်လုံး မနားတမ်း စာရိုက်နေတာတွေက အနားယူ အိပ်စက်ပြီးချိန်မှတောင် သိသိသာသာကို နာလာနိုင်ပါတယ်။ ဒီတော့ ဖုန်းနဲ့ လက်ပ်တော့ အသုံးများပြီး လက်ချောင်းတွေ နာကျင်နေတာ သက်သာစေဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

ဖုန်းနဲ့ လက်ပ်တော့အသုံးများရင် ဘာကြောင့် လက်ချောင်းလေးတွေ နာကျင်တာလဲ

လက်ပ်တော့တွေ ဖုန်းတွေ သုံးတဲ့အနေအခါ လက်အနေအထား မမှန်တာ၊ တစ်ချိန်လုံး တစ်ပုံစံတည်း လှုပ်ရှားနေရတာ၊ မနားတမ်း လုပ်ဆောင်နေရတာတွေက လက်ချောင်းလေးတွေကို နာကျင်စေတာပါ။ ကြွက်သားတွေက တစ်ပုံစံတည်းမှာ အကြာကြီး ရှိနေရတာက နာကျင်မှုရဲ့ အခြေခံ အကျဆုံး အကြောင်းအရင်းပါ။

တစ်နေ့ကို အချိန်တော်တော်များများ လက်ချောင်းတွေကို တောက်လျှောက် မနားတမ်း လှုပ်ရှားစေတာက လက်ချောင်းလေးတွေကို ဝန်ပိစေပြီး နာကျင်တာတွေ ဖြစ်လာစေပါတယ်။

ဖုန်းနဲ့ လက်ပ်တော့ အသုံးများပြီး လက်ချောင်းတွေ နာကျင်နေတာ သက်သာစေဖို့

ဖုန်းနဲ့ လက်ပ်တော့ အသုံးများပြီး လက်ချောင်းတွေ နာကျင်နေတာ သက်သာစေဖို့

တစ်နေ့တာမှာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ တော်တော်များများကို အဓိကကျတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်ပေးနေတဲ့ လက်ချောင်းတွေ ဖုန်းတွေ၊ လက်ပ်တော့တွေ အသုံးများတာကြောင့် နာကျင်နေပြီဆိုရင် ဒီနည်းလမ်းလေးတွေက သက်သာစေမှာပါ။

  • အနားပေးပါ

တစ်နေ့တာမှာ အလုပ်နဲ့ လက်မပြတ်တမ်း များနေနိုင်ပေမယ့် လက်ချောင်းလေးတွေကို အနားပေးဖို့ မမေ့ပါနဲ့။ အနားပေးတယ်ဆိုတာ လက်ကို လုံးဝမသုံးဘဲ လက်ချောင်းလေးတွေကို အေးအေးလူလူ အနားပေးတာမျိုးပါ။ ၃ နာရီလောက် အလုပ်လုပ်ပြီးတိုင်းမှာ ၁၀ မိနစ်လောက်တော့ အနားပေးပါ။

  • နှိပ်နယ်ပေးပါ

လက်ချောင်းလေးတွေကို ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။ လက်ချောင်းလေး အချင်းချင်းပေါ့။ ဒါမှ ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး လက်ချောင်း ကြွက်သားလေးတွေ ပြေလျော့စေမှာပါ။

  • လေ့ကျင့်ခန်း လုပ်ပါ

ညောင်းညာကိုက်ခဲတာတွေကို သက်သာစေမယ့် အကောင်းဆုံး နည်းလမ်းက လေ့ကျင့်ခန်း လုပ်တာပါ။ လက်ချောင်းလေးတွေကို လေ့ကျင့်ခန်း လုပ်ပေးဖို့ဆိုရင် လက်သီးဆုပ်ပေးတာ၊ Stress ball ညှစ်ပေးတာ၊ လက်ဖဝါးကို မှောက်လျက် ထားပြီး လက်ချောင်းလေး တစ်ချောင်းချင်းစီ မပေးတာ၊ လက်မလေးကို ကွေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

  • ရေနွေးဝတ် ကပ်ပါ

ရေနွေးအိတ် ခပ်နွေးနွေးလေးပေါ်မှာ လက်ဖဝါးလေး ထင်ထားတာကလည်း နာနေတဲ့ လက်​ချောင်းလေးတွေကို သက်သာစေမယ့် နည်းလမ်းကောင်းပါ။ ရေနွေးဇလုံထဲကို စိမ်ပေးလို့လည်း ရပါတယ်။ ကြွက်သားတွေကို သွေးစီးဆင်းမှု ကောင်းစေပြီး လက်ချောင်းလေးတွေ နာကျင်တာကို သက်သာစေမှာပါ။

  • ရေခဲဝတ် ကပ်ပါ

လက်ချောင်းလေးတွေ  နာခါစမှာ ရေခဲဝတ် ကပ်တာကလည်း ကြွက်သားတွေကို နာကျင်မှု လျော့ပါးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ လက်ချောင်းလေးတွေကို ရေခဲဝတ်ကပ်တဲ့အခါ တစ်ခါကပ် ၁၅ မိနစ်နဲ့ မကြာမကြာကပ်ပေးနိုင်ပါတယ်။ ခံနိုင်ရုံအအေးလောက်နဲ့ပဲ ကပ်သင့်ပါတယ်။

  • ဆေးသောက်ပါ

လက်ချောင်းလေးတွေ နာနေရင် အနားပေးလိုက်တာက အကောင်းဆုံးပါ။ ဒါပေမယ့် လုပ်စရာတွေ ကျန်သေးတယ်။ ဒါမှမဟုတ် နာလွန်းလို့ အမြန်သက်သာချင်ပြီဆိုရင်တော့ အကောင်းဆုံးတော့ အကိုက်အခဲပျောက်ဆေး သောက်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါကတော့ မြန်မြန်သက်သာစေတဲ့ နည်းပဲ ဖြစ်ပါတယ်။

သတင်းစကား

လက်ချောင်းလေးတွေက တစ်နေ့တာရဲ့ စားသောက်မှုကစလို့ လုပ်ငန်းခွင်ကိစ္စတွေအထိ အရာရာတိုင်းမှာ အရေးပါတာကြောင့် အနားပေးရမယ့်အချိန်မှာ အနားပေးပါ။ လေ့ကျင့်ခန်းလေးတွေ ပုံမှန် လုပ်ပေးပါ။  ဖုန်းတွေ လက်ပ်တော့တွေ သုံးတဲ့အခါ ပုံစံမှန်မှန် သုံးပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Finger pain https://www.nhs.uk/conditions/hand-pain/finger-pain/ Accessed Date 14 September 2022

Causes and treatment of finger pain https://www.medicalnewstoday.com/articles/324845 Accessed Date 14 September 2022

Finger pain https://medlineplus.gov/ency/article/003248.htm Accessed Date 14 September 2022

Is Your Smartphone Affecting Your Pinky, Thumb, Neck or Elbow? https://health.clevelandclinic.org/smartphone-pinky-and-mobile-device-injuries/ Accessed Date 14 September 2022

Top 5 ways to reduce crippling hand pain https://www.health.harvard.edu/pain/top-5-ways-to-reduce-crippling-hand-pain Accessed Date 14 September 2022

ယခုပုံစံ

26/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ချောင်းများ တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်း ၅ မျိုး

လက်ချောင်းလေးတွေ သန်မာစေဖို့ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းအချို့


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 26/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement