backup og meta

Myotonia congenita (မွေးရာပါကြွက်သားချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Myotonia congenita (မွေးရာပါကြွက်သားချို့ယွင်းခြင်း) ကဘာလဲ။

ရှားပါးသောရောဂါတစ်မျိုးဖြစ်ပြီး ကြွက်သားများအားတောင့်တင်းခြင်း တခါတရံ အားလျော့ခြင်းများဖြစ်စေသည်။ ကြွက်သားများတောင့်တင်းခြင်းကြောင့် လမ်းလျောက်ရခက်ခြင်း စားရခက်ခြင်း စကားပြောရခက်ခြင်းများဖြစ်တတ်သည်။ မှားယွင်းသောဗီဇပြောင်းလဲမှုများကြောင့်ဖြစ်တတ်သည်။ မိခင် သို့မဟုတ် ဖခင်ထံတွင်ရှိပါက သင့်တွင်ဖြစ်တတ်သည်

ရောဂါပုံစံနှစ်မျိုးရှိပါသည်။

  • ဘတ်ကာရောဂါ- ပို၍အဖြစ်များသည်။ အသက်လေးနှစ်နှင့် ဆယ့်နှစ်နှစ်ကြားတွင်လက္ခဏာစပြတတ်သည်။ အားနည်းသောကြွက်သားများကိုအဓိကတိုက်ခိုက်တတ်သည် များသောအားဖြင့် လက်မောင်းနှင့်လက်။

သော်ဆန်ရောဂါ -ရှားသည်။ ရောဂါလက္ခဏာများက မွေးပြီးလအနည်းငယ်တွင်စတတ်သည်။ များသောအားဖြင့် နှစ်နှစ်မှ သုံးနှစ်အတွင်း။ ခြေထောက်လက် နှင့်မျက်ခွံကြွက်သားများကိုအဓိကထိခိုက်စေသည်။

Myotonia congenita (မွေးရာပါကြွက်သားချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Myotonia congenita (မွေးရာပါကြွက်သားချို့ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

မွေးရာပါကြွက်သားချို့ယွင်းခြင်း၏အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ကြွက်သားတောင့်တင်းခြင်းဖြစ်းသည်။ ငြိမ်နေပြီး လှုပ်ရှားမှုစတင်ချိန်တွင် ကြွက်သားများတောင့်တင်းလာသည်။ ခြေထောက်ကြွက်သားများတွင်ပိုဖြစ်တတ်သော်လည်း မျက်နှာ လက်နှင့် တခြားနေရာများတွင်လဲတောင့်တင်းတတ်သည်။ အချို့သူများတွင် ကြွက်သားတောင့်တင်းမှုကမပြင်းထန်တတ်သော်လည်း တချို့တွင် လှုပ်ရှားမှုပြုရန်ခက်ခဲသည်အထိဖြစ်တတ်သည်။

အဓိကထိသောကြွက်သားများမှာ

  • ခြေထောက်
  • လက်
  • မျက်လုံးနှင့် မျက်ခွံ
  • မျက်နှာ
  • လျှာ

အနားယူပြီး ပြန်လှုပ်ရှားချိန်တွင်ပိုဆိုးတတ်သည်။

အိပ်ယာမှ သို့မဟုတ် ကုလားထိုင်မှထထွက်ရန်

လှေကားတက်ရန်

လမ်းစလျောက်ရန်

မျက်လုံးပိတ်ပြီးပြန်ဖွင့်ရန်ခက်ခဲတတ်သည်။

လှုပ်ရှားမှုစပြီး ခဏတွင် ကြွက်သားများပြန်ဖြေဖျော့သွားတတ်သည်။ ထိုသည်ကို သွေးပူသွားသည်ဟုခေါ်သည်။

တခါတရံတွင် မွေးရာပါကြွက်သားချို့ယွင်းခြင်းခံစားရနေသူထံတွင် ကြွက်သားများကြီးလာခြင်းကိုလဲခံစားရတတ်သည်။ ထိုသို့ကြီးလာပါက အလေးမမသော်လည်း ကာယဗလမောင်နှင့်တူတတ်သည်။ ဘတ်ကာရောဂါခံစားနေရသူဖြစ်ပါက ကြွက်သားများအားနည်းနေမည်။ ထိုအားနည်းမှုသည် အမြဲဖြစ်သည်။ သော်ဆန် ရောဂါ ဖြစ်ပါက အေးခြင်းက ကြွက်သားအားပို၍ တောင့်တင်းလာစေသည်။

အခြားလက္ခဏာများမှာ

  • နှစ်ထပ်မြင်ခြင်း
  • လည်ပင်းကြွက်သားများပါပါက ဝါးရခက်ခြင်း မြိုချရခက်ခြငိ စကားပြောရခက်ခြင်းများဖြစ်တတ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Myotonia congenita (မွေးရာပါကြွက်သားချို့ယွင်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

စီအယ်စီအန် ဝမ်း ဗီဇပြောင်းလဲခြင်းကြောင့်ဖြစ်သည်။ ထိုဗီဇများသည် ကြွက်သားတောင့်တင်းခြင်း ဖြေဖျော့ခြင်းကိုညွှန်ကြားသောပရိုတင်းကိုထိန်းချုပ်သည်။ ထိုဗီဇပြောင်းလဲခြင်းကြောင့် ကြွက်သားများမကြာခဏညစ်ခြင်းကိုဖြစ်စေသည်။

မွေးရာပါကြွက်သားချို့ယွင်းခြင်းကို ကရိုရီုက် လမ်းကြောင်းဆိုင်ရာရောဂါဟုလည်းခေါ်သည်။ ကြွက်သားဆဲလ်အကာကို ဖြတ်သန်းစီးဆင်းသော အိုင်းယွန်းများကိုထိလိုက်စေသည်။ အိုင်းယွန်းများသည် အပေါင်းသို့မဟုတ် အနှုတ်ဖြစ်နိုင်သည်။ စီအယ်စီအန် ဝမ်း သည် ကြွက်သားရှိကရီုရီုက် လမ်းကြောင်းကိုထိန်းပေးသည်။ ထိုလမ်းကြောင်းများသည် ကြွက်သားအလုပ်လုပ်မှုထိန်းသိမ်းရာတွင်ပါသည်။ စီအယ်စီအန် ဝမ်း ဗီဇပြောင်းလဲသွားခြင်းကြောင့် ထိုလမ်းကြောင်းများလည်းကောင်းစွာအလုပ်မလုပ်နိုင်တော့ခြင်းကြောင့် ကြွက်သားများ အားပြန်မဖျော့နိုင်ပေ။

ထို့အပြင် လတ်ကာရောဂါတွင် ဗီဇတစ်ခုထဲပါနေပါက သယ်ဆောင်သူဟုခေါ်သည်။ သင့်တွင်ရောဂါလက္ခဏာများမရှိသော်လည်း ကလေးသို့ကူးနိုင်သည်။

တခါတရံတွင် မိသားစုမျိုးရိုးမရှိသော်လည်း ဗီဇပြောင်းလဲခြင်းစဖြစ်ပြီး ရောဂါဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Myotonia congenita (မွေးရာပါကြွက်သားချို့ယွင်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Myotonia congenita (မွေးရာပါကြွက်သားချို့ယွင်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ကလေးဘဝမှစ၍ အတည်ပြုနိုင်သည်။ ကလေးဆရာဝန်မှ မိသားစုမျိုးရိုးဆိုင်ရာ နှင့် ကလေးကျန်းမာရေးဆိုင်ရာမေးခွန်းများကိုမေးလိမ့်မည်။ ကြွက်သားတောင့်တင်းမှုကိုလဲစမ်းသက်လိမ်မည်။

စမ်းသက်ချိန်တွင်

  • ကလေးအားအရာဝတ္ထုတခုအားစုပ်ကိုင်ခိုင်းပြီး လွှတ်ချခိုင်းခြင်း
  • တီးခေါက်ကိရိယာဟုခေါ်သည့် သေးပြီး တူနှင့်တူသောပစ္စည်းဖြင့် ကြွက်သားအားစမ်းသက်လိမ့်မည်။ ကြွက်သားတုံပြန်မှုကိုစမ်းသက်ခြင်းဖြစ်သည်။
  • ကြွက်သားများ၏လျပ်စစ်စွမ်းရည်ကိုမှတ်တမ်းပြုခြင်း။ တောင့်ချိန် ဖြေဖျော့ချိန်များတွင်စမ်းသပ်သည်။
  • ခရီတနင်းကိုင်းနေ့ တက်မတက်ကိုသွေးဖောက်၍စစ်သည်။ တက်နေပါက ကြွက်သားပျက်ဆီးမှုကိုပြသသည်။
  • ကြွက်သားနမူနာတခုကိုယူ၍ အနုကြည့်မှန်ပြောင်းအောက်တွင်ကြည့်သည်။ ထိုသည်ကို ကြွက်သားအသားစယူသည်ဟုခေါ်သည်။

စီအယ်စီအန် ဝမ်းဗီဇကို သွေးဖောက်စစ်မည်။ ထိုသို့စစ်ပါက သင်သို့မဟုတ် သင့်ကလေးထံတွင်ရောဂါရှိမရှိကိုသေချာစေနိုငိသည်။

Myotonia congenita (မွေးရာပါကြွက်သားချို့ယွင်းခြင်း) ကို ဘယ်လိုကုသပါသလဲ

အောက်ပါဆရာဝန်များနှင့် တွေ့ဆုံညှိုနှီုင်းကုသရန်လိုသည်။

ကလေးဆရာဝန်

အရိုးဆရာဝန် (ကြွက်သား အရိုး အဆစ် အထုူးကု)

ရုပ်ပိုင်းဆိုင်ရာကျွမ်းကျင်သူ

မျိုးရိုးဗီဇ လေ့လာကျွမ်းကျင်သူ

အာရုံကြောအထူးကု (အာရုံကြောရောဂါအထူးကုသသောဆရာဝန်)

ကလေး၏ရောဂါအခြေအနေပေါ်မူတည်၍ကုသသည်။ ဆေးကုသမှုနှု့် လေ့ကျင့်ခန်းများဖြင့် ကြွက်သားတောင့်တင်းမှုကိုသက်သာစေသည်။ များသောအားဖြင့်ဆေးများသည် အတွေ့အကြုံအရ ရောဂါသက်သာစေရန်ပေးခြင်းသာဖြစ်သည့်အတွက် သတ်သတ်မှတ်မှတ်မရှိပါ။

ကြွက်သားတောင့်တင်းခြင်းအားသက်သာစေရန် အောက်ပါဆေးဝါးများပေးနိုင်သည်။

  • ဆိုဒီရန် လမ်းကြောင်းပိတ်သောဆေးများ ဥပမာ မက်ဇီလက်တင်း
  • အတက်ကျဆေးများ ဥပမာ ကာဘာမက်ဇက်ပင်း(တယ်ဂရီတော) ဖီနိုတွိုင်း( ဒိုင်လန်တင်၊ ဖီနတက်)နှင့် အက်စီတာဇိုလက်မိုက်(ဒီယာမော့)
  • ကြွက်သားအားဖျော့ဆေး ဥပမာ ဒန်ထရိုလိမ်း(ဒန်ထရီရန်)
  • ငှက်ဖျားဆေးများ ဥပမာ ကွီနင်း(ကွီလာကွင်း)
  • ဟစ်စတာမင်းကိုဆန့်ကျင်သောဆေး ဥပမာ ထရိုင်မီပရာဇင်း(တီမာရေး)

သင့်မိသားစုတွင် ဤရောဂါရှိနေပါက၊ ဗီဇဆိုင်ရာဆွေးနွေးသူနှင့်တွေ့ဆုံလိုနိုငသည်။ ဗီဇ ဆိုင်ရာဆွေးနွေးသူသည် သင့်မိသားစုမျိုးရိုးအခြေအနေ၊စီအယ်စီအန် ဝမ်း ဗီဇ အဖြေ များကိုကြည့်၍ ကလေးအားကူးနှုန်းကို တွက်ချက်ပေးလိမ့်မည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကမွေးရာပါကြွက်သားချို့ယွင်းခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Myotonia congenita.https://www.healthline.com/health/myotonia-congenita#complications7. Accessed November 7, 2017

Myotonia congenita.https://medlineplus.gov/genetics/condition/myotonia-congenita/ Accessed November 7, 2017

Myotonia congenita https://my.clevelandclinic.org/health/diseases/22347-myotonia-congenita Accessed November 7, 2017

Myotonia Congenita (Thomsen Disease and Becker Type) https://www.mda.org/disease/myotonia-congenita Accessed November 7, 2017

Myotonia Congenita https://rarediseases.org/rare-diseases/myotonia-congenita/12 Accessed November 7, 2017

ယခုပုံစံ

07/06/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement