backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Leg cramps (ခြေထောက်ကြွက်တက်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Leg cramps (ခြေထောက်ကြွက်တက်ခြင်း) ကဘာလဲ။

ခြေထောက်ကြွက်တက်ခြင်းဟာအဖြစ်များပြီး များသောအားဖြင့်အန္ဓါရယ်မရှိတတ်ပါ။ သင့်ခြေထောက်ကြွက်သားများ တောင့်ပြီး နာလာသောအခြေအနေတခုဖြစ်သည်။

ကြွက်တက်ခြင်းသည်မိနစ်အနည်းငယ်လောက်ကြာတတ်ပြီး တခါတရံစက္ကန့်အနည်းငယ်သာကြာတတ်သည်။ ရှားရှားပါးပါး ဆယ်မိနစ်လောက်ကြာသည်လဲရှိတတ်သည်။ တခါတရံ အရမ်းနာကျင်သောကြောင့်လူနာနိုးလာပြီး ကြွက်သားများ ၂၄ နာရီထိနာနေတတ်သည်။

Leg cramps (ခြေထောက်ကြွက်တက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်ကြီးလာသည်နှင့်အမျှပိုဖြစ်လာနိုင်သည် အသက်၆၀ကျော်လျင် သုံးယောက်တစ်ယောက်လောက်ဖြစ်တတ်သည်။ အသက်ရှစ်ဆယ်ကျော် လူတစ်ဝက်လောက်တွင်ပုံမှန်ကြွက်တက်တတ်သည်။ ကိုယ်ဝန်ဆောင်မိန်းမများတွင် ကိုယ်ဝန်မရှိသောမိန်းမများထက် ညအချိန်တွင်ကြွက်ပိုတက်တတ်သည်။

ကြွက်တက်သော၄၀ရာခိုင်နှုန်းသောသူများသည် တစ်ပါတ်သုံးကြိမ် အချို့ကိစ္စများတွင် နေ့တိုင်းကြွက်တက်နိုင်သည်။.

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Leg cramps (ခြေထောက်ကြွက်တက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

များသောအားဖြင့်ကြွက်တက်ခြင်းသည် ခြေသလုံးကြွက်သား တွင်ဖြစ်တတ်ပြီး ပေါင်နှင့်ခြေဖဝါးတို့တွင်သိပ်မဖြစ်တတ်ပါ။

ကြွက်တက်ခြင်းသည် စက္ကန့်အနည်းငယ်မှ ဆယ်မိနစ်ထိကြာတတ်သည်။ ပေါင်ကြွက်သား ကြွက်တက်ပါက ပိုကြာနိုင်သည်။

ကြွက်တတ်သောအချိန်တွင် ထိသောကြွက်သားများသည် တောင့်၍ နာလာတတ်ပြီး ခြေဖဝါးခြေချောင်းများတောင့်နေတတ်သည်။

ကြွက်တက်ခြင်းသက်သာသွားပါက ခြေထောက်တွင် နာခြင်းကို နာရီအနည်းငယ်လောက်ခံစားရနိုင်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ကြွက်တက်ခြင်းသည် တခါတရံတွင်သာဖြစ်ပြီး ဖြစ်စေသောအခြေအနေမရှိပါက ကုသရန်မလိုအပ်ပါ။

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

ကြွက်ခဏခဏတက်ပါက သို့မဟုတ် အအိပ်ပျက်သည်အထိနာကျင်လွန်းပါက နှင့် ကြွက်တက်ပြီးနောက်ရက်တွင် ပုံမှန်လုပ်ဆောင်ချက်များမလုပ်ဆောင်နိုင်တော့ပါကဆရာဝန်နှင့်တိုင်ပင်ပါ။

ခြေထောက်ကြွက်သားများ ပိန်လာခြင်း သို့မဟုတ် အားနည်းလာခြင်း

ခြေထောက်ကြွက်တက်ခြင်းသည် ပြင်းထန်သည့်ရောဂါအခြေအနေနှင့်ဆက်စပ်နေသည်ဟုပြသော အခြေအနေနှစ်ခုရှိသည်။

အောက်ပါတို့ရှိကအရေးပေါ်ကုသမှုခံယူပါ။

ကြွက်တက်ခြင်းက ဆယ်မိနှစ်ကျော်ကြာလာပြီးမသက်သာလာပါက

အဆိပ်ဖြစ်စေသော သို့မဟုတ် ရောဂါဖြစ်စေသော အရာဝတ္ထုတစ်ခုခုနှင့်ထိမိပါက ကြွက်တက်ခြင်း ဥပမာ မြေကြီးမှုံရှိနေသော အရှာင့်ပြတ်ရှမိခြင်း ကြောင့် ဘက်တီးရီးယားပိုးပျံခြင်း ဥပမာ မေးခိုင်ဖြစ်ခြင်း သို့မဟုတ် မာကျူရီ ခဲထိမိခြင်းတို့ကြောင့်ဖြစ်ခြင်း။

အကြောင်းရင်းများ

Leg cramps (ခြေထောက်ကြွက်တက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအရင်းမသိခြင်း -များသောအားဖြင့် ဖြစ်စေသောအကြောင်းအရင်းမသိပဲဖြစ်သည်ကများသည်။ အချို့သောလေ့လာချက်များအရ ကြွက်သားများ အချိန်ကြာမြင့်စွာတောင့်ထားရပါက ကြွက်သားများတိုပေးရသည့်အတွက် ကြွက်တက်ခြင်းဖြစ်သည်ဟုဆိုသည်။ အိပ်နေသောအချိန်မျိုးတွင်ပိုဖြစ်တတ်သည်- ပုံမှန်အိပ်သည့်ပုံစံသည် ဒူးခေါင်းအနည်းငယ်ကွေးပြီး ခြေထောက်အားအောက်ဆိုက်နေသည့်ပုံစံ(ခြေသလုံးကြွက်သားများတိုထားရခြင်း) ပိုဖြစ်တတ်သည်။ ထိုသို့ ဆန့်ထားခြင်းက သက်သာစေသည်သော အဆိုနှင့် အပြိုင်အဆိုင်ဖြစ်နေသည်။

အကြောင်းအရင်းရှိကြွက်တက်ခြင်း-တခါတရ့ ခြေထောက်ကြွက်တက်ခြင်းသည် ဖြစ်စေသောရောဂါအခြေအနေရှိနေတတ်သည်။

လေ့ကျင့်ခန်း- အကယ်၍ကြွက်သားအား ဖိစီးမှုအများကြီးပေးထားခြင်း သို့မဟုတ် အကြာကြီးအသုံးပြုထားခြင်း တို့ကြောင့် ကြွက်တက်ခြင်းသည် ထိုအချိန်သို့မဟုတ် လေ့ကျင့်ခန်းပြီးချိန်တွင် ဖြစ်လာတတ်သည်။ အားကစားသမားများသည် ကြွက်တက်ခြင်းပိုခံစားရတတ်သည်။ အထူးသဖြင့် မျော်မှန်းထားသည်ထက် ပိုအလုပ်လုပ်မိခြင်း-ဘောလုံးပွဲများတွင်အချိန်ပိုကစားရပြီးချိန်တွင်ဖြစ်တတ်သည်။ အကယ်၍ ထိုအခြေအနေသည် နွေးနေပါက အားကစားသမားကချွေးအများကြီးထွက်ခြင်း ဆိုဒီယမ်အများကြီးဆုံးရှုံးခြင်းတို့ရှိပါက ကြွက်ပိုတတ်နိုင်သည်။

အဒီဆန်ရောဂါ

အရက်သမားသို့မဟုတ် အရက်စွဲခြင်း

အသဲခြောက်ခြင်း

ရေဓါတ်ခန်းခြင်း

ဝမ်းလျောခြင်း

ဆီးဆေးသောက်ခြင်း

လျပ်စစ်ဓါတ်များမမျှတခြင်း

ခြေဖဝါးပြားသောရောဂါ

အစာအိမ်ကိုဖြတ်ထုတ်ထားသောခွဲစိတ်မှုများ

တိုင်းရွိုက်အလုပ်မလုပ်ခြင်း

ကျောက်ကပ်ပျက်ခြင်း

ခဲဆိပ်သင့်ခြင်း

ဆာကွိုက်တိုးစစ်- ဂရန်နျူလိုမေးတက်(အကျိတ်သေး)များမှခန္ဓါကိုယ်အနှံအပြားကိုယောင်စေခြင်း။

ကြွက်သားမောပန်းခြင်း

ကြွက်သားအာရုံကြောပြသာနာများ

သန္ဓေတားသောက်ဆေးများ

ပါကင်ဆန်ရောဂါများ

ဘေးသွေးကြောဆိုင်ရာရောဂါများ

ကိုယ်ဝန်ဆောင်သည်များ များသောအားဖြင့်ကိုယ်ဝန်ရင့်ချိန်

အချို့သောဆေးများ ဆီးဆေး ဆာဗျုတမော(ပန်းနာရင်ကြပ်အတွက်ဆေး) နှင့် စတက်တင်များ( သွေးတွင်းအဆီချဆေး)

အမျိုးအစား၂ ဆီးချိုများ

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Leg cramps (ခြေထောက်ကြွက်တက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ခြေထောက်ကြွက်တက်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

အသက်၆၀ကျော်ခြင်း-အသက်၆၀ကျော်သောသူ သုံးပုံတစ်ပုံတွင် ၄၀ရာခိုင်နှုန်းခန့်တွင် သုံးကြိမ်သို့မဟုတ် သုံးကြိမ်ထက်မနည်း ကြွက်တက်နိုင်သည်။

ကိုယ်ဝန်ဆောင်သည်များ-သုံးပုံတစ်ပုံတွင်ကြွက်တတ်တတ်သည်။ များသောအားဖြင့်ကိုယ်ဝန်ရင့်ချိန်(၂၄ပါတ်)တွင်ပိုဖြစ်တတ်သည်။

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Leg cramps (ခြေထောက်ကြွက်တက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ ရောဂါလက္ခဏာများကိုမေးပြီး ခြေထောက်အားစမ်းသက်မှုများလုပ်လိမ့်မည်။ မေးခွန်းတွင် အနာမည်မျှပြင်းထန်သနည်း ဘယ်နေရာတွင်နာသနည်း ဘယ်လောက်ကြာသနည်း နှင့် ခြေထောက်ကြွက်တက်ခြင်းကြောင့် သင့်ဘဝကိုမည်မျှထိခိုက်စေသည်(အိပ်ခြင်း စိတ်အခြေနေ)တို့ကိုမေးလိမ့်မည်။

အခြားရောဂါလက္ခဏာများ ဥပမာ ယောင်ခြင်း ထုံခြင်း ရှိမရှိကိုမေးလိမ့်မည်။ အဓိကရည်ရွယ်ချက်သည် ဖြစ်စေသောအခြေအနေကိုရှာရန်သို့မဟုတ် မဟုတ်သည်ကိုဖယ်ထုတ်ရန်ဖြစ်သည်။

Leg cramps (ခြေထောက်ကြွက်တက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ခြေထောက်ကြွက်တက်စေသော အကြောင်းအရင်းမရှိပါက ကုသမှုမလိုပဲပြန်ကောင်းလာနိုင်သည်။

အကြောလျော့သောလေ့ကျင့်ခန်းများ-ခြေသလုံးကြွက်သားများပါဝင်ပါက။

ခြေထောက်အားဆန့်ထုတ်ခြင်း နှင့် ခြေချင်းဝတ်အားနောက်သို့ကွေးခြင်း ကြောင့်ခြေသလုံးကြွက်သားအကြောလျော့စေသည်။

ခြေချောင်းလေးများဖြင့် မိနစ်အနည်းငယ်လမ်းလျောက်ပေးခြင်း

ခြေဖဝါးမြေကြီးနှင့်ထိပြီး တစ်မီတာအကွာတွင်မတ်တပ်ရပ်ပါ။ အရှေ့သို့ကိုင်းပြီး သင့်လက်အားဆန့်ထားပါ သို့သော်ခြေဖမိုးကိုမမပါနှင့်။ ထိုပုံစံအတိုင်းဆယ်မိနစ်ခန့်နေပြီး ခန္ဓါကိုယ်ကိုပြန်ဆန့်ပါ။ ၅ခါဆယ်ခါခန့်လုပ်ပါ။

အချို့သူများက ထိုလေ့ကျင့်ခန်းများလုပ်ခြင်းဖြင့် ကြွက်တက်ခြင်းကိုသက်သာစေရုံမက ဖြစ်စေသောအကြိမ်အရေအတွက်အားလည်းသက်သာစေသည်။ ပုံမှန်အားဖြင့် လူနာသည် ထိုလေ့ကျင့်ခန်းကို တစ်နေ့နှစ်ခါသုံးခါထက်ပိုမလုပ်ကြပေ။

အနာသက်သာသောဆေးများ။ထိုဆေးများသည် အနာသက်သာစေသော်လည်း အာနိသင်ပြရန်အချိန်လိုအပ်သည်။ ထိုကြောင့် အသုံးအများကြီးမဝင်ပါ။ အကယ်၍ လူတစ်ယောက်တွင် ကြွက်တက်ခြင်း ပြင်းထန်ပါက ကြွက်တက်ပြီး ဆက်နာနေပါက ဆေးဆိုင်တိုင်းတွင်ဝယ်နိုင်သော(ဆရာဝန်ဆေးစာမလိုသော) အနာသက်သာသောဆေးအားသုံးနိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ခြေထောက်ကြွက်တက်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ခြေထောက်ကြွက်တက်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

အကြောလျော့လေ့ကျင့်ခန်းများ

ထိုလေ့ကျင့်ခန်းများက ကြွက်တက်သောအကြီမ်အားလျော့ချပေးနိုင်သည်။

ခြေချောင်းများအားထောက်ပံပေးခြင်း

လှဲလျောင်းနေခြင်း သို့မဟုတ် အိပ်နေသောအချိန်တွင်

ကျောပေါ်တွင်လှဲ၍-ခြေထောက်အား ခေါင်းအုံး တခုခုဖြင့်ထောက်ပံ့ပေးထားခြင်း

မှောက်အိပ်ချိန်တွင်- ခုတင်ခြေရင်းတွင် ခြေထောက်အား လွဲစေခြင်း

ခုတင်အပြင်အဆင်-စောင်များအခင်းများနည်းနည်းသာထားပါ။

ထိုသို့ပြုလုပ်ခြင်းသည် သင့်ခြေချောင်းခြေဖဝါးက အိပ်နေချိန်ရှေ့သို့ကိုင်းနေခြင်းကိုကာကွယ်ပေးနိုင်သည်။

ရေဓါတ်ပြည့်ဝနေပါစေ။

ရေဓါတ်ချို့တဲ့ပါက ကြွက်တက်ခြင်းကိုပိုဖြစ်စေပြီး ရေများများသောက်ပါက ကာကွယ်နိုင်သည်။

လေ့ကျင့်ခန်း

သင်လေ့ကျင့်ခန်းအစီအစဉ်များတွင်ပါဝင်ပါက သင်နှင့်သင့်တော်ပြိး ရောဂါလဲသက်သာလာသည်ကိုတွေ့ရမည်။ အကယ်၍ ခြေထောက်ကြွက်တက်ခြင်းကိုကာကွယ်လိုပါက အပြင်းအထန်အလုပ်လုပ်ခြင်း သိုမဟုတ် အကြာကြီးလေ့ကျင့်ခန်းလုပ်ခြင်းတို့ရှောင်သင့်သည်။

ဖိနပ်

ခြေဖဝါးပြားသောရောဂါရှင်နှင့် အခြားပုံစံဆိုင်ရင်ပြသာနာမျိုးရှိသူများတွင် ခြေထောက်ကြွက်ခြင်းပိုဖြစ်နိုင်သည်။ အထူးလုပ်ထားသောဖိနပ်များကအကူအညီပေးနိုင်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement