backup og meta

တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်း ဝေဒနာအကြောင်း သိကောင်းစရာ

တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်း ဝေဒနာအကြောင်း သိကောင်းစရာ

တင်ခံအာရုံကြောသည် နောက်ကျောအနောက်ဖက်မှ တဆင့် ခြေထောက်၏အနောက်ဖက်တလျှောက်ရှိနေသော အာရုံကြောဖြစ်ပြီး ထိုအာရုံကြောများထိခိုက်လျှင် မခံမရပ်နိုင်အောင်နာကျင်မှုများ ဖြစ်စေနိုင်သည်။

တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်း ဝေဒနာ

ယင်းဖြစ်စဉ်တွင် တင်ခံအာရုံကြောသွားရာတလျှောက်နေရာများဖြစ်သော နောက်ကျောအနောက်ဖက်မှ စတင်၍ ခြေထောက်၏အနောက်ဖက်တလျှောက်တွင် ထုံကျဉ်ခြင်း၊ အားနည်းခြင်း၊ နာကျင်ခြင်းများဖြစ်နိုင်ပါသည်။

ထိုသို့ဖြစ်ခြင်းသည် ခါးပင်မကျောရိုးထဲရှိ ချပ်ပြားများပျက်စီးသွားသော ရောဂါ၊ ခါးဆစ်ကျွံခြင်း၊ ခါးဆစ်ချော်ခြင်းနှင့် ခါးအရိုးခေါင်း ကျဉ်းခြင်းစသည့်ရောဂါများကြောင့် ခံစားရသော ဝေဒနာဖြစ်သည်။

တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်း

တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် အောက်ပါလက္ခဏာများကို တခုထက်ပိုပြီး ခံစားရနိုင်ပါသည်။

· တင်ပါး သို့မဟုတ် ခြေထောက်တဖက်တည်းတွင် စနာကျင်လာကာ ခြေထောက်တချောင်းလုံးနှင့် ခြေဖဝါး၊ ခြေချောင်းများအထိပါ နာကျင်ခြင်း

· ခြေထောက်နာကျင်မှုသည် ကျဉ်နာခြင်း၊ မီးစနှင့် ထိုးသလိုနာခြင်း ပုံစံမျိုးဖြစ်ပါသည်။

· ခြေထောက်၊ ခြေဖဝါးများ နှင့် ခြေချောင်းများထုံကျဉ်ခြင်းကြောင့် လှုပ်ရှားရခက်ခဲခြင်း

· ထိုင်နေလျှင် ပိုနာခြင်း

· မတ်တပ်ရပ်ရခက်ခဲစေအောင်ပင် စူးရှစွာနာကျင်ခြင်း

တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် မခံမရပ်နိုင်အောင် ကြာရှည်စွာ နာကျင်နေခြင်းမျိုးဖြစ်သော်လည်း အဆိုပါနာကျင်မှုသည် ပင်မအာရုံကျောထိခိုက်ခြင်း နှင့် အာရုံကြောတစ်သျူးများထိခိုက်ခြင်းများနှင့် ဆက်စပ်မှု မရှိသလောက်နည်းကြောင်းတွေ့ရပါသည်။

နာကျင်မှုပုံစံအဆင့်ဆင့်

တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် သက်လတ်ပိုင်း (အသက် ၄၀-၅၀ ဝန်းကျင်) တွင်အဖြစ်များပြီး အသက် ၂၀အောက်များတွင် ဖြစ်လေ့မရှိပါ။ များသောအားဖြင့် ထိခိုက်မှုများကြောင့် တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းဖြစ်တတ်သော်လည်း အလိုလိုနေရင်းလည်း ဖြစ်နိုင်ကြောင်းတွေ့ရသည်။

ထိုသို့နာကျင်ဝေဒနာခံစားရသူအများစုသည် ခွဲစိတ်စရာမလိုဘဲ အချိန်ကာလ တခုအကြာတွင် သက်သာသွားတတ်ကြပြီး အချို့မှာမူ မခံမရပ်နိုင်အောင်နာကျင်ခြင်းကို ဆက်လက် ခံစားနေရတတ်သည်။

တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် ဘာကြောင့် ဆိုးရွားပါသလဲ။

အချို့သော လက္ခဏာများသည် ချက်ချင်းဆိုသလို ဆေးကုသမှုများခံယူခြင်း၊ လိုအပ်လျှင် ခွဲစိတ်မှုများပြုလုပ်ခြင်းများလိုအပ်နိုင်သော်လည်း ထိုအခြေအနေမျိုးသည် ဖြစ်ခဲပါသည်။ ခြေထောက်အာရုံကြောများ အားနည်းခြင်းသည် တဖြေးဖြေးပိုဆိုးလာခြင်း၊ မြှီးညှောင့်ကြောထိသွားခြင်းကြောင့် ဆီးလမ်းကြောင်းဆိုင်ရာ လုပ်ငန်းဆောင်တာများ မူမမှန်ခြင်း နှင့် ကျောရိုးမတွင် အလုံးအကြိတ်များဖြစ်ခြင်းကြောင့် ရောဂါပိုးဝင်ခြင်း စသည့် အခြေအနေမျိုးမှသာ ချက်ချင်းဆိုသလို ဆေးကုသမှုများခံယူခြင်း၊ လိုအပ်လျှင် ခွဲစိတ်မှုများပြုလုပ်ခြင်းများလိုအပ်နိုင်ပါသည်။

ကုသမှုများနှင့် မိမိကိုယ်ကို ဂရုစိုက်စောင့်ရှောက်မှုများ

တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် ဖြစ်နေသော လက္ခဏာများကို သက်သာအောင်ကုခြင်းထက် ဖြစ်စေသော အကြောင်းရင်းကိုရှာပြီး ကုသခြင်းက ပိုထိရောက်မှုရှိပါသည်။

သို့သော် ထိုဝေဒနာများသည် ခွဲစိတ်ရန်လိုအပ်သည်မှာရှားပါးပြီး မိမိကိုယ်ကို အထုးဂရုစိုက်နေထိုင်ရသော ရောဂါမျိုးဖြစ်ပါသည်။ သို့သော် မခံမရပ်နိုင်အောင်နာကျင်သော ဆိုးရွားပြင်းထန်သော လက္ခဏာများရှိလျှင် ခွဲစိတ်မှုများပြုလုပ်ရန် လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။

ယေဘူယျအားဖြင့် သင်သည် မခံမရပ်နိုင်အောင်နာကျင်သော ဆိုးရွားပြင်းထန်သောဝေနာကို ခံစားနေရပြီဆိုလျှင် ဆရာဝန်ထံသွားပြပြီး အနာသက်သာအောင်ကုသမှုများခံယူခြင်း၊ နာကျင်မှုကို ဖြစ်စေနိုင်သော ကျန်းမာရေးအခြေအနေများကို ဆေးစစ်ခြင်းများပြုလုပ်သင့်ပါသည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sciatica. http://www.webmd.com/back-pain/tc/sciatica-topic-overview. Accessed January 12th, 2017.

Pain Management and Sciatica. http://www.webmd.com/back-pain/guide/sciatica-symptoms. Accessed January 12th, 2017.

 

ယခုပုံစံ

09/01/2022

Dr. K Zin Thwe မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ



Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement