တင်ပါးဆုံရိုးကျိုးခြင်းဟာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတစ်ခုဖြစ်ပြီး ၎င်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဟာ အသက်ကို ခြိမ်းခြောက်နိုင်တဲ့အထိ ဒုက္ခပေးတတ်ပါတယ်။ အသက်ကြီးလာလေ တင်ပါးဆုံရိုးကျိုးဖို့ အလားအလာများလေ ဖြစ်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
တင်ပါးဆုံရိုးကျိုးခြင်းဟာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတစ်ခုဖြစ်ပြီး ၎င်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဟာ အသက်ကို ခြိမ်းခြောက်နိုင်တဲ့အထိ ဒုက္ခပေးတတ်ပါတယ်။ အသက်ကြီးလာလေ တင်ပါးဆုံရိုးကျိုးဖို့ အလားအလာများလေ ဖြစ်ပါတယ်။
ပေါင်ရိုးရဲ့ အထက်ပိုင်းလေးပုံတစ်ပုံမှာ အရိုးကျိုးခြင်းကို တင်ပါးဆုံရိုးကျိုးခြင်းလို့ခေါ်ပြီး အရိုးကျိုးတဲ့ အတိုင်းအတာကတော့ အားသက်ရောက်မှုအပေါ် မူတည်ပါတယ်။ တင်ပါးဆုံရိုးကျိုးခြင်းဟာ သာမန်အရိုးကျိုးတဲ့ ပြဿနာသက်သက် မဟုတ်ဘဲ အသက်အရွယ်ကြီးသူတွေမှာ ကြီးမားတဲ့အခက်အခဲ ဖြစ်စေနိုင်တဲ့ အနှောင့်အယှက်တစ်ခုလို့ ဆိုနိုင်ပါတယ်။
တင်ပါးဆုံရိုးကျိုးတဲ့အခါ ခွဲစိတ်ကုသမှု ခံယူရဖို့များတဲ့အပြင် ပြန်ကောင်းလာဖို့လည်း တစ်နှစ်လောက် အချိန်ယူရမှာ ဖြစ်ပေမယ့် ကာယကုထုံးအကူအညီနဲ့ ကျိုးသွားတဲ့အစိတ်အပိုင်းတွေ ပြန်လည်သန်မာလာအောင်၊ ပြန်လည်လှုပ်ရှားနိုင်အောင် ပြုလုပ်နိုင်ပါတယ်။
အသက်အရွယ်ကြီးလာလေ ခန္ဓါကိုယ်က အရိုးအဆစ်တွေ အားနည်းလာလေ ဖြစ်တဲ့အတွက် တင်ပါးဆုံရိုးကျိုးနိုင်ချေ ပိုများလာမှာ ဖြစ်ပါတယ်။ ခန္ဓါကိုယ်ဟန်ချက်ထိန်းရန် ခက်ခဲခြင်း၊ အမြင်အာရုံအားနည်းခြင်း၊ အမျိုးစုံသောဆေးဝါးများ သောက်သုံးနေရခြင်း စတဲ့အချက်တွေက သက်ကြီးရွယ်အိုတွေကို ချော်ကျ၊ လဲကျစေနိုင်ပြီး တင်ပါးဆုံးရိုးကျိုးစေနိုင်ပါတယ်။
တင်ပါးဆုံရိုးကျိုးနိုင်ချေကို မြင့်စေတဲ့ အခြားအကြောင်းရင်းတွေကတော့
တင်ပါးဆုံရိုးကျိုးတဲ့ လက္ခဏာတွေကတော့
အောက်ပါအကြောင်းရင်းတွေကြောင့် အသက်အရွယ်ကြီးလာတာနဲ့အမျှ တင်ပါးဆုံရိုးကျိုးနိုင်ချေ မြင့်လာရခြင်း ဖြစ်ပါတယ်။
တင်ပါးဆုံရိုးကျိုးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
တင်ပါးဆုံရိုးကျိုးခြင်းက သင့်ကို အမှီအခိုမကင်း ဖြစ်စေသလို သင့်ရဲ့ ဘဝသက်တမ်းကိုပါ တိုတောင်းစေနိုင်ပါတယ်။ တင်ပါးဆုံရိုးကျိုးခြင်းကြောင့် အချိန်ကြာကြာ မလှုပ်ရှားဘဲ နေရာကတဆင့် အောက်ပါ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
သင့်အနေနဲ့ အရိုးအဆစ်တွေသန်မာအောင် ထိန်းသိမ်းပြီး ချော်လဲမကျအောင် အထူးသတိထားခြင်းအားဖြင့် တင်ပါးဆုံရိုးမကျိုးအောင် ကာကွယ်ဖို့ တိုက်တွန်းလိုပါတယ်။
Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။