မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
နံရိုးကျိုးခြင်းဟာ နံရိုးတစ်ချောင်းချောင်းကျိုးခြင်း၊ အက်ခြင်းကို ခေါ်ပါတယ်။ အဖြစ်အများဆုံးအကြာင်းရင်းကတော့ ရင်ဘတ်ပိုင်း ဒဏ်ရာရရှိမှုတွေဖြစ်တဲ့ ပြုတ်ကျခြင်း၊ ကား၊ ဆိုင်ကယ် မတော်တဆဖြစ်ခြင်းနဲ့ ကိုယ်ချင်းထိတွေ့ရတဲ့ အားကစားတွေရဲ့ ရလဒ်ပဲဖြစ်ပါတယ်။
နံရိုးအတော်များများက အက်ကွဲရုံသာဖြစ်ကြပါတယ်။ ဒါဟာ နာကျင်မှုကိုဖြစ်စေပေမယ့် တစ်စစီ ကျိုးသွားတဲ့ အရိုးတွေလောက်အန္တရာယ် မရှိပါဘူး။ ကျိုးသွားတဲ့ အရိုးရဲ့ အစွန်းဟာ သွေးကြောတွေနဲ့ ကိုယ်အင်္ဂါတွေဖြစ်တဲ့ အဆုတ်ကို ထိခိုက်နိုင်ပါတယ်။
အခြေအနေအတော်များများမှာ အရိုးကျိုးခြင်းဟာ သူကိုယ်တိုင် တစ်လ၊ နှစ်လအတွင်းမှာ ပြန်ကောင်းသွားတတ်ပါတယ်။ နာကျင်မှုကို ထိရောက်စွာ သက်သာစေတဲ့ဆေးတွေပေးခြင်းအားဖြင့် အသက်ပြင်းပြင်းရှူခြင်းနဲ့ အဆုတ်အအေးပတ်ခြင်းတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်လို့ အရေးကြီးပါတယ်။
Rib Fracture ဟာ အလွန် အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Rib Fracture ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာကတော့ နာကျင်မှုပဲဖြစ်ပါတယ်။ ဒီနာကျင်မှုဟာ အောက်ပါအချက်တွေ ပြုလုပ်ရင် ပိုဆိုးနိုင်ပါတယ်။
ဒဏ်ရာကြောင့် ပုံမှန်အတိုင်း အသက်မရှူနိုင်တော့ဘူုးဆိုရင် အောက်ပါအချက်တွေကို ခံစားရနိုင်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဒဏ်ရာရရှိအပြီး နံရိုးရှိတဲ့နေရာမှာ အလွန်နာကျင်နေရင်၊ အသက်ရှူရခက်ခဲနေရင်၊ အသက်ပြင်းပြင်းရှူရင် နာကျင်နေရင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
ဖိအား၊ ပြည့်တင်းခြင်း၊ ညှစ်ထားသလိုနာကျင်ခြင်းတွေကို ရင်ဘတ်နေရာမှာ ခံစားရပြီး မိနစ်အနည်းငယ်ထက် ပိုကြာရင် (သို့) နာကျင်မှုဟာ လက်မောင်း၊ ပုခုံးတွေကို ရောက်သွားရင် အရေးပေါ်အကူအညီယူသင့်ပါတယ်။ ဒီလက္ခဏာတွေက နှလုံးရပ်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
နံရိုးကျိုးခြင်းဟာ တိုက်ရိုက်ဒဏ်ရာရခြင်းတွေဖြစ်တဲ့ ကား၊ဆိုင်ကယ် မတော်မဆမှုများ၊ ပြုတ်ကျခြင်း၊ ကလေးငယ်အားနှိပ်စက်ခြင်းနဲ့ လူချင်းထိတွေ့ရတဲ့ အားကစားတွေကြောင့် ဖြစ်နိုင်ပါတယ်။ နံရိုးကျိုးခြင်းဟာ ဂေါက်ရိုက်ခြင်း၊ လှေလှော်ခြင်း၊ အချိန်ကြာမြင့်စွာ ပြင်းထန်စွာ ချောင်းဆိုးခြင်းတွေကြောင့် မကြာခဏ ဒဏ်ရာရရှိမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Rib Fracture ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
စစ်ဆေးမှုအပြီးမှာ ဆရာဝန်က နံရိုးတွေကို ညင်သာစွာ ဖိကြည့်မှာဖြစ်ပါတယ်။ အဆုတ်ကို နားထောင်ပြီး သင်အသက်ရှူစဉ်မှာ နံရိုးလှုပ်ရှားမှုကို ကြည့်မှာ ဖြစ်ပါတယ်။
အောက်ဖေါ်ပြပါ စစ်ဆေးမှု တစ်ခု (သို့) ပိုပြီး ပြုလုပ်နိုင်ပါတယ်။
နံရိုးကျိုးခြင်းအများစုဟာ ခြောက်ပတ်အတွင်း သူတို့ကိုယ်တိုင် ပြန်ကောင်းလာတတ်ပါတယ်။ လှုပ်ရှားမှုတွေကို ကန့်သတ်ခြင်း၊ ရေခဲကပ်ခြင်းတွေဟာ နာကျင်မှုကို သက်သာစေပြီး အနာကျက်ခြင်းကိုအားပေးပါတယ်။
ဆေး – နာကျင်မှုသက်သာစေတဲ့ ဆေးတွေဟာ အရေးကြီးပါတယ်။ အသက်ပြင်းပြင်းမရှူနိုင်ရင် အဆုတ်အအေးပတ်ခြင်းဖြစ်နိုင်ပါတယ်။ တကယ်လို့ သောက်ဆေးတွေနဲ့ မလုံလောက်ရင် ဆရာဝန်က ကြာရှည်ခံတဲ့ ထုံဆေးကို နံရိုးတွေကို ထောက်ပံ့ပေးတဲ့ အာရုံကြောတွေကို ထိုးပေးနိုင်ပါတယ်။
ကုထုံး – တကယ်လို့ နာကျင်မှုသက်သာပြီဆိုရင် တော့ ဆရာဝန်က အသက်ရှူလေ့ကျင့်ခန်းတွေကို ပြုလုပ်စေပြီး အသက်ပြင်းပြင်းရှူစေမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အသက်ဖြည်းညင်းစွာ ရှူခြင်းဟာ သင့်ကို အဆုတ်အအေးမိခြင်း ဖြစ်စေလို့ပဲဖြစ်ပါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Rib Fracture ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။