backup og meta

ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းနှင့် ပတ်သက်ပြီး ပေါ့ပေါ့ပါးပါး သိမှတ်စရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းနှင့် ပတ်သက်ပြီး ပေါ့ပေါ့ပါးပါး သိမှတ်စရာများ

    သင်သည် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဝေဒနာကို ခံစားနေရပြီဆိုလျှင် ယင်းသည် ရယ်စရာတခုမဟုတ်ပါ။ သို့သော် အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် အောက်ပါအချက်များသည် သင်ခံစားနေရသော နာကျင်မှုများကို ပိုပြီးသက်သာစေမည်ကို သင်တွေ့ရပါလိမ့်မည်။

    ထို့ပြင် သင်သက်သာသွားသည့်အခါ သင့်အပေါင်းအသင်းများက သင့်ခြေဖနောင့်အနာအကြောင်းမေးလာလျှင်လည်း သင့်အနေဖြင့် မျှဝေစရာ အတွေ့အကြုံတခုဖြစ်နေပေလိမ့်မည်။

    · ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများဆိုသည်မှာ ခြေဖနောင့်ရိုးနှင့် ခြေချောင်းရိုးများကို တွယ်ဆက်ထားသော တစ်သျူးများဖြစ်ပြီး အဆိုပါတစ်သျူးများရောင်ရမ်းခြင်းကို ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဟု ခေါ်ပါသည်။

    · အသက် ၂၅ နှစ် မှ ၆၅ နှစ်အတွင်းရှိသူများ၏ ၈၃% ခန့်တွင် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဖြစ်လေ့ရှိပါသည်။

    · အပြေးသမားများ၏ ၁၀% ခန့်ကလည်း ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဖြစ်လေ့ရှိပါသည်။

    · ထိုသို့ ဖြစ်သူများ၏ ၁၄%သည် ရှုးဖိနပ်များကို ပြောင်းစီးလိုက်ရုံနှင့် ဝေဒနာများသက်သာသွားကြောင်း တွေ့ရသည်။

    · ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် အသက်ကြီးသူများတွင်ဖြစ်လေ့ရှိသော်လည်း ယင်းကိုဖြစ်စေသော အကြောင်းရင်းကို တိတိကျကျမသိရသေးပါ။ သို့သော် ခြေထောက်ကို အမှတ်မထင်ဘဲ ထပ်ခါထပ်ခါ ထိခိုက်မှုများစုပေါင်းလာခြင်းမှ ကြာလာသောအခါ ဒဏ်ဖြစ်ခြင်းဖြစ်သည်ဟု ယူဆရပါသည်။

    · ခြေဖဝါးပြားသူများနှင့် ခြေအခုံးမောက်သူများတွင် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းပို ဖြစ်လေ့ရှိကြောင်းတွေ့ရပါသည်။

    · ထိုသို့ဖြစ်လျှင် ခြေဖနောင့်အောက်နေရာတွင် နာကျင်မှုကို အများဆုံး စတင်ခံစားရပြီး နာကျင်ဒဏ်ရာသည် ခြေဖနောင့်အရှေ့ ၄ စင်တီမီတာခန့်တွင်အများဆုံးဖြစ်တတ်ကြောင်း တွေ့ရသည်။

    · နာကျင်မှုသည် မနက်စောစောနိုးချိန် လမ်းစလျှောက်ချိန်နှင့် ခြေထောက်ပေါ်တွင် မည်သည်ကိုမှ အားမပြုထားဘဲ အချိန်ကြာမြင့်စွာအနားယူပြီး လမ်းစလျှောက်ချိန်များတွင် အဆိုဆုံးဖြစ်ကြောင်းတွေ့ရသည်။

    · ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် မကုဘဲထားလျှင် နာတာရှည်သွားနိုင်ပါသည်။ ထို့ကြောင့် ပြန်လည်သက်သာစေရန် အထက်ပါနည်းများ လိုက်နာဆောင်ရွက်ပါ။ ထိုသို့မဟုတ်လျှင် ခြေဖဝါး၊ ဒူးနှင့် ပေါင်၊ တင်ပါးများနာကျင်ခြင်းကြောင့် သင့်နေ့စဉ်အလုပ်များကို ထိခိုက်လာနိုင်ပါသည်။

    · ခြေဖဝါးနှင့် ပတ်သက်သော ကျန်းမာရေးပြသနာများတွင် တွယ်ဆက်တစ်သျူးများ ကြရှည်စွာရောင်ရမ်းခြင်းကြောင့်ဖြစ်သော ပြသနာသည် အများဆုံးဖြစ်ကြောင်းတွေ့ရပါသည်။

    · အများအားဖြင့် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများသည် အရွတ်များကဲ့သို့ပင် တဖြေးဖြေးချင်းသာ အနာကျက်ခြင်းဖြစ်သည့်အတွက် နာကျင်မှုသည် အချိန်ကြာမြင့်မည်ဖြစ်သည်။

    အချုပ်ဆိုရသော် အထက်ဖော်ပြပါများသည် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းနှင့်ပတ်သက်ပြီး သင့်အတွက် အသုံးဝင်မည့်အချက်များဖြစ်ပါသည်။ သင်သိထားရမည့် အရေးကြီးဆုံးအချက်မှာ ထိုသို့ဖြစ်လာလျှင် သက်သာအောင်ကုသရန်ကြိုးစားသင့်ကြောင်းနှင့် ၉၀% သော ဝေဒနာရှင်များသည် ခွဲစိတ်စရာ၊ နာကျင်စရာ ငွေအမြောက်အမြား ကုန်စရာမလိုဘဲ ပျောက်ကင်းနိုင်ကြောင်း သိထားရမည်ဖြစ်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement