backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Leukoplakia (ခံတွင်းထဲတွင်အဖြူရောင် အဖတ်များဖြစ်သောရောဂါ)


Dr. Sandy Kyaw မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Leukoplakia (ခံတွင်းထဲတွင်အဖြူရောင် အဖတ်များဖြစ်သောရောဂါ) ကဘာလဲ။

ခံတွင်းထဲတွင်အဖြူရောင် အဖတ်များဖြစ်သောရောဂါ ဆိုတာ အဖြ ူရောင်ရှိတဲ့ ခပ်ထူထူအဖတ်တွေဟာ ပါးအတွင်းဘက်၊ သွားဖုံး သို့မဟုတ် လျှာ တို့မှာ ကပ်နေတာကို ခေါ်ပါတယ် ဒီအဖတ်တွေဟာ များသောအားဖြင့် ဆေးလိပ်သောက်တဲ့လူတွေ

မှာ အဖြစ်များပြီး ဆဲလ် ပွားမှု များခြင်းကြောင့်ဖြစ်ရပါတယ်။၎င်းတို့

ဟာ ပုံစံမကျတဲ့ မတော်တဲ့ သွားတုတွေ ဝတ်ဆင်ခြင်း ဒါမှမဟုတ် ပါးအတွင်းထဲထည့်ပြီး ဝါးတတ်တဲ့အကျင့်ကြောင့် ဖြစ်ရပါတယ်။ တစ်ခါတစ်လေမျာ ဒီရောဂါဟာ ခံတွင်းကင်ဆာရောဂါတွေနဲ့တွဲတတ်ပါတယ်။ တကယ်လို့ မြင်ရတဲ့

အဖြ ူတွေဟာ သံသယဖြစ်စရာရှိပါက သင့်ဆရာဝန်က အသားစယူ

ကြည့်ဖို့ အကြံပေးပါလိမ့်မယ်။

သင့်သွားဆရာဝန်ကနေပြီး ဖြစ်နေတဲ့နေရာရယ် အသားစအဖြေတွေကို ကြည့်ပြီ ရောဂါကိုဘယ်လို ကုပေးရမလဲ ကြည့်ပါလိမ့်မယ်။ ဖြစ်စေတဲ့အချက်တွေကို ဖယ်ရှားခြင်းနဲ့ကုသမှုကို စတင်ပါတယ် ဆေးလိပ်ဖြတ်ခြင်း ဒါမှမဟုတ် မတော်တဲ့သွားအတု တွေ အဆင်မပြေတဲ့ သွားပြ ုပြင်ထားတဲ့ဟာတွေကို ဖယ်ရှားရပါမယ်။

လက္ခဏာများ

Leukoplakia (ခံတွင်းထဲတွင်အဖြူရောင် အဖတ်များဖြစ်သောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပုံစံမျိုးစုံနဲ့ ပြနိုင်ပါတယ်။ ပြောင်းလဲမှုတွေက သင့်သွားဖုံးတွေ၊ပါးအတွင်းမှာတွေ၊လျှာအောက်ဘက်မှာတွေနဲ့ လျှာ

မှာတွေဖြစ်တတ်ပါတယ်။ သူတို့တွေပေါ်လာနိုင်တဲ့ပုံစံကတော့

-အဖြ ူရောင် ဒါမှမဟုတ် မီးခိုးရောင်လိုလို အဖတ်တွေဖြစ်နိုင်ပြီး သုတ်ပစ်လို့လည်း မရပါဘူး

-ကိုင်ကြည့်ပါက ပုံစံမမှန်တဲ့ပုံ ဒါမှမဟုတ် ခပ်ပြားပြား ပုံမျိုး ရှိမယ်

-ထူပြီးမာသလို နေရာတွေရှိမယ်

-တစ်ခါတစ်လေ နီရဲ ထူထဲနေတတ်ပါတယ် ၎င်းကတော့ ကင်ဆာဖြစ်လာနိုင်မယ့်အခြေအနေမျိ ုးမှာပြောင်းလဲမှုဖြစ်ပါတယ်။

နောက်ထပ် ခံတွင်းထဲတွင်အဖြူရောင် အဖတ်များဖြစ်သောရောဂါပုံစံတစ်မျိ ုးကတော့ အမွေးနှင့်တူသောအဖြ ူရောင်အဖတ်များဖြစ်သောရောဂါ (hairy leukoplakia) လို့ခေါ်ပါတယ်။၎င်းက အဓိကအနေနဲ့ဆေးသောက်ခြင်းကြောင့် ဒါမှမဟုတ် ရောဂါများဖြစ်တဲ့ (HIV/AIDS)ရောဂါရှိတဲ့ ကိုယ်ခံအားနည်းနေတဲ့လူတွေမှာ ပိုပြီးကူးစက်ခံရပါတယ်။ ဒီပုံစံကတော့ ခပ်ပွပွရှိတဲ့အဖြ ူကွက်တွေ သင့်လျှာရဲ့ဘေးဘက်တွေမှာ အတွန့်အခေါက်လို အစင်းရာတွေလိုနဲ့တူတဲ့ ပုံစံမျိ ုးကို ဖြစ်စေပါတယ်။ ဒီဟာက ပါးစပ်ထဲမှာဖြစ်တဲ့ မှက္ခရုနဲ့ မှားတတ်ကြပါတယ်။ မှက္ခရုဆိုတာက ပိုးဝင်ခြင်းကြောင့် ရတဲ့ အဖြ ူရောင်အကွက်မျိ ုးဖြစ်ပြီး သုတ်ပစ်လိုက်လို့ရပါတယ်။ ဒီပါးစပ်ထဲက မှက္ခရုတွေဟာ လည်ချောင်းအနောက်ဘက်ကနေပြီး အစာရေမျိ ုအစပိုင်းထိ ရောက်နိုင်ပြီး ပါးအတွင်းထဲအထိပါ ရှိပါတယ်။ ပါးစပ်ထဲကမှက္ခရုဟာ HIV/AIDSရှိတဲ့လူတွေမှာ အတွေ့ရအများဆုံးဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

(အပေါ်မှာ ပြောတဲ့ လက္ခဏာတွေ သင့်ဆီရှိခဲ့တယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းမေးစရာတွေရှိခဲ့တယ်ဆိုပါက သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်က ပုံစံမတူစွာတုံ့ပြန်တတ်ပါတယ်။ အဲ့ဒါကြောင့် သင်နဲ့ ဘယ်အရာက အဆင်ပြေဆုံးဖြစ်မလဲဆိုတာကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။)

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Leukoplakia (ခံတွင်းထဲတွင်အဖြူရောင် အဖတ်များဖြစ်သောရောဂါ) ကို ဘယ်လိုကုသပါသလဲ

ကုသမှုရဲ့ပန်းတိုင်ကတော့ အဖြ ူဖတ်များကို ဖယ်ရှားပစ်ဖို့ပါပဲ။ ဖြစ်

စေတဲ့အကြောင်းအရင်းတွေကို ဖယ်ရှားခြင်းနဲ့ အဖြ ူဖတ် အကွက်တွေကို ပျောက်သွားအောင်လုပ်နိုင်ပါတယ်။

-သွားနဲ့ဆိုင်တဲ့ အကြောင်းအရင်းတွေကိုကုသပါ ၎င်းတို့ကတော့

ကြမ်းရှနေသော သွားများ၊မညီမညာဖြစ်နေသောသွားတုများ၊ မညီမညာဖြစ်နေသော သွားဖာထားခြင်းများ ဖြစ်ပါတယ်။

-ဆေးလိပ်သောက်တာကိုရပ်ခြင်း ဒါမှမဟုတ် ဆေးလိပ်နဲ့ဆိုင်တဲ့ ပစ္စည်းများ အသုံးပြ ုခြင်းကို ရပ်ခြင်း။

-အရက်မသောက်ပါနဲ့

တကယ်လို့ ဖြစ်စေတဲ့အကြောင်းအရင်းတွေကို ဖယ်ရှားပြီးတာမှ အဆင်မပြေပါကသင့်ဆရာဝန်က ဖြစ်နေတဲ့ အဖြ ူဖတ်တွေပေါ်မှာ ဆေးလိမ်းကြည့်ဖို့ ဒါမှမဟုတ် ခွဲစိတ်ဖယ်ရှားပစ်ဖို့အကြံပေးပါလိမ့်မယ်။

ဒီအမွေးနဲ့တူသော အဖြ ူဖတ်များဖြစ်ခြင်းဟာ ဗိုင်းရပ်စ် သတ်ဆေးတွေသောက်ခြင်းနဲ့ များသောအားဖြင့် ပျောက်သွားတတ်ပါတယ်။ ဖြစ်နေတဲ့နေရာကို ဆေးလိမ်းဖို့လည်း ဆရာဝန်က အကြံပေးပါလိမ့်မယ်။

တစ်ခါတစ်ရံမှာ ပါးစပ်နာခြင်းဟာအန္တရာယ်မပေးပေမယ့် စိတ်ရှုပ်စရာကောင်းသလို နာလည်းနာတတ်ပါတယ်။ သို့သော် ပါးစပ်ထဲက ပြသနာတွေဟာ တစ်ခြားဆိုးရွားနိုင်တဲ့အခြေအနေတွေကိုညွှန်ပြနေတာလည်းဖြစ်နိုင်ပါတယ်။

အောက်မှာပြောပြထားတဲ့အချက်တွေရှိပါက သင့်ဆရာဝန်နဲ့တွေ့ပါ

-နှစ်ပတ်အတွင်းမှာ ပါးစပ်ထဲက အဖြ ူဖတ်တွေ အကွက်တွေ ဒါမှမဟုတ် ပါးစပ်နာတာတွေက သူ့ဘာသာ ပျောက်မသွားခဲ့ပါက

-သင့်ပါးစပ်ထဲမှာ အလုံး သို့မဟုတ် အဖြ ူ၊အနီ၊ အမဲရောင်လို အဖတ်တွေ အကွက်တွေရှိပါက

-သင့်ပါးစပ်ထဲက တစ်ရှူးတွေက ပုံစံတစ်မျ ိုးထဲအဖြစ်ပြောင်းပြီး ဆက်လက်ဖြစ်နေပါကသင့်ဆရာဝန်နဲ့တွေ့ပါ။

ဘယ်လိုကာကွယ်နိုင်မလဲ။

သင်ကာကွယ်လို့ရနိုင်ပါတယ်။ အကယ်လို့

-ဆေးလိပ်နဲ့ ဆေးလိပ်နဲ့ဆိုင်သော ပစ္စည်းများအားလုံးကို ရှောင်ပါ။ သင်ဘယ်လို ဖြတ်ရမလဲဆိုတဲ့နည်းလမ်းတွေသိရဖို့ ဆရာဝန်ကိုမေးပါ။ တကယ်လို့ သင့်သူငယ်ချင်း ဒါမှမဟုတ်မိသားစု

ဝင်တွေဟာ ဆေးလိပ်ဆက်သောက်နေတယ်ဆိုရင် ဒါမှမဟုတ် ဆေးရွက်ကြီးတွေ ဝါးနေသေးတယ်ဆိုရင် ပုံမှန် သွားနှင့်ခံတွင်း ကျန်းမာရေးအတွက်စစ်ဆေးဖို့ သတိပေးပါ။ သွားနှင့်ခံတွင်းကင်ဆာများဟာ တော်တော်ဆိုးတဲ့အထိကိုနာကျင်မှု မပေးတတ်ပါဘူး။

-အရက်လျှော့သောက်ခြင်း ဒါမှမဟုတ် အရက်မသောက်ခြင်း။ အရက်ဟာ ခံတွင်းထဲမှာ အဖြ ူရောင်အဖတ်များဖြစ်သောရောဂါသို့မဟုတ် ကင်ဆာရောဂါများရဲ့အကြောင်းတစ်ချက်ဖြစ်ပါတယ်။ အရက်သောက်တာနဲ့ဆေးလိပ်သောက်တာကိုတွဲလုပ်ပါက ဆေးလိပ်ထဲမှာပါတဲ့ ဓါတုဓါတ်တွေက သင့်ပါးစပ်ထဲက တစ်ရှုးတွေကို ထိုးဖောက်ဖို့ပိုလွယ်စေပြီး ပိုပြီး အန္တရာယ်ပေးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Sandy Kyaw မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement