backup og meta

ခံတွင်းအနာ ပျောက်ကင်းအောင်ဘယ်လိုကုသမလဲ။

ခံတွင်းအနာအများစုဟာ ၁၀ရက် ၁၄ရက်အတွင်း သူ့ဘာသာအနာကျက်သွားတဲ့အတွက် သီးသန့်ကုသစရာမလိုပါ။ ဒါပေမယ့် ခံတွင်းအနာဆိုးဆိုးရွားရွားနှင့် အရမ်းနာကျင်နေပြီး နေ့စဉ်လုပ်ငန်းဆောင်တာများ (ဥပမာ- အစားစားသောက်ခြင်း) ကိုအနှောင့်အယှက်ပြုပြီဆိုရင်တော့ ကုသမှုခံယူရမှာဖြစ်ပါတယ်။ အကယ်၍ခံတွင်းအနာဟာ ရောဂါအခံတစ်ခုခုကြောင့် ဖြစ်တယ်လို့ထင်ရင်တော့အထူးကုဆရာဝန်ဆီမှာ ဆက်လက်ကုသမှုခံယူရမှာ ဖြစ်ပါတယ်။

ခံတွင်းအနာ ပျောက်ကင်းအောင်ဘယ်လိုကုသမလဲ။

ကိုယ်တိုင်ပြုလုပ်နိုင်သော နည်းလမ်းများ

ခံတွင်းအနာလေးရှိရုံမျှရှိတယ်ဆိုရင် မြန်မြန်ဆန်ဆန်ကျက်စေဖို့ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အဆင့်တွေရှိပါတယ်။

• သွားတိုက်တဲ့အခါသွားပွတ်တံအပျော့စားကို အသုံးပြုပါ။

• ခံတွင်းအနာမကျက်မချင်း မာကြောပြီး အပူအစပ်များသော၊ အက်စစ်ပမာဏများသော အစားအသောက်များကို ရှောင်ကြဉ်ပါ။ ကြေညက်စွာ ဝါးရလွယ်သော အစားအစာ ပျော့ပျော့လေးများကိုသာ စားသုံးပါ။

• သင့်ကို စိတ်ကျေနပ်ဖွယ်၊ စိတ်အပန်းဖြေဖွယ်ပေးနိုင်သော အားကစားများ (ဥပမာ-ယောဂ၊ တရားထိုင် (သို့) လေ့ကျင့် ခန်းပြုလုပ်ခြင်း) များနှင့် စိတ်ဖိစီးမှုကို လျှော့ချပါ။

• စိတ်ဖိစီးမှုလျော့ကျစေရန် စိတ်သက်သာရစေသော နည်းလမ်းများကို ရှာဖွေဖတ်ရှုပါ။

ချွန်ထက်သောသွား (သို့) ချွန်ထက်သော စားကြွင်းစားကျန်များကြောင့် ခံတွင်းအနာဖြစ်ခဲ့ရင် ၎င်းအရာများကို ဖယ်ရှားနိုင်ရင် ပါးစောင်အတွင်းကျန်ရှိနေခဲ့သည့် ခံတွင်းအနာဟာ သူ့အလိုလို သဘာဝအလျောက် သက်သာပျောက်ကင်း သွားစေနိုင်ပါတယ်။ ဒီလိုဖယ်ရှားဖို့ရင် သင့်ရဲ့သွားဆရာဝန်ထံသွားရောက်ပြီး ကုသမှုခံယူပါ။

ဆေးကုသမှု ခံယူခြင်း

လိုအပ်ရင် သင်ခံစားနေရတဲ့ ရောဂါလက္ခဏာများ ပျောက်ကင်းသက်သာစေဖို့အတွက် သင့်ရဲ့ဆရာဝန် (သို့) သွားဆရာ ဝန်ထံမှာ ကုသမှုခံယူပါ။

သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ဆီမှာ တိုင်ပင်မေးမြန်းပြီး ဆေးကုသမှုမှတ်တမ်းမပါဘဲ သင့် အတွက် အကောင်းဆုံးဖြစ်စေမယ့် အချို့သော ခံတွင်းအနာပျောက်ဆေးများကို ဝယ်ယူလို့ရပါတယ်။ အချို့သောကုသမှုများဟာ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နေသူများ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်လိုချင်သူများအတွက် မသင့်လျော်ပါ။ ခံတွင်းအနာပျောက်ကင်းစေတဲ့ အဓိကကုသမှုနည်းလမ်းများဟာ အတိုင်းအတာတစ်ခုအထိသာ ဖြစ်ပါ တယ်။ ယခုတစ်ကြိမ် ပျောက်ကင်းသွားစေနိုင်ပေမယ့်လည်း နောက်တစ်ကြိမ် ထပ်မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်စွမ်းမရှိပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.nhs.uk/Conditions/Mouth-ulcer/Pages/Treatment.aspx

ယခုပုံစံ

17/01/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘယ်လိုအခြေအနေမျိုးမှာ သွားနဲ့မေးရိုးခွဲစိတ်မှု လုပ်ဖို့ လိုမလဲ။

သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/01/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ