brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လှပသောနှုတ်ခမ်းများကို ပိုင်ဆိုင်နိုင်မယ့် နည်းလမ်းကောင်းများ

အမျိုးသမီးအများစုအတွက် နှုတ်ခမ်းလေးတွေဟာ အလွန်အရေးကြီးပြီး မျက်နှာရဲ့ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားတွေကို သဘာဝအတိုင်း ပန်းရောင်သန်းပြီး ပျော့ပြောင်းနေစေဖို့ နည်းလမ်းလေးတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

လှပသောနှုတ်ခမ်းများကို ပိုင်ဆိုင်နိုင်မယ့် နည်းလမ်းကောင်းများ

၁။ ရေ အမြောက်အမြားသောက်ပါ။

လူတိုင်း တစ်နေ့ကို ရေနှစ်လီတာလောက် သောက်ဖို့ လိုအပ်ပါတယ်။ ရေအလုံအလောက်သောက်ခြင်းဟာ တစ်နေ့တာလုံး လန်းဆန်းနေရုံသာမက နှုတ်ခမ်းနဲ့ အသားအရေ အတွက်လည်း ရေဓါတ်ဖြည့်တင်းပေးပါတယ်။

၂။ နှုတ်ခမ်းကို လျှာနဲ့ လျက်တဲ့ အကျင့်ကို ချက်ခြင်း ရပ်လိုက်ပါ။

နှုတ်ခမ်းခြောက်လာရင် လူတွေဟာ သူတို့ရဲ့ နှုတ်ခမ်းကို လျှာနဲ့ လျက်တတ်ကြပါတယ်။ ဒါဟာ နှုတ်ခမ်းသားပျော့ပြောင်းစေဖို့အတွက် အကျိုးမရှိတဲ့အပြင် နှုတ်ခမ်းသားကို ကာကွယ်ပေးတဲ့ အလွှာတစ်လွှာကို ပျက်စီးစေပြီး ခြောက်သွေ့စေတယ်လို့ Robert Brodell က ပြောပါတယ်။ ဒီလိုလုပ်မယ့်အစား နှုတ်ခမ်းအဆီ အသုံးပြုခြင်းနဲ့ ရေလုံလောက်စွာ သောက်ခြင်းဟာ နှုတ်ခမ်းကို လျက်စရာမလိုပဲ နှုတ်ခမ်းသား နူးညံ့စေနိုင်ပါတယ်။

၃။ လိုအပ်ချိန်တိုင်း ချေးချွတ်ပါ။

လူအချို့မှာ ဒီအကျင့်မရှိပေမယ့် ချေးချွတ်ခြင်းကို တစ်ပတ်တစ်ခါ ပြုလုပ်သင့်ပါတယ်။ ချေးချွတ်ဆေးတွေကို စတိုးဆိုင်တွေကနေ ဝယ်ယူရရှိနိုင်ပြီး ကိုယ်တိုင်လည်း ပြုလုပ်နိုင်ကာ သူတို့အကုန်လုံးဟာ အကျိုးရှိ ပါတယ်။ နှုတ်ခမ်းအရေပြားဟာ မျက်နှာအရေပြားလိုပါပဲ။ ချေးချွတ်ခြင်းဟာ နှုတ်ခမ်းအရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပစ်ပြီး နှုတ်ခမ်းတွေကို ပျော့ပြောင်းချောမွေ့လာစေပါတယ်။

၄။ နှုတ်ခမ်းတွေကို ကာကွယ်ဖို့ မမေ့သင့်ပါဘူး။

လူအများစုဟာ အရေပြားအတွက် နေလောင်ခံခရင်မ်တွေကို လိမ်းကြပေမယ့် အချို့ကတော့ နှုတ်ခမ်းကို နေပူဒဏ်က ကာကွယ်ဖို့ မေ့လျော့နေလေ့ရှိပါတယ်။ နှုတ်ခမ်းအတွက်ကိုတော့ နေလောင်ခံခရင်မ်ကို အသုံးမပြုသင့်ပဲ SPF ပါတဲ့ lip balm (နှုတ်ခမ်းအဆီ) ကို အသုံးပြုခြင်းဟာ နှုတ်ခမ်းကို ကာကွယ်ပေးနိုင်ပါတယ်။ သူတို့တွေထဲက အချို့ကတော့ Dior Addict Lip Glow နဲ့ Givenchy lip balm တို့ပဲ ဖြစ်ကြပါတယ်။

၅။ ခြောက်တဲ့ နှုတ်ခမ်းနီတွေကို အသုံးပြုသင့်သလား။

ခြောက်တဲ့ နှုတ်ခမ်းနီတွေဟာ ချစ်စရာကောင်းပြီး လှပတာကြောင့် အမျိုးသမီးတွေဟာ အထူးပွဲတွေအတွက် သူတို့ကို အမြဲသုံးစွဲလေ့ရှိပါတယ်။ ဒါပေမယ့် နှုတ်ခမ်းနီ အခြောက်တွေဟာ အလွန်ခြောက်သွေ့ပါတယ်။ ဒီနှုတ်ခမ်းနီတွေ အသုံးပြုတဲ့ အခါ နှုတ်ခမ်းကို ဘယ်လိုကာကွယ်ရမလဲ။ lip balm (နှုတ်ခမ်းနီအဆီ) တွေကို အသုံးပြုသင့်ပါတယ်။ နှုတ်ခမ်းနီ မဆိုးခင်မှာ ဓါတုပစ္စည်းတွေကနေ ကာကွယ်ဖို့ lip balm (နှုတ်ခမ်းနီအဆီ) ကို အရင်ဆိုး သင့်ပါတယ်။

၆။ သဘာဝအတိုင်း ပန်းရောင်သန်းတဲ့ နှုတ်ခမ်းရရှိဖို့ ဘာလုပ်သင့်ပါသလဲ။

နောက်ဆုံးကတော့ တစ်နေ့တာရဲ့အဆုံးမှာ နှုတ်ခမ်းနီတွေကို ဖျက်ပေးဖို့ သတိရသင့်ပါတယ်။ အမျိုးသမီး အများစုဟာ နှုတ်ခမ်းနီကို နေ့စဉ် အသုံးပြုကြပြီး ပြန်ဖျက်ဖို့ကျတော့ မေ့တတ်ကြပါတယ်။ အုန်းဆီ၊ သံလွင်ဆီ၊ ဗာဒံဆီ အစရှိတာတွေကို မိတ်ကပ်ဖျက်ဖို့ ရိုးရှင်းစွာ အသုံးပြုနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ နှုတ်ခမ်းကို ကာကွယ်ပေးရုံသာမက ရေဓါတ်ဖြည့်တင်း ပေးနိုင်ပါတယ်။

သင်ဟာ အမျိုးသမီးတစ်ဦးဆိုရင် လှပတဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်စေဖို့ အထက်ပါအချက်တွေကို သိထားသင့်ပါတယ်။

ရေးသားသူ- Dr Phyu Mon Latt

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 31/05/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။