backup og meta

ကော်ဖီနံ့နံသောခံတွင်းနံ့ကို ဘယ်လိုအနိုင်ယူမလဲ

ကော်ဖီနံ့နံသောခံတွင်းနံ့ကို ဘယ်လိုအနိုင်ယူမလဲ

ကော်ဖီသည် လူအများအတွက် အလွန်ကျော်ကြားသောသောက်စရာများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့ကိုနိုးကြားစေကာ လိုအပ်သောစွမ်းအင်ကိုပေးသည်။ သို့သော်ကော်ဖီတစ်ခွက်သောက်ပြီးလျှင် ခံတွင်းနံ့နံသည်ကိုသတိထားမိပါသလား။

ဘာကြောင့်ကော်ဖီကသင့်ခံတွင်းကိုအနံ့နံစေသလဲ။

ကျွန်ုပ်တို့ပါးစပ်ထဲထည့်သွင်းသည့် မည်သည့်အရာမဆိုခံတွင်းနံ့နံစေသည်။ မစားခင်ကတည်းက အနံ့နံသောအစားအစာသည် ခံတွင်းနံ့ကို ပိုဆိုးစေသည်။ ကော်ဖီတွင် ဆာ(လ်)ဖာဒြပ်ပေါင်းများစွာရှိခြင်းသည် ခံတွင်းနံ့နံစေသောတရားခံများထဲမှ တစ်ခုပင်ဖြစ်သည်။

ထို့ပြင်ကော်ဖီထဲရှိ ကဖိန်းဓါတ်သည် ပါးစပ်ကိုခြောက်သွေ့စေသည်။ သင့်ပါးစပ်မှ တံတွေးလုံလောက်စွာမထုတ်နိုင်လျှင် သင့်ပါးစပ်သည် နံလာမည်ဖြစ်သည်။ အကြောင်းမှာ တံတွေးကပါးစပ်ထဲရှိဘက်တီးရီးယားပိုးမွှားများကို သတ်နိုင်သောကြောင့်ဖြစ်သည်။ တံတွေးမရှိလျှင် ဘက်တီရီးယားပွားများကာ ခံတွင်းနံ့နံစေသည်။ တံတွေးကပုံမှန်သန့်ရှင်းပေးသော အစာအကြွင်းအကျန်များသည်လည်း တံတွေးမရှိသောအခါ ပြိုကွဲပြီးအနံ့နံစေသည်။

ကော်ဖီသောက်ခြင်းကြောင့် ခံတွင်းနံ့နံရသည့်နောက်ဆုံးအချက်တစ်ခုမှာ ကော်ဖီတွင်ပြင်းထန်းသောအနံ့ရှိခြင်းကြောင့်ဖြစ်သည်။ အခြားအနံ့နံစေသောအရာများနှင့်ပေါင်းစပ်ကာ ဆိုးရွားသောခံတွင်းနံ့ ဖြစ်စေသည်။ ဥပမာ ကော်ဖီထဲတွင် နို့ထည့်သောက်ခြင်းကလည်း ဖြစ်စေသည်။

ခံတွင်းနံ့မနံစေဘဲကော်ဖီသောက်ခြင်း

အသိသာဆုံးမှာ သွားတိုက်ခြင်းသည် cappuccino သောက်ပြီးနောက် မိတ်ဆွေများနှင့် နီးနီးကပ်ကပ်နေနိုင်ဖို့အလျင်မြန်ဆုံးနည်းလမ်းဖြစ်သည်။ ပီကေလည်း ဝါးရမည်ဖြစ်သည်။ သင်သည် သွားကြားထိုးတံကို အနံ့သက်သာအောင်သုံးနိုင်သည်(သို့) စမုန်စပါးစေ့များ ဝါး၍ရသည်။

လက်ဖက်စိမ်း သောက်တတ်အောင်ကြိုးစားပါ။ လက်ဖက်စိမ်းသည် ဆွေးသောသွားမှထုတ်သည့် အရောင်စွန်းသည့်ဆာ(လ်)ဖာဓါတ်ကို ဖယ်ပေးနိုင်သည်။ လေ့လာသူများမှ လက်ဖက်စိမ်းသည် အစာစားပြီးနောက် သွားကိုသန့်ရှင်းပေးသည့် တံတွေးထွက်အောင် လှုံ့ဆော်ပေးသည်ဟု အကြုံပြုသည်။ ရေတစ်ဖန်ခွက်သည် ကော်ဖီကိုဆေးကြောပေးရာတွင် ကူညီနိုင်သည်။

သင့်ပါးစပ်ထဲမှ တံတွေးပိုထွက်လာအောင် လုပ်ပေးနိုင်သော လျှင်မြန်လွယ်ကူသည့်နည်းလမ်းမှာ- ပန်းသီးစားပေးပါ။ ၎င်းတွင် တံတွေးထွက်စေသည့် အင်ဇိုင်းများရှိသည်။ (သို့) ဂျင်းလက်ဖက်ရည်သောက်ပြီး အနံ့ဖြစ်စေသည့် ဘက်တီးရီးယားများတိုက်ခိုက်ပါ။(သို့) ဒိန်ချဉ်စားပါ။ ၎င်းတွင် ဘက်တီးရီးယားကို ဆန့်ကျင်နိုင်သည့် ဂုဏ်သတ္တိများရှိသည်။ (သို့) ခံတွင်းနံ့ကိုေ ကာင်းကောင်းတိုက်ခိုက်နိုင်သည့် လေးညှင်းကိုဝါးစားပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why Does Coffee Cause Bad Breath?

http://www.livescience.com/33818-coffee-bad-breath-llmmp.html.

Coffee breath: Would you like your coffee with or without the bad breath? http://www.abc.net.au/local/stories/2009/07/10/2622265.htm.

How to Avoid Getting Coffee Breath.

http://drinks.seriouseats.com/2013/10/coffee-breath-how-to-avoid-and-fix-bad-breath-from-espresso.html.

Beat Your Smelly Coffee Breath!

http://www.menshealth.com/health/beat-smelly-coffee-breath.

ယခုပုံစံ

28/09/2022

Dr. Kaung Thar မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခံတွင်းသန့်စင်ဆေးရည် နဲ့ ဆေးသင့်၊မဆေးသင့်။

ခံတွင်းအနံ့ဆိုးခြင်းက ဖော်ပြနေသော သင့်ကျန်းမာရေး အကြောင်း



Dr. Kaung Thar မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement