backup og meta

သွားများအား အရောင်စွန်းထင်းစေနိုင်သည့် အစားအစာ ၈ မျိုး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားများအား အရောင်စွန်းထင်းစေနိုင်သည့် အစားအစာ ၈ မျိုး

    ကျွန်တော်တို့ နေ့စဉ် စားသောက်နေတဲ့ အစားအစာများဟာ ကျွန်တော်တို့သွားတွေကို အရောင်စွန်းထင်းစေနိုင်တယ်ဆိုတာ သင်သတိထားမိပါသလား။ တကယ်တော့ ကျွန်တော်တို့ဟာ သွားတွေကို အထောက်အကူပြုပစ္စည်းများ အသုံးပြုခြင်း၊ ဒါမှမဟုတ် သွားကျန်းမာရေးနဲ့ ပတ်သက်တဲ့ အလေ့အကျင့်ကောင်းများ မွေးမြူခြင်းဖြင့် ဂရုစိုက်နိုင်ပါတယ်။ ပြီးပြည့်စုံတဲ့ အပြုံးတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုရင်တော့ ကျွန်တော်တို့ သွားတွေဟာ ဖြူဖွေးသန့်စင်ပြီး ကျန်းမာဖို့ လိုအပ်ပါတယ်။ ယခုအကြောင်းအရာမှာ ကျွန်တော်တို့သွားတွေကို အရောင်စွန်းထင်းစေနိုင်တဲ့ အစားအသောက် ၈မျိုးကို ဖော်ပြသွားမှာပါ။ လှပတဲ့အပြုံးတစ်ခုကို ပိုင်ဆိုင်ချင်ရင်တော့ အောက်မှာရေးသားထားတဲ့စာတွေကို ဖတ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။

    ဘယ်ရီ

    ဘယ်ရီသီးတွေဟာ အရည်ရွှမ်းပြီး အဟာရရှိပေမယ့် သူ့မှာပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းတွေကတော့ သင့်သွားတွေရဲ့ ကြွေလွှာပေါ်မှာ ကပ်ကျန်ခဲ့ပြီး သင့်သွားပေါ်မှာ ပါးလွှာတဲ့ အလွှာပါးလေးတစ်ခုလို ဖြစ်ပေါ်လာစေပါတယ်။ သင်ဟာ ဘယ်ရီသီးဖျော်ရည်သောက်သုံးမယ်ဆိုရင် ပိုက်ကို အသုံးပြုသင့်ပါတယ်။ ပိုက်တွေက ဖျော်ရည်နဲ့ သင့်သွားတွေ တိုက်ရိုက်ထိတွေ့မှုကို ကာကွယ်ပေးပြီး သွားပျက်စီးမှုနှုန်းကို လျှော့ချပေးပါတယ်။ သင် ဘယ်ရီသီးစားမယ်ဆိုရင်တော့ စားပြီးပြီးချင်း ရေနဲ့ ပလုတ်ကျင်းဖို့တော့ မမေ့နဲ့နော်။

    ဥနီ

    သူ့ရဲ့ နီနီရဲရဲအရောင်က သင့်သွားကို နီရဲသွားစေမှာ အမှန်ပါပဲ။ သူ့ရဲ့အရောင်ဟာ အရမ်းစွန်းထင်းလွယ်တဲ့အတွက် သင် ဥနီဖျော်ရည်သောက်နေတုန်း အင်္ကျီ ပေသွားမယ်ဆိုရင် စိတ်ရှုပ်ရမှာ အမှန်ပါပဲ။ ဒါကြောင့် ဥနီကို အလွန်အကျွံ စားခြင်းဟာ သင့်သွားတွေကို ထိခိုက်စေနိုင်တယ် ဆိုတာ သံသယဝင်စရာ မလိုတော့ပါဘူး။ အဲ့အတွက် စားပြီးတိုင်း သွားတိုက်ပါ။ အဲ့ဒါမှ သင့်သွားတွေ နီနီရဲရဲ ဖြစ်မသွားအောင် ကာကွယ်နိုင်မှာပါ။ စားပြီးတိုင်း ချက်ချင်း ပလုတ်ကျင်းပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။

    ဘီစကွတ်မုန့်များ

    ဘယ်သူက ထင်မိမှာလဲ။ ဒါပေမယ့် ဘီစကွတ်မုန့်တွေဆိုတာ သန့်စင်ထားတဲ့ကစီဓါတ်တွေကို သကြားဓါတ်အသွင်ပြောင်းပြီး ပြုလုပ်ထားတာတွေပါ။ အဲ့ဒီသကြားဓါတ်တွေက ကျွန်တော်တို့သွားတွေမှာ နဂိုရှိပြီးသားဖြစ်တဲ့ ဘက်တီးရီးယားတွေအတွက် အဓိကအဟာရလို ဖြစ်သွားပါတယ်။ ဒါကြောင့် သကြားဓါတ်နဲ့ ကစီဓါတ် အလွန်အကျွံပါဝင်တဲ့ သရေစာတွေစားပြီး သွားမတိုက်ဘူးဆိုရင် သွားပိုးပေါက်တွေ ဖြစ်လာမှာ အမှန်ပါပဲ။

    Balsamic Vinegar (သစ်ဆီမွှေးတစ်မျိုးမှထုတ်လုပ်သော အမည်းရောင် အချိုအရသာ ဗာနီဂါ)

    ဗာနီဂါအမျိုးအစားအားလုံးကတော့ အက်စစ်ဓါတ်များပါဝင်တာမို့ အစာခြေဖျက်ခြင်းမှာ အထောက်အကူပြုကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့သွားတွေအတွက်တော့ မကောင်းပါဘူး။ ဗာနီဂါမှာ ပါဝင်တဲ့ အက်ဆစ်ဓါတ်တွေက သွားတွေရဲ့ ကြွေလွှာတွေကို ဖျက်ဆီးပြီး သွားများကို ထိခိုက်စေနိုင်ပါတယ်။ balsamic vinegar ဆိုရင်တော့ အက်ဆစ်ဓါတ်အပြင် အရောင်ကလဲ ရင့်တဲ့အတွက် သွားများကို အလွယ်တကူ စွန်းထင်းစေနိုင်ပါတယ်။ ကံကောင်းတာကတော့ balsamic vinegar ကို အများအားဖြင့် အရွက်သုပ်တွေနဲ့ စားလေ့ရှိတာပါပဲ။ အရွက်တွေက (အများအားဖြင့် ဆလပ်ရွက်) သွားများအပေါ် အကာကွယ်တစ်ခုအနေနဲ့ ဖုံးအုပ်ပေးပြီး ဗာနီဂါကြောင့် အရောင်စွန်းထင်းမှုကို လျော့နည်းစေလို့ပါ။

    ချဉ်ဖတ် (pickles)

    အချို့အစားအစာတွေ စားသောက်ရာမှာ ချဉ်ဖတ်နဲ့ဆိုရင် တော်တော်လိုက်ဖက်တာ သိကြမှာပါ။ အဲဒီ ချဉ်ဖတ်ဟာလည်း သင့်သွားကို ထိခိုက်စေတဲ့ အချက်ထဲက တစ်ချက်ပါပဲ။ ချဉ်ဖတ်မှာ ပါဝင်တဲ့ အချဉ်ဓါတ်က သင့်သွားရဲ့ကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။ ဗာနီဂါနဲ့ တခြားအက်ဆစ်ဓါတ်များများပါဝင်တဲ့ ပစ္စည်းတွေနဲ့ နှပ်ထားတဲ့ ချဉ်ဖတ်တွေကို သွားတွေအတွက် အဓိကရန်သူလို့ သွားဆရာဝန်များက သတ်မှတ်ထားတာပါ။ သင်အရမ်းကြိုက်လို့စားမယ်ဆိုရင်တော့ အရေအတွက် သတ်မှတ်ပြီး စားသင့်ပါတယ်။ စားပြီးပြီးချင်း သွားတိုက်ဖို့တော့ မမေ့နဲ့နော်။

    ကော်ဖီနဲ့ လက်ဖက်ရည်

    လူတိုင်းနီးပါး မနက်မိုးလင်းပြီဆို လန်းလန်းဆန်းဆန်းဖြစ်ဖို့ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည် သောက်လေ့ရှိကြပါတယ်။ ကော်ဖီနဲ့ လက်ဖက်ရည် အလွန်အကျွံ သောက်ခြင်းဖြင့် သင့်သွားတွေကို ဝါကျင်ကျင်အရောင် ပြောင်းလဲသွားစေနိုင်ပါတယ်။

    ခရမ်းချဉ်သီး ဆော့စ်

    ခရမ်းချဉ်သီးမှာ အက်ဆစ်ဓါတ်ပမာဏ အများအပြား ပါဝင်လေ့ရှိပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးဆော့စ် တွေက သင့်သွားကို ထိခိုက်စေနိုင်ပါတယ်။ အရောင်ကလဲ အနီရောင် တောက်တောက်ဆိုတော့ သွားကြွေလွှာတွေ မပျက်စီးဖို့ဆိုရင် စနစ်တကျ စားဖို့လိုပါတယ်။ အီတလီအစားအစာတွေကို စိတ်ချလက်ချ စားချင်ရင်တော့ ပန်းမုန်လာ ၊ ဟင်းနုနွယ် တို့ကို ဆော့စ်ထဲ ရောစပ်စားသောက်သင့်ပါတယ်။ ထိုအရွက်တွေက သင့်သွားအပေါ်လွှာကို ဖုံးအုပ်ပေးပြီး ပျက်စီးခြင်းကို လျှော့ချပေးလို့ပါ။

    အဲ့ဒါဆို ငါတို့က ဘာစားရမှာလဲလို့ တွေးပြီး စိတ်ရှုပ်သွားပြီလား။ ဘဝက တိုတိုလေးပါ။ အစားအသောက်တွေ လိုက်ရှောင်နေရင် ကုန်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဂရုစိုက်ဖို့ပဲ လိုအပ်တာပါ။ စားပြီးတိုင်း ပလုတ်ကျင်းမယ်၊ သွားမှန်မှန်တိုက်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

    လူတိုင်း သန့်ရှင်းဖြူဖွေးတဲ့ သွားအလှကို ပိုင်ဆိုင်ချင်ကြတာပါပဲ။ ဒါကြောင့်လဲ သွားဆရာဝန်တွေထံ ပြသပြီး သွားဖြူအောင်ကြိုးစားနေကြတာပေါ့။ ဒါတွေ ထိရောက်ဖို့ဆိုရင်တော့ အစားအသောက် ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ သွားဖြူစေတဲ့ ကုထုံးများဖြင့်လဲ သွားဆရာဝန်များက ကုသပေးနေပါပြီ။ ကျွန်တော်တို့ ကိုယ်တိုင်ကလဲ သွားနဲ့ခံတွင်း ကျန်းမာရေးကို ဂရုပြုမယ်ဆိုရင် လှပတဲ့ အပြုံးများ သေချာပေါက် ပိုင်ဆိုင်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Wathun Myat Chal မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement