backup og meta

သွားတိုက်ဆေးဘာကြောင့် အရေးကြီးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားတိုက်ဆေးဘာကြောင့် အရေးကြီးလဲ

    အစားအသောက်ပြီးသွားတိုက်ခြင်းသည် တကိုယ်ရည်သန့်ရှင်းခြင်းအတွက်အလုပ်များဆုံးသော လုပ်ဆောင်ခြင်းတစ်ခုဖြစ်သည်။ သွားတိုက်ခြင်း ပလုပ်ကျင်းခြင်းက အစာဖက်တွေကိုဖယ်ရန်ကူညီပေးနိုင်သည်။ ထိုအပြင် သွားနှင်သွားဖုံးကင်ဆာဖြစ်ခြင်းကိုလည်းနည်းစေသည်။ သို့သော် သွားတိုက်ခြင်းက သွားတိုက်ဆေးအပေါ်လည်းမှုတည်သေးသည်။

    ဘက်တီးရီးယားဆန့်ကျင်ပေးခြင်း။

    သွားတိုက်ဆေးက သွားရှိအဖက်များပေါ်ခြင်းကိုကာကွယ်ပေးခြင်းဖြင့် သွားဖုံးယောင်ခြင်း သွားနားယောင်ခြင်းကိုသက်သာစေသည်။ ပါးစပ်ထဲရှိ ဘက်တီးရီးယားက သွားထဲညှပ်နေသောအစာကို သွားဂျိုးပေါ်လာစေသည်။ ထိုအရာက သွားပိုးစားခြင်းနှင့်သွားဆုံး၇ှုံ့းသည်အထိဖြစ်စေသည်။

    ထိုအပြင် သွားတိုက်ဆေးတွင် ဒါတုများပါဝင်ပြီး ထိုအရာကသွားပေါ်တွင်နေကာ သွားကျိုးပေါ်ခြင်းအဖက်များကျန်နေခြင်းကိုကာကွယ်ပေးနိုင်သည်။ သွားတိုက်ဆေးတွင် ပိုးသတ်ဆေးအနည်းငယ်လည်းပါဝင်နိုင်ပြီး ပါးစပ်ရှိပိုးမွားများကိုသတ်ပေးနိုင်သည်။

    သွားတိုက်ဆေးပါဝင်ပစ္စည်းများ။

    များသောအားဖြင့် ဖလိုရိုက်ပါဝင်သည်။ ထိုအရာများကသွားကိုသန့်ရှင်းစေရုံမက ကာကွယ်ပေးသည်။ ဖလိုရိုက်က သင့်သွားအပေါ်ယံလွာကိုသန်မာစေပြီး ဘက်တီးရီးယားကြောင့်ဖြစ်သော အက်စစ်ပတ်ဝန်းကျင်မှကာကွယ်ပေးသည်။ သို့သော် သွားတိုက်ဆေးကိုမြိုချခြင်းမှရှောင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် အများကြီးမျိုချမိပါကအန္တရယ်ရှိသောကြောင့်ဖြစ်သည်။

    ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်သည်လည်းသွားတိုက်ဆေးတော်တော်များများတွင်ပါသည်။ အဓိကအားဖြင့်သွားဖြူလိုသည်ကဆိုသူများတွင်ပါသည်။ သိပ္ပံပညာရှင်များ၏သွားတိုက်ရာတွင် သန့်ရှင်းလုံခြုံပြီး ထိရောက်သောအရာဟုသက်သေပြပြီးဖြစ်သည်။ ဘိတ်ကင်းဆိုဒါကို စီးပွားဖြစ်သွားတိုက်ဆေးအဖြစ်မတီထွင်ခင် သွားတိုက်ရာတွင်အသုံးပြုများခဲ့သော ကွန်ပေါင်းတခုဖြစ်ခဲ့သည်။

    သင့်သွားက အရမ်းပူသောအေးသောအစာများကို ထိခိုက်လွယ်ပါက သင့်ကိုကူညီနိုင်သော အထူးပြုလုပ်ထားသည်သွားတိုက်ဆေးရှိပါသည်။ သွားတိုက်ဆေးရှိဓါတုများက အာရုံကြောကိုငြိမ်စေရန်ကူညီပေးနိုင်ခြင်း ဦးနောက်ကိုပို့သောအချက်များကိုကာကွယ်ပေးခြင်းတို့လုပ်ပေးနိုင်သည်။ သို့သော် ပြသာနာကချက်ခြင်းပျောက်သွားခြင်းမဟုတ်ပဲ အချိန်တခုလိုပြီး ပြီးပါကလည်း ပြန်မဖြစ်ဖို့ဆက်လုပ်ရန်လိုအပ်သည်။

    သွားတိုက်ဆေးကသင့်သွားအတွက်ကောင်းသည်။ သို့သော် သွားတိုက်ဆေးတစ်ခုတည်းကအကူအညီမဖြစ်သည်ကိုသိထားသင့်သည်။

    တခါလျင်သွားတိုက်ဆေးအများကြီးမသုံးပါနှင့်။ သွားတိုက်ရန်အချိန်ကောင်းကောင်းယူပြီး သွားတိုက်ရာတွင်ဂရုစိုက်ပါ။ ထိုမှာသာကျန်းမာပြီး လန်းဆန်းသောသွားကိုပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Nadi မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement