backup og meta

ပိုမိုဖြူဖွေးတောက်ပသော သွားများကို ပိုင်ဆိုင်နိုင်မည့် လျှို့ဝှက်ချက် (၁၀) ချက်


Dr. Sandar Lin မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိုမိုဖြူဖွေးတောက်ပသော သွားများကို ပိုင်ဆိုင်နိုင်မည့် လျှို့ဝှက်ချက် (၁၀) ချက်

    ဝါညစ်ထေးနေသော သွားများကြောင့် သင့်ပြုံးဖို့ ခက်နေပါသလား။ သင် အသက်ကြီးလာသည်နှင့်အမျှ အချို့အစားအသောက်များသည် သင့်သွားများကို အရောင်စွန်းထင်းစေသည်။ အချို့အရာများကို ကာကွယ်ပြီး အထူးပစ္စည်းအချို့ကို အသုံးပြုလျှင် သင့်သွားများကို နဂိုအတိုင်း တောက်ပဖြူဖွေးလာစေပါလိမ့်မည်။ တောက်ပသော အပြုံးများကို ပြန်လည်ပိုင်ဆိုင်ဖို့ ကူညီပေးမည့် နည်းလမ်းများကို အောက်တွင် ဆက်လက်ဖော်ပြထားပါတယ်။

    သင်ကိုယ်တိုင် ပြုလုပ်နိုင်မည့် သွားဖြူနည်း

    အပေါ်ယံသွားအစွန်းများကို ဆေးဆိုင်တွင် ဝယ်၍ရသော သွားဖြူဆေးပါသည့် သွားတိုက်ဆေး၊ သွားဖြူဆေးများနှင့် ဖယ်ရှားနိုင်သည်။ သွားအစွန်းချွတ်ပေးသော ပစ္စည်းများတွင် အဓိကပါဝင်သော ပစ္စည်းများမှာ သွားတိုက်ဆေးတွင် ပါဝင်သော အစွန်းချွတ်ဆေးအပျော့စားနှင့် ချေးချွတ်ဆေးများ ပဲဖြစ်ပါတယ်။

    သွားဖြူစေသော ပစ္စည်း

    အိမ်လုပ်သွားဖြူဆေးကိရိယာ အများစုမှာ Carbamide peroxide (သို့) Hydrogen peroxide တို့ ပါဝင်ပါသည်။ ထိုဓါတုပစ္စည်းများသည် အပေါ်ယံတွင် အချို့နက်ရှိုင်းသော အရောင်စွန်းထင်းမှုများကို ဖယ်ရှားပေးပါသည်။ ကိရိယာပေါ်မူတည်ပြီး ဒြပ်ပေါင်းများသည် သွားပွတ်တံနှင့် တိုက်ရသည်လည်းရှိသလို ဂျဲလ်အနေနှင့် အပေါ်၊အောက်သွားများ ပေါ် လိမ်းပေးပြီး ခန့်မှန်းခြေ ၄၅ မိနစ်ခန့် (အချိန်ပြောင်းလဲမှု ရှိနိုင်သည်။) ပါးစပ်ထဲတွင် ထားရသည်လည်း ရှိသည်။

    အိမ်သုံး သွားဖြူဆေး တိပ်ပြား

    သွားဖြူစေသော တိပ်ပြားများသည် Hydrogen peroxide ၅ ရာခိုင်နှုန်း ပါဝင်သော polyethylene အမျိုးအစား တိပ်ပြားဖြစ်သည်။ သွားဖြူစေရန် အိမ်တွင် အသုံးပြုနိုင်သည်။ တစ်ရက်လျှင် မိနစ် အနည်းငယ်ကပ်ထားနိုင်ပြီး တစ်ပတ်ခန့်ကပ်ထားနိုင်သည်။

    သွားဖြူစေသော သွားတိုက်ဆေး

    ပုံမှန်အများဆုံး အသုံးပြုသော သွားတိုက်ဆေး၊ ဂျယ်လ်နှင့် အရည်များသည် အရောင်စွန်းထင်းမှု အချို့ ကို ဖယ်ရှားပေးသည်။ သို့သော် အများစုသည် အထက်တွင် ဖော်ပြထားသော အစွန်းချွတ်ဆေးများမပါရှိပါ။ ထို့ကြောင့် ၎င်းတို့သည် သင့်သွားများကို ဖြူဖွေးစေရန် အာနိသင်နည်းခြင်း (သို့) အာနိသင် လုံးဝမရှိခြင်း ဖြစ်နိုင်သည်။

    သွားဖြူစေသော အိမ်သုံးနည်းများ

    မုတ်ဖုန့်ဆိုဒါ နှင့် တစ်ခါတစ်ရံ သံပုရာရည်ရောထားသော အရောသည် သွားဖြူစေသော အာနိသင်ရှိကြောင်း လူအများက အခိုင်အမာဆိုကြသည်။ တံတွေးစီးဆင်းမှုနှင့် ပန်းသီး၊ သစ်တော်သီး၊ မုန်လာဥကဲ့သို့သော အသီးများ၏ ပွတ်တိုက်မှုသည်လည်း သွားများကို ဖြူဖွေးစေသည်။

    စတော်ဘယ်ရီသီးတွင် အစွန်းဖယ်ရှားနိုင်သော အာနိသင်နှင့် သွားချိုးများကို ရှင်းလင်းနိုင်သော ဗီတာမင် စီ ဓါတ်နှစ်မျိုးလုံး ပါရှိသည်။ သကြားမပါသော ပီကေသည် တံတွေးထွက်အောင် လှုံ့ဆော်ကာ သွားများကို သန့်ရှင်းစေပြီး အသီးတွင် ပါသော အက်ဆစ်ဓါတ်ကို ဓါတ်ပြယ်စေသည်။

    ထိုအရာအားလုံးသည် ပိုမိုဖြူဖွေးသော သွားများကို ပိုင်ဆိုင်နိုင်မည့် အိမ်သုံးနည်းများ ဖြစ်သည်။

    သွားပြုပြင်ခြင်း နှင့် သွားဖြူခြင်း

    အကယ်၍ သင်သည် သွားစတီးကြိုး၊ သွားစိုက်ခြင်း၊ သွားဖာခြင်း၊ သွားကြွေအုပ်ခြင်း၊ သွားစွပ်ခြင်း ကဲ့သို့သော သွားဖက်ဆိုင်ရာ ပြုပြင်ကုသမှုများ ပြုလုပ်ထားပါက သွားဖြူဆေးများကို သတိထားပါ။ သွားဖြူဆေးများသည် သဘာဝသွားများကို အာနိသင်သက်ရောက်မှုရှိသော်လည်း အခြားပြုလုပ်၊ ပြုပြင်ထားသော သွားများအပေါ်တွင်တော့ သက်ရောက်မှု မရှိပါ။ ရလဒ်အနေဖြင့် သွားဖြူဆေးများ အသုံးပြုခြင်းသည် အချို့သွားများကို ပိုမိုဖြူဖွေးစေပြီး ပြပြင်ထားသော သွားများကိုတော့ သက်ရောက်မှုမရှိကာ အဆုံးတွင် သွားများ အရောင်မညီခြင်းကို ဖြစ်စေသည်။

    သွားအရောင်စွန်းထင်းခြင်းကို ကာကွယ်ခြင်း

    သွားအပေါ်ယံလွှာ၊ ကြွေလွှာသည် အသက်ကြီးလာသည်နှင့်အမျှ ပျက်စီးလာသည်။ သွားကြွေလွှာအောက်တွင် ဒန်တင် (dentin) ဟုခေါ်သော အလွှာတစ်ထပ်ရှိပြီး ထိုအလွှာသည် ပိုပြီး အဝါရောင်သန်းသည်။ ထို့ကြောင့် သင်အသက်ကြီးလာသည်နှင့် အမျှ သွားကြွေလွှာကို ထိခိုက်ပျက်စီးပြီး အရောင်စွန်းထင်းစေသော အစားအသောက်များကို စားသုံးခြင်းသည် အောက်အလွှာ ဒန်တင် (dentin) ကို ပေါ်လာစေသည်။ အရောင်မစွန်းထင်းစေသော အစားအသောက်များကို စားသုံးခြင်း နှင့် သွားဖြူဆေးများကို သတိနှင့် အသုံးပြုခြင်းသည် သွားဖြူစေသောကုထုံးကို တစ်နှစ်လောက် တာရှည်ခံစေသည်။ သွားဖြူဆေးများကို မကြာခဏ အလွန်အကျွံအသုံးပြုခြင်းသည် သွားများကို ပါးလွှာစေပြီး အပြာရောင် (သို့) ပြာညစ်ညစ်မီးခိုးရောင် ပြောင်းစေသည်။

    ဆေးလိပ်မသောက်ပါနဲ့

    သွားများကို အရောင်ပြောင်းစေသည့် အဖြစ်များဆုံး နှင့် အဆိုးဆုံး ဒြပ်ပေါင်းမှာ ဆေးရွက်ကြီးဖြစ်သည်။ ဆေးရွက်ကြီးဆေးလိပ်သောက်ခြင်း နှင့် ဆေးရွက်ကြီးဝါးခြင်းသည် သွားများကို ဝါညစ်ခြင်းနှင့် အတူ အညိုရောင်အစွန်းများကို အလျင်အမြန်ဖြစ်စေသည်။ ဆေးရွက်ကြီး ထုတ်ကုန်များသည် ကင်ဆာဖြစ်နိုင်ချေ အန္တရာယ်ကိုလည်း များစေပြီး ခံတွင်းနံ့ဆိုးနှင့် အန္တရာယ်ရှိသော သွားဖုံးရောဂါများကိုလည်း ဖြစ်စေနိုင်သည်။

    သွားကို အရောင်စွန်းထင်းစေသော အချိုရည်များ

    သွားကို အရောင်ပြောင်းစေပြီး စွန်းထင်းစေသော အချိုရည်များမှာ ကော်ဖီ၊ လက်ဖက်ရည်၊ အရောင်ရင့်ဆိုဒါ နှင့် သစ်သီးဖျော်ရည်များ အထူးသဖြင့် အရောင်ရင့် သစ်သီးဖျော်ရည်များ ဖြစ်ပါသည်။ အတွေ့အကြုံကို အခြေခံသည့် စည်းမျဉ်းအရ အကယ်၍ အချိုရည် (အစားအစာ)တစ်ခုသည် အဖြူရောင် တီရှပ်ကို စွန်းထင်းစေနိုင်လျှင်သွားကိုလည်း အရောင်စွန်းထင်းစေပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandar Lin မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement