backup og meta

သွား၊သွားဖုံး ပြည်တည်နာ


Wathun Myat Chal မှ ရေးသားသည်။ · 30/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွား၊သွားဖုံး ပြည်တည်နာ

    Dental abscess (သွား၊သွားဖုံးပြည်တည်နာ) ဆိုတာ သွားတွေ၊သွားဖုံးတွေနဲ့ အရိုးတွေစတဲ့ ခံတွင်းထဲကနေရာတွေ ပိုးဝင်တဲ့အခါမှာဖြစ်တတ်ပြီး ပြည်တွေအစုလိုက်တည်တတ်ပါတယ်။ မှန်ကန်တဲ့ကုသမှုသာမရှိခဲ့ရင် ပြည်တည်နာ ဟာပိုဆိုးပြီး ပိုပြီးပျံ့နှံ့ လာကာ အခြားသောကျန်းမာရေးအခြေအနေတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။

    ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့

  • ပိုးဝင်နေတဲ့သွားကို မကုသဘဲထားမိတာ
  • ခံတွင်းသန့်ရှင်းရေးညံ့တာ (ပုံမှန်သွားတိုက်သွားကြားထိုးခြင်းမပြုလုပ်ခြင်း)
  • ဆေးလိပ်သောက်ခြင်း
  • အရက်သောက်ခြင်း
  • အစားအသောက်မညီမျှခြင်း
  • အခြားကျန်းမာရေးအခြေအနေနဲ့ ဆေးဝါးကုသမှုများDental abscess (သွား၊သွားဖုံးပြည်တည်နာ) ရှိတဲ့သူတွေဟာ များသောအားဖြင့် ခံတွင်းထဲမှာနဲ့ မျက်နှာမှာတောင် နာကျင်မှုနဲ့ရောင်ရမ်းမှုတွေကိုခံစားရပါတယ်။ ပိုဆိုးလာတဲ့အခြေအနေမှာ ရောဂါဟာ အော့အန်ခြင်း၊ဖျားခြင်းနဲ့ ဝမ်းပျက်ခြင်း စတဲ့ ဝမ်းဗိုက်ပြဿနာတွေဖြစ်လာတတ်ပါတယ်။ အထက်ပါအချက်တွေသင်ခံစားနေရတယ်ဆိုရင် သွားဆရာဝန်ဆီသွားပြီး သွား၊သွားဖုံးပြည်တည်နာ အတွက်စစ်ဆေးမှုခံယူပါ။ ပုံမှန်ဆိုရင် သွးဆရာဝန်ဟာ ရုပ်ပိုင်းဆိုင်ရာဆန်းစစ်မှုနဲ့တင် ဆုံးဖြတ်လို့ရနိုင်ပါတယ်။ ပိုပြီးပြင်းထန်ရင်တာ့ အခြေအနေကိုလေ့လာဆန်းစစ်ဖို့ ဓါတ်မှန် တွေလိုကောင်းလိုနိုင်ပါလိမ့်မယ်။ ပြည်တည်နာ ကို အရောင်ကျဆေး ၊ နာကျင်မှုကိုပျောက်ကင်းစေတဲ့ဆေးတွေနဲ့ ကုသလို့ရပါတယ်။ အနာတွေပေါက်ထွက်သွားပြီဆိုရင် ရေနွေးနဲ့ဆေးပါ။ တကယ်လို့အနာက အလိုလိုပေါက်ထွက်မသွားဘူးဆိုရင် သွားဆရာဝန်က အနာကိုဖောက်ပြီး ပြည်တွေကိုထုတ်ပစ်ဖို့လိုပါလိမ့်မယ်။ ပိုပြီးပြင်းထန်တဲ့အနာတွေကိုတော့ မေ့ဆေးသုံးပြီးခွဲစိတ်ဖို့လိုအပ်ပါလိမ့်မယ်။ သင့်ရဲ့ဆရာဝန်ကတော့ သင့်အခြေအနေကိုပြန်လည်အကဲဖြတ်ဖို့ အဆိုပါအချက်တွေ လိုအပ်ပါလိမ့်မယ်။

    ပြည်တည်နာတွေ ပါးစပ်ထဲမှာမဖြစ်လာဖို့အတွက် ခံတွင်းသန့်ရှင်းရေးကောင်းကောင်းလုပ်ဖို့လိုပါတယ်။ဘယ်လိုသွားပျက်စီးခြင်းကိုမဆို စောစီးစွာကုသမှုခံယူပါ။ ဒါတင်မကဘဲ အရက်သောက်ခြင်းနဲ့ စီးကရက်သောက်ခြင်းကို ကန့်သတ်လိုက်ခြင်းကလည်း အိုင်းအနာမဖြစ်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။Dental abscesses (သွား၊သွားဖုံးပြည်တည်နာ) တွေဟာ အလွန်အမင်းနာကျင်စေတဲ့အပြင် အန္တရာယ်လည်းများလှပါတယ်။ ဒါကြောင့် သင့်ပါးစပ်ထဲမှာ ပြည်တည်နာဖြစ်နေတယ်လို့ သံသယဝင်နေရင် ကျွမ်းကျင်သူနဲ့ အမြန်ဆုံးစစ်ဆေးသင့်ပါတယ်။ ဒီအနာတွေကို ဆေးဝါးတွေ၊ ရိုးရှင်းတဲ့ ပြည်ဖောက်ခြင်း စသည်အားဖြင့် ကုသပျောက်ကင်းစေနိုင်ပါတယ်။

  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 30/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement