မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
ဝှစ်ပယ်ရောဂါဆိုတာ ရှားပါးဘက်တီးရီးယားရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်အနှံ့က စနစ်မျိုးစုံတို့ကို ထိခိုက်ကာ ရောဂါလက္ခဏာအမျိုးမျိုး ရရှိစေပါတယ်။ ခန္ဓါကိုယ်အခြားအစိတ်အပိုင်းများကို မပြန့်နှံ့ခင် အစာအိမ်နဲ့အူလမ်းကြောင်း (အဓိက အူသိမ်)မှာ အများဆုံးဖြစ်ပွားတတ်ပါတယ်။ ဝှစ်ပယ်ရောဂါဆိုတာ ရှားပါးပေမယ့် ဖြစ်ပွားလာရင်တော့ အသက်အန္တရယ်ရှိပါတယ်။
ဝှစ်ပယ်ရောဂါဟာ တော်တော်ရှားပါးပါတယ်။ အသက်၄၀နဲ့၆၀ကြား လူဖြူယောက်ျားတွေက အခြားလူမျိုးတွေထက် ဖြစ်ပွားနိုင်ခြေများပါတယ်။ ရေချိုမရှိတဲ့နေရာ၊ သန့်ရှင်းမှုမရှိတဲ့နေရာတွေမှာ ဖြစ်ပွားနှုန်းမြင့်မားပါတယ်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဝှစ်ပယ်ရောဂါက ခန္ဓါကိုယ်ကို အာဟာရဓါတ်တွေ မစုပ်ယူနိုင်အောင် တာဆီးပါတယ်။ ထိုအကြောင်းအရင်းကြောင့် ခန္ဓါကိုယ်အနှံ့ကို ထိခိုက်ပြီး ရောဂါလက္ခဏာမျိုးစုံဖြစ်ပွားလာပါတယ်။ ရောဂါအဆင့်မြင့်လာပြီဆိုရင် အူကနေ အခြားသော ကိုယ်အင်္ဂါတွေကို ပြန်နှံ့သွားပါတယ်။ အောက်ပါတို့ပါဝင်ပါတယ်။
ဝှစ်ပယ်ရောဂါရဲ့ အတွေ့ရများဆုံး ရောဂါလက္ခဏာတွေက အောက်ပါတို့ဖြစ်ပါတယ်။
အောက်ပါရောဂါလက္ခဏာတွေက အတွေ့မများသော်လည်း ရောဂါပိုဆိုးလာပြီဆိုတာကို ပြသပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
Tropheryma whipplei ဘက်တီးရီးယားက ဝှစ်ပယ်ရောဂါရဲ့ တစ်ခုတည်းသော အကြောင်းအရင်းဖြစ်ပါတယ်။ ထိုဘက်တီးရီးယားက ခန္ဓါအတွင်းပိုင်းအနာတွေဖြစ်စေပြီး တစ်ရှုးတွေ ထူလာစေပါတယ်။
ဗလိုင် ဆိုတာ အူအတွင်းမှ အာဟာရတွေ စုပ်ယူပေးသော လက်ချောင်းပုံတစ်ရှုးလေးတွေပါ။ ဗလိုင် ထူထဲလာတဲ့အခါမှာ ပုံသဏ္ဍန်တွေ ပြောင်းလဲသွားပါတယ်။ ဗလိုင်တွေ ပျက်စီးသွားပြီး အာဟာရဓါတ်တွေ ကောင်းကောင်းမစုပ်ယူနိုင်တော့ပါဘူး။ ထိုကြောင့် ဝှစ်ပယ်ရောဂါလက္ခဏာပေါင်းများစွာ ပေါ်ပေါက်လာပါတယ်။
ဝှစ်ပယ်ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားနဲ့ ပတ်သက်ပြီး အနည်းငယ်သာ သိရသေးတာကြောင့် ဖြစ်ပွားနိုင်ခြေများစေတဲ့ အကြောင်းရင်းတွေကိုတော့ သေချာမသိနိုင်သေးပါဘူး။ သတင်းပို့ချက်တွေအရ အောက်ပါတို့ကြောင့် ပိုဖြစ်နိုင်ခြေရှိပါတယ်။
နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
ဝှစ်ပယ်ရောဂါကို ရှာဖွေအတည်ပြုဖို့ အောက်ပါတို့ ပြုလုပ်နိုင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများ
ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေနဲ့ စတင်ပြီး ရောဂါရှိကြောင်းဖော်ပြနေမယ့် လက္ခဏာတွေကို ရှာဖွေပါလိမ့်မယ်။ ဥပမာ ဗိုက်အောင့်ခြင်း၊ အရေပြားအရောင်ရင့်ခြင်း (အထူးသဖြင့်နေထိသောနေရာများ) ပါဝင်ပါတယ်။
အသားစယူခြင်း
ဝှစ်ပယ်ရောဂါကို စစ်ဆေးအတည်ပြုဖို့ အရေးကြီးနည်းလမ်းတစ်ခုပါ။ အူသိမ်အတွင်းပိုင်းက အသားစကို ယူတာပါ။ ထိုသို့ပြုလုပ်ဖို့ရာ ပါးစပ်ကနေ ပိုက်ထည့်ခြင်းပြုလုပ်ပါတယ်။ ပါးစပ်၊ လည်ချောင်း၊ အစာရေမြိုနဲ့ အစာအိမ်တို့ကိုဖြတ်ပြီး အူသိမ်သို့ ရောက်ရှိသွားနိုင်သော ပျော့ပြောင်းသော ပိုက်ပါးလေးကို အသုံးပြုပါတယ်။ ထိုပိုက်က အစာခြေလမ်းကြောင်းကို ကြည့်ရှုစေနိုင်ပြီး အူတွင်းအသားစကို ရယူစေနိုင်ပါတယ်။ အူတွင်းနေရာအများအပြားမှ ရယူမှာပါ။ တစ်ရှုးကို မိုက်ကရိုစကုပ်ဖြင့် ကြည့်ပြီး ရောဂါဖြစ်စေသောဘက်တီးရီးယားနဲ့ ဒဏ်ရာများကို ရှာဖွေမှာပါ။ အူသိမ်မှ အသားစက ရောဂါကို အတည်မပြုပေးနိုင်ဘူးဆိုရင် ရောင်နေတဲ့ ပြန်ရည်ဖုကို အသားစယူခြင်းနဲ့ အခြားသောစစ်ဆေးမှုတို့ကို ပြုလုပ်နိုင်ပါတယ်။
အသားစ သို့မဟုတ် CSF အရည်တို့ကို အချို့သော ဓါတ်ခွဲခန်းတွေမှာ PCR ခေါ် DNA စစ်ဆေးမှုပြုလုပ်ပြီး Tropheryma whipplei ဘက်တီးရီးယားကို ရှာဖွေနိုင်ပါတယ်
သွေးစစ်ခြင်း
သွေးဆဲလ်အားလုံးရေတွက်ခြင်းလိုမျိုး သွေးစစ်ခြင်းတွေ ပြုလုပ်ခိုင်းနိုင်ပါတယ်။ သွေးစစ်ခြင်းဖြင့် ဝှစ်ပယ်ရောဂါ၊ သွေးအားနည်းရောဂါ (သွေးနီဥနည်းခြင်း)၊ အယ်ဗျူမင်နည်းခြင်း (သွေးတွင်းပရိုတင်းတစ်မျိုး) တို့ကို သိရှိနိုင်ပါတယ်။
ပဋိဇီဝဆေးကို ခပ်ပြင်းပြင်းပေးတာက ပထမဆုံးခြေလှမ်းပါပဲ။ ပဋိဇီဝဆေးကို အကြောထဲကနေ ၂ပတ်ကြာပေးပါတယ်။ ပြီးနောက် ပဋိဇီဝသောက်ဆေးကို ၁နှစ်၊၂နှစ်လောက် ဆက်သောက်ရနိုင်ဖွယ်ရှိပါတယ်။
အခြားသောကုသနည်းတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်
ဝှစ်ပယ်ရောဂါဆိုတာ မကုသဘဲထားပါက သေစေနိုင်သော ဘက်တီးရီးယားရောဂါတစ်မျိုးပါ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဝှစ်ပယ်ရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
ကုသမှုစတင်ပြီးတာနဲ့ ရောဂါလက္ခဏာ တော်တော်များများက တစ်လအတွင်းမှာပဲ ပျောက်ကင်းသွားကြပါတယ်။ သင်အကောင်းဆုံးလုပ်နိုင်တာကတော့ ပဋိဇီဝဆေးတွေကို ဆက်သောက်နေဖို့ပဲဖြစ်ပါတယ်။ ပြန်ဖြစ်တာများပါတယ်။ ပြန်ဖြစ်တဲ့အခါ အာရုံကြောပိုင်းဆိုင်ရာ ရောဂါလက္ခဏာများပါ အပိုပေါ်လာနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။