မေးခိုင်ရောဂါသည် Clostridium tetaniဟုခေါ်သောဘတ်တီးရီးယားတစ်မျိုးကြောင့်ဖြစ်ပွားပါသည်။ ထိုဘတ်တီးရီးယားသည် ကမ္ဘာအနှံ့ရှိပြီးအဓိကအားဖြင့် မြေကြီးထဲတွင် တွေ့ရပါသည်။ ဘတ်တီးရီးယားသည် အာရုံကြောပျက်စီးမှု ကိုဖြစ်စေသောအဆိပ်အတောက်များကိုထုတ်လွှတ်ပါသည်။ အာရုံကြောများကထိန်းချုပ်ထားသော ကြွက်သားများသည် တောင့်တင်းလာပြီးထုံထိုင်းလာပါသည်။ လျင်မြန်စွာမကုသပါကအသက်ရှုမှုကို ပြုလုပ်ပေးသော ကြွက်သားများအလုပ် လုပ်ခြင်းရပ်ကာလူနာသေစေနိုင်ပါသည်။ မေးခိုင်ခြင်းအမျိုးအစားတွင် ခန္ဓါကိုယ်အနှံ့၊ တစ်နေရာတည်း နှင့် မွေးကင်းစဟူ၍ ရှိပါသည်။ မေးခိုင်ရောဂါသည် ကူးစက်ပျံ့နှံ့ခြင်းမရှိပါ။ ကာကွယ်ဆေးလည်းရှိပါသည်။

မေးခိုင်ရောဂါသည် အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများတွင် ကာကွယ်ဆေးမထိုးထားသောသူများတွင် ဖြစ်ပွားလေ့ရှိပါသည်။ ကလေးငယ်များ နှင့် လူငယ်များတွင် ရောဂါ ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။
ခန္ဓါကိုယ် မေးခိုင်ရောဂါသည် အဖြစ်အများဆုံးအမျိုးအစား ဖြစ်သည်။ ထိခိုက်မှု သို့မဟုတ် ရောဂါပိုးဝင်ပြီး ၇ရက် အတွင်းသင်၏ ကြွက်သားများသည် တင်းမာလာပြီးနာကျင် သောတက်ခြင်းတို့ဖြစ်နိုင်ပါသည်။ မေးရိုး၊ လည်ပင်း၊ ပုခုံး၊ ကျော၊ ဝမ်းဗိုက် အပေါ်ပိုင်း၊ လက်မောင်း နှင့် ပေါင်တို့တွင် အဖြစ်အများဆုံး ဖြစ်ပါသည်။ အချို့လူများတွင် ခန္ဓါကိုယ် အနှံ့ နာကျင်ခြင်း ဖြစ်နိုင်ပါသည်။ ရောဂါသည် မပြင်းထန် ( တက်ခြင်းအနည်းငယ်ဖြင့် ကြွက်သားနာခြင်း)၊ အသင့်အ တင့် ( မေးခိုင်ပြီးမျိုချရာတွင် ခက်ခဲခြင်း) သို့မဟုတ် ပြင်းထန် ( ပြင်းထန်စွာတက်ခြင်း၊ အသက်ရှု ရပ်ခြင်း) ဖြစ်နိုင်ပါ သည်။
မေးခိုင်ခြင်းသည် တစ်နေရာတည်းတွင် ဖြစ်ခြင်းမဟုတ် ပါ။ ရောဂါလက္ခဏာများသည် အနာဝန်းကျင် ရှိ ကြွက်သားများတွင် ပေါ်လာပါသည်။
အထက်တွင် ဖော်ပြ မထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
သင်သည် ထိခိုက်ဒဏ်ရာရပါကအနာသည် ညစ်ပတ်ပြီးနက်ပါကမြေကြီးများတိရစ္ဆာန်မစင်များရှိပါကသင်သည် ဆရာဝန် နှင့် သွားရောက်ပြသပြီးမေးခိုင်ကာကွယ်ဆေးထိုးသင့်ပါသည်။ သင်သည် မေးခိုင်ကာကွယ်ဆေးမထိုးဘဲ ၁၀ နှစ်ကြာပါကဆရာဝန်နှင့် ပြသပြီးကာကွယ်ဆေးထိုးပါ။
အထက်တွင် ဖော်ပြထားသောရောဂါလက္ခဏာများရှိ ပါကသို့မဟုတ် မေးလိုသည်များရှိပါကဆရာဝန်နှင့် တိုင် ပင် ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ် တုံ့ပြန်မှုသည် မတူညီပါ။ သင့်အခြေအနေအတွက် အကောင်းဆုံးဖြစ်အောင် ဆရာဝန် နှင့် အမြဲတိုင်ပင်ပါ။
အနာတွင် ရောဂါပိုးဝင်ခြင်းသည် မေးခိုင်ရောဂါကို ဖြစ် စေသည်။ ဘတ်တီးရီးယားမျိုးစေ့သည် အရေပြာအနာအားဖောက်ဝင်ကာကွဲပွားပြီးအဆိပ်အတောက်များကိုထုတ်လုပ် ပါသည်။ ထိုအဆိပ်အတောက်များသည် အာရုံကြောအမျှင် များ၏ အမြီးတွင် ကပ်တွယ်ပါသည်။ အဆိပ်သည် ကျောရိုးမနာဗ်ကြောနှင့် ဦးနှောက်ဆီသို့ တဖြည်းဖြည်းပျံ့နှံ့သွားပါ သည်။ အဆိပ်အတောက်သည် ဦးနှောက်နှင့် ကျောရိုးမနာဗ် ကြောမှ ကြွက်သားများသို့ပို့သောဓါတုအချက်ပြမှုများကိုပိတ်ပင်ပါသည်။ တက်ခြင်းကို ဖြစ်စေပါသည်။ အသက်ရှုရပ် ကာသေသည်အထိ ဖြစ်နိုင်ပါသည်။ မွေးကင်းစတွင်ဖြစ် သောမေးခိုင်ရောဂါသည် ချက်ကြိုးဖြတ်ရာတွင် ရောဂါပိုးဝင် ခြင်းကြောင့် ဖြစ်နိုင်ပါသည်။
မေးခိုင်ရောဂါဖြစ်နိုင်ချေကို မြင့်စေသောအချက်များစွာရှိပါသည်။ ၎င်းတို့မှာ-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်သည် ဆေးစစ်ခြင်း၊ အသေးစိတ် ကြွက်သားနှင့် အာရုံကြောဆိုင်ရာစစ်ဆေးခြင်းတို့ဖြင့် မေးခိုင်ရောဂါကိုအတည်ပြုနိုင်ပါသည်။ ဆရာဝန်သည် သင့်အနာပေါ်တွင် အ ဝတ်စဖြင့် ပွတ်ပြီးနမူနာယူကာဓါတ်ခွဲခန်းသို့ပို့ပါသည်။ မေးခိုင်ရောဂါပိုးကိုရှာဖွေရန် ဖြစ်ပါသည်။ ဆရာဝန်သည် သွေးစစ်ခြင်းလည်း ပြုလုပ်နိုင်ပါသည်။ မွေးကင်းစကလေးများတွင် ဖြစ်သောမေးခိုင်ရောဂါကိုကလေး၏ ရောဂါလက္ခ ဏာများအပေါ်မူတည်၍ အဖြေရှာနိုင်ပါသည်။
ဆရာဝန်သည် အဆိပ်များ၏ ရင်းမြစ်ကိုဖယ်ရှားခြင်း၊ အဆိပ်ဖြေခြင်း၊ တက်ခြင်းကိုကာကွယ်ကုသခြင်းတို့ဖြင့် မေးခိုင်ရောဂါကိုကုသပါသည်။ အောက်ပါတို့ပါဝင်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများအသုံးပြုခြင်းသည် မေးခိုင်ရောဂါကိုကုသရာတွင် ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် မေးခိုင်ရောဂါ ကိုထိန်းချုပ်နိုင် ပါသည်။
အကယ်၍ သင့်တွင် မေးခွန်းများရှိပါကသင့်အတွက် သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။