backup og meta

Mrsa (Methicillin-Resistant Staphylococcus Aureus) (ဆေးမတိုးသော Staphyloccus ဘက်တီးရီးယားပိုး ကူးစက်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Mrsa (Methicillin-Resistant Staphylococcus Aureus) (ဆေးမတိုးသော Staphyloccus ဘက်တီးရီးယားပိုး ကူးစက်ရောဂါ) ကဘာလဲ။

MRSA ဆိုတာ methicillin-resistant Staphylococcus aureus ကို အတိုကောက်ခေါ်တာဖြစ်ပါတယ်။ MRSA ဆိုတာ staph ဆိုတဲ့ ပိုးမွှားက သူ့ကို သေစေတဲ့ ပဋိဇီဝဆေးတွေကို ခံနိုင်ရည် ရှိနေပြီး ရောဂါမသက်သာစေတာကို ခေါ်ပါတယ်။ MRSA က ခန္ဒါကိုယ်တွင်း ထိုးဖောက်ဝင်နိုင်ပြီး ကူးစက်ရောဂါတွေဖြစ်တဲ့ အရိုး၊ အဆစ်၊ သွေး၊ နှလုံးအဆို့ရှင်များ နှင့် အဆုတ်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

အချိန်မှီ မကုနိုင်လျှင် သေတဲ့ အထိဖြစ်နိုင်ပါတယ်။ MRSA ရောဂါက သင့်ရဲ့ အရေပြားကို အဓိကပြန့်နှံ့ပြီး တခါတရံမှာ နာကျင်တဲ့ အရေပြားရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ MRSA ကို Hospital Acquired-HA-MRSA နှင့် Community Acquired-CA-MRSA ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။

Mrsa (Methicillin-Resistant Staphylococcus Aureus) (ဆေးမတိုးသော Staphyloccus ဘက်တီးရီးယားပိုး ကူးစက်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

MRSA က လူတိုင်းမှာ ဖြစ်တတ်ပါတယ် အထူးသဖြင့် လူထူထပ်တဲ့ နေရာမှာနေတဲ့ လူတွေမှာ ပိုဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Mrsa (Methicillin-Resistant Staphylococcus Aureus) (ဆေးမတိုးသော Staphyloccus ဘက်တီးရီးယားပိုး ကူးစက်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

MRSA ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အရေပြားမှာ အနီဖုလေးတွေ ပေါက်ခြင်းဖြစ်ပါတယ်။

ထို့ပြင် တခြား လက္ခဏာတွေကတော့

• ရင်ဘတ်အောင့်ခြင်း

• ချောင်းဆိုးခြင်း သို့ အသက်ရှူကြပ်ခြင်း

• မောပန်းခြင်း

• ဖျားပြီး ချမ်းတုန်ခြင်း

• နေလို့ မကောင်းခြင်း

• ခေါင်းကိုက်ခြင်း

• အင်ပြင်များထခြင်း

• အနာမကျက်နိုင်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Mrsa (Methicillin-Resistant Staphylococcus Aureus) (ဆေးမတိုးသော Staphyloccus ဘက်တီးရီးယားပိုး ကူးစက်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

S.aureus ဘက်တီးရီးယားဟာ ပဋိဇီဝဆေးတွေကို နှစ်ပေါင်းများစွာ ကြာလာပြီးနောက် methicillin ကို ခံနိုင်ရည်ရှိလာပါတယ်။ MRSA အများစုဖြစ်တာကတော့ ရောဂါပိုးရှိသူနှင့် အရေပြားခြင်းထိမိခြင်း သို့ ရောဂါပိုးရှိတဲ့ ပစ္စည်းကို လဲလှယ်သုံးမိခြင်းတို့ကြောင့် ဖြစ်ကြပါတယ်။

ထို့ပြင် ခုခံအားစနစ် အားနည်းတဲ့ သူတွေ အထူးသဖြင့် ခွဲစိပ်မှု ခံယူထားသူတွေ၊ ကင်ဆာကုသမှု ခံယူထားသူတွေ၊ ကျောက်ကပ်ဆေးထားသူများမှာ MRSA ဖြစ်ပွားနိုင်ချေ ပိုများနိုင်ပါတယ်။

Risk factors

Mrsa (Methicillin-Resistant Staphylococcus Aureus) (ဆေးမတိုးသော Staphyloccus ဘက်တီးရီးယားပိုး ကူးစက်ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

MRSA ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

• ဆေးရုံတက်ခြင်း (ဆေးရုံ လူနာသွားကြည့်ခြင်း၊ ဆေးရုံတက်ရခြင်း၊ ဆေးရုံမှာ အလုပ်လုပ်ခြင်း)

• တွန်းတိုက်ရတဲ့ အားကစားမှုတွေမှာ ပါဝင်ခြင်း။MRSA က ပြတ်ရှဒဏ်ရာ သို့ ပွန်းပဲ့မှုတွေ နှင့် အရေပြား မှ အရေပြား သို့ လွယ်လွယ် ပြန့်နှံ့ နိုင်ပါတယ်။

• လူထူထပ်သော သို့ မသန့်ရှင်းတဲ့ နေရာများမှ နေထိုင်ခြင်း

• အမျိုးသားခြင်း လိင်တူဆက်ဆံခြင်း။ အမျိုးသားလိင်တူဆက်ဆံသူတွေမှာ MRSA ဖြစ်နိုင်ချေပိုများပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ MRSA မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Mrsa (Methicillin-Resistant Staphylococcus Aureus) (ဆေးမတိုးသော Staphyloccus ဘက်တီးရီးယားပိုး ကူးစက်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

အရေပြား အသားစနမူနာ၊ ပြည်၊ သွေး၊ ဆီးနှင့် နှာခေါင်းရည်များကို စစ်ဆေးခြင်းဖြင့် ရောဂါအဖြေရှာနိုင်ပါတယ်။ ဓါတ်ခွဲခန်းထဲမှာ ၎င်းတို့ကို ပိုးမွေးခြင်းဖြင့် MRSA ဘက်တီးရီးယား ရှိမရှိ သိနိုင်ပါတယ်။

Mrsa (Methicillin-Resistant Staphylococcus Aureus) (ဆေးမတိုးသော Staphyloccus ဘက်တီးရီးယားပိုး ကူးစက်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

တချို့ရောဂါပိုးတွေက ပဋိဇီဝဆေး မလိုအပ်ပါဘူး။ အနာတွေကို အရင်ဆုံးလှီးထုတ်ခြင်းနှင့် စုပ်ထုပ်ခြင်းတို့ဖြင့် ကုသပါတယ်။ ပေးနိုင်တဲ့ ဆေးဝါးတွေကတော့ trimethoprim/ sulfamethoxazole နှင့် ဆေးအသစ်တွေဖြစ်တဲ့ linezolid၊ daptomycin၊ quinupristin/dalfopristin၊ tigecycline နှင် telavancin တို့ဖြစ်ကြပါတယ်။ HA-MRSA ရောဂါရှိတဲ့ လူနာတွေကိုတော့ သီးသန့်ထားသင့်ပါတယ်။ လူနာစောင့်တွေ နှင့် ကျန်းမာရေး အလုပ်သမားတွေကို အကာအကွယ် အဝတ်အစားတွေဝတ်စေခြင်းနှင့် လူနာနှင့် ထိတွေ့ပြီးလျှင် လက်ဆေးစေရပါမယ်။ အခန်းတွင်းနှင့် အခင်းတွေကို ပိုးသတ်ရပါမယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက MRSA (Methicillin-Resistant Staphylococcus Aureus) (ဆေးမတိုးသော Staphyloccus ဘက်တီးရီးယားပိုး ကူးစက်ရောဂါ)ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် MRSA ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• ရောဂါ အခြေအနေ နှင့် ကျန်းမာရေး အခြေအနေ တွေကို သိရှိနိုင်ရန် ပုံမှန် ပြန်လည် စမ်းသပ်စစ်ဆေးမှုများ ခံယူပါ။

• ဆရာဝန်ညွှန်ကြားချက်များကို လိုက်နာပါ။

• ရောဂါပိုး ကူးစက်ခြင်းကို တားဆီးဖို့ အကောင်းဆုံးနည်းက လက်ဆေးခြင်းဆိုတာ ကို မှတ်သားထားပါ။

• အိပ်ရာခင်းတွေကို မကြာခဏ လဲလှယ်ခြင်း သန့်ရှင်းခြင်းများ ပြုလုပ်ပေးပါ။ အိပ်ယာခင်းတွေ နှင့် မျက်နှာသုတ်ပုဝါတွေကို ရေနွေး နှင့် လေပူပေးခြင်းဖြင့် ပိုးသတ်ပါ။ လူနာတွေရဲ့ အနားတဝိုက်ကို သန့်ရှင်းရေးလုပ်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ferri, Fred.Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Download version.

MRSAhttp://www.mayoclinic.org/diseases-conditions/mrsa/basics/definition/con-20024479. Accessed Jul 14 2016

MRSA https://www.nlm.nih.gov/medlineplus/ency/article/007261.htm.Accessed Jul 14 2016Ferri, Fred.Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Download version.

ယခုပုံစံ

12/05/2020

Dr. Kaung Thar မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

ကွာစေ့ကောင် တွေက ကျန်းမာရေးကို ထိခိုက်စေသလား



Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement