backup og meta

Oral Herpes (ပါးစပ်ရေယုန်)

Oral Herpes (ပါးစပ်ရေယုန်)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Oral Herpes (ပါးစပ်ရေယုန်) ကဘာလဲ။

ပါးစပ်တွင်ပေါက်သောရေယုန်ဆိုသည်မှာ ရေယုန်ဗိုင်း ရပ်စ်ကြောင့် ဖြစ်သော ပါးစပ်၊ နှုတ်ခမ်း သို့မဟုတ် သွားဖုံး တွင် ရောဂါပိုးကူးစက်ခြင်း တစ်မျိုးဖြစ်သည်။ ရောဂါသည် ပါးစပ်နှင့် သွားဖုံးပတ်လည်တွင် အဖုများအဖြစ် စတင်ပေါ် လာသည်။ ထိုဗိုင်းရပ်စ်သည် ရေကျောက်၊ shingles, ပါးစပ် အနာများ နှင့် mononuclear leukemia တို့ကိုဖြစ်စေသော ဗိုင်းရပ်စ်နှင့် မျိုးနွယ်တူ ဖြစ်သည်။ ငယ်ရွယ်စဉ်တွင် ထိတွေ့ မှုဖြင့် ကူးစက်ခြင်းဖြစ်ပြီး အရွယ်ရောက်ပြီးသူများ၏ ၈၀ ရာ ခိုင်နှုန်းသည် ရေယုန်ဗိုင်းရပ်စ် အမျိုးအစား ၁ ကို ကူးစက်ခံ ရပါသည်။ ရေယုန်အမျိုးအစား ၂ သည် လိင်ဆက်ဆံရာမှ ကူးစက်ပါသည်။

Oral Herpes (ပါးစပ်ရေယုန်) က ဘယ်လောက်အဖြစ်များသလဲ

ပါးစပ်တွင်ပေါက်သောရေယုန်သည် HIV ကူးစက်ခံရ သူများနှင့် ဆီးပူညောင်းကျရောဂါ၊ ကာလသားရောဂါ စသော လိင်မှတစ်ဆင့် ကူးစက်သော ရောဂါရှိသူများတွင် တွေ့ရတတ်ပါသည်။ သို့သော်လည်း ကလေးဘဝတွင် ရေယုန်ဗိုင်းရပ်စ် ကူးစက်ခံရဖူးသူတိုင်း ရောဂါပြန်ရ နိုင်ပါ သည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချ ခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Oral Herpes (ပါးစပ်ရေယုန်) ရဲ့လက္ခဏာတွေကဘာတွေလဲ

အချို့လူများတွင် ရေယုန်ဗိုင်းရပ်စ် စဝင်ပါက ပါးစပ်တွင် အနာများ ဖြစ်နိုင်ပါသည်။ သို့သော် အချို့လူများတွင် ရော ဂါ လက္ခဏာ မပြပါ။ ရောဂါလက္ခဏာများသည် အသက် ၁- ၅ နှစ်အရွယ် ကလေးများတွင် ဖြစ်ပေါ်လေ့ရှိပြီး မပြင်းထန် သို့မဟုတ် ပြင်းထန်နိုင်ပါသည်။ ထိုလက္ခဏာများသည် ဗိုင်း ရပ်စ်ကို ထိတွေ့ပြီး ၁-၃ ပတ်အတွင်း ပေါ်လာပြီး ၃ပတ်အထိ ကြာနိုင်ပါသည်။

သတိပြုရန်လိုသော လက္ခဏာများမှာ-

  • နှုတ်ခမ်း သို့မဟုတ် ပါးစပ် ပတ်လည်တွင် အရေပြား ယားယံခြင်း
  • ပါးစပ်အနီးတွင် အဖုအပိမ့်များ ပေါ်ခြင်း
  • နှုတ်ခမ်း နှင့် ပါးစပ် အနီးတွင် စူးသလို ခံစားရခြင်း

အဖုများ ပေါ်မလာခင် အောက်ပါတို့ ဖြစ်နိုင်ပါသည်။

  • လည်ချောင်နာခြင်း
  • အဖျားတက်ခြင်း
  • မျိုချရာတွင် နာကျင်ခြင်း

အဖုများနှင့် နီရဲခြင်းသည် အောက်ပါနေရာများတွင် ဖြစ်ပေါ် နိုင်ပါသည်။

  • သွားဖုံး
  • တစ်ဖက်ဆီ
  • ပါးစပ်
  • လည်ချောင်း
  • အဖုများသည် ပေါင်းစုကာ အစုအဝေးဖြစ်လာသည်

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများ ရှိ ပါက သို့မဟုတ် မေးလိုသည်များရှိပါက ဆရာဝန်နှင့် တိုင် ပင် ဆွေးနွေးပါ။ လူတစ်ယောက်နှင့် တစ်ယောက် ရောဂါ အ ခြေအနေချင်း မတူပါ။ ရောဂါအဖြေရှာရန် နည်းလမ်းများ၊ ကုသခြင်းများ အတွက် ဆရာဝန်နှင့် အမြဲတန်း တိုင်ပင်ပါ။ သင့်အတွက် အကောင်းဆုံး ကုသမှုကို ရယူပါ။

အကြောင်းရင်းများ

Oral Herpes (ပါးစပ်ရေယုန်) ကိုဘာတွေကဖြစ်စေသလဲ

ပါးစပ်တွင်ပေါက်သောရေယုန် ကိုဖြစ်စေသော အ ကြောင်းရင်းမှာ ရေယုန် ဗိုင်းရပ်စ် အမျိုးအစား ၁ဖြစ်ပြီး ရော ဂါပိုးရှိသူ၏ တံတွေးကို ထိတွေ့ခြင်းဖြင့် အဓိက ပျံ့နှံ့ပါ သည်။ ဥပမာ- ရောဂါပိုးရှိသူက ကလေးအား နမ်းသောအခါ ဖြစ်သည်။ ဗိုင်းရပ်စ်များသည် ကိုယ်ခန္ဓါအတွင်းသို့ အရေပြား အနာများ ပါးစပ်အနာများမှ တစ်ဆင့်လည်း ဝင် ရောက်နိုင်ပါသည်။ ပထမအကြိမ် ရောဂါပိုးကူးစက်ခံရပြီး နောက် ဗိုင်းရပ်စ်သည် မလှုပ်ရှားဘဲ ငြိမ်နေကာ အချိန်တစ်ခု အကြာတွင် ပါးစပ်အနာများ ပြန်ဖြစ်စေပါသည်။

ရေယုန် ဗိုင်းရပ်စ် အမျိုးအစား ၂သည် လိင်ဆက်ဆံ ခြင်း မှတစ်ဆင့် ပျံ့နှံ့ပြီး လိင်အင်္ဂါပေါက်သော ရေယုန်ကို ဖြစ်စေပါသည်။ သို့သော်လည်း ရေယုန် ဗိုင်းရပ်စ် အမျိုး အစား ၂သည် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဖြင့် ပါးစပ်တွင် ဖြစ်ပွားနိုင်သည်။

Risk factors

ငါ့ဆီမှာ Oral Herpes (ပါးစပ်ရေယုန်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ပါးစပ်တွင်ပေါက်သောရေယုန် ဖြစ်နိုင်ချေကို မြင့်စေ သော အချက်များမှာ-

  • ကိုယ်ခံအားစနစ် အားနည်းခြင်း
  • HIV ကူးစက်ခြင်း
  • ကင်ဆာကို ဓါတုကုထုံးဖြင့် ကုသခြင်း
  • လုံခြုံမှုမရှိသော လိင်ဆက်ဆံခြင်း

ဖြစ်နိုင်ချေမြင့်စေသော အချက်များ မရှိခြင်းသည် သင့် အား ရောဂါမရနိုင်ဟု မဆိုလိုပါ။ ထိုလက္ခဏာများသည် ကိုး ကားချက်သာလျှင် ဖြစ်သည်။ ပိုမိုသော အချက်အလက် များ အတွက် အထူးကု ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး သင့်ပါ သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Oral Herpes (ပါးစပ်ရေယုန်) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် ပါးစပ် နှုတ်ခမ်းရှိ အဖုများကို ကြည့်ခြင်း ဖြင့် ရောဂါအဖြေရှာနိုင်ပါသည်။ တစ်ခါတစ်ရံ ဆရာဝန်သည် နမူနာတစ်ခု ယူကာ ပို၍ အသေးစိတ်သော စစ်ဆေးမှု အတွက် ဓါတ်ခွဲခန်းသို့ ပို့ပါမည်။ ထိုစစ်ဆေးမှုများမှာ-

  • ဗိုင်းရပ်စ် မွေးခြင်း (ပိုးအား ဆေးဖြင့် နိုင်မနိုင် သိစေရန်)
  • ဗိုင်းရပ်စ် ၏ DNA အားစစ်ခြင်း
  • Tzanck HSV စစ်ခြင်း

Oral Herpes (ပါးစပ်ရေယုန်) ကို ဘယ်လိုကုသပါသလဲ

ပါးစပ်တွင်ပေါက်သောရေယုန်၏ လက္ခဏာများသည် ကုသခြင်း မရှိဘဲ တစ်ပတ် နှစ်ပတ်အတွင်း ပျောက်ကင်း သွားနိုင်ပါသည်။ ဆရာဝန်သည် နာကျင်ခြင်း သက်သာရန် နှင့် ရောဂါလက္ခဏာများ သက်သာရန် ဗိုင်းရပ်စ်ပျောက် ဆေးများကို သောက်သုံးရန် ညွှန်ကြားနိုင်ပါသည်။ ပါးစပ် တွင် ပေါက်သောရေယုန်တွင် အသုံးပြုနိုင်သော ဆေးများ မှာ-

  • Acyclovir
  • Famciclovir
  • Valacyclovir

ထိုဆေးများသည် ရေယုန်၏ အန္တရာယ်ရှိသော ရောဂါ လက္ခဏာ များတွင် အသုံးပြုရာတွင် အကျိုးအရှိဆုံး ဖြစ်ပါ သည်။

ဗိုင်းရပ်စ်ပျောက်လိမ်းဆေးကို လည်း အသုံးပြုနိုင်ပါ သည်။ သို့သော်လည်း ၎င်းတို့သည် ဈေးကြီးပြီး ဖျားနာမှု ကြာချိန်ကို နာရီအနည်းငယ်မှ တစ်ရက် သာ တိုစေပါသည်။

Penciclovir နှင့် acyclovir အပေါ်ယံလိမ်းဆေး သည် ရေယုန် အစုအပြုံလိုက်ဖြစ်ခြင်းတွင် အလွန် အသုံးဝင်သည်။ နှုတ်ခမ်းလိမ်း ပရုပ်ဆီ နှင့် စိုစွတ်စေသော အဆီများသည် လုံးဝ အကျိုးမရှိပါ။

နာကျင်ခြင်း သက်သာစေရန် aspirin, acetaminophen သို့မဟုတ် ibuprofen သောက်နိုင် ပါသည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် ပါးစပ်တွင်ပေါက်သောရေယုန် ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ပါးစပ်တွင် ပေါက်သော ရေယုန်ကို ထိန်းချုပ်နိုင် ပါသည်။

  • လက်ကို ဆပ်ပြာ၊ နွေးသောရေဖြင့် မကြာခဏ ဆေးပါ။ အထူးသဖြင့် အိမ်သာ အသုံးပြုပြီး ဖြစ် သည်။
  • အရေပြားကို သန့်ရှင်း ခြောက်သွေ့အောင်ထားပါ။ ရောဂါဖြစ်သော နေရာတွင် အမွေးအမှင် ရိတ်ခြင်း မပြုပါနှင့်။
  • နမ်းခြင်း၊ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း သည် ရောဂါ ကူးစက်နိုင်သည်ကို သိရှိပါ။
  • ရောဂါလက္ခဏာများကို အချိန်မီ သိအောင် လေ့ လာပါ။ ဗိုင်းရပ်စ်ပျောက်ကုထုံးကို အချိန်မီ စတင် ခြင်းသည် ဖျားနာခြင်း ကြာချိန်ကိုလျော့ချနိုင်သည်။
  • တစ်ကိုယ်ရည် သုံး သန့်ရှင်းရေးပစ္စည်း ကို မျှဝေ သုံးစွဲခြင်း ရှောင်ကြဉ်ပါ။
  • ရောဂါလက္ခဏာများ ပိုဆိုးလာပါက ဆရာဝန်ကို ခေါ်ပါ။ အဖျားတက်ခြင်း၊ အနာများမှ ပြည်ထွက် ခြင်း တို့ ဖြစ်သည်။
  • ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ပြင်းထန်စွာ မျက်စိနာခြင်း၊ အလင်း မထိနိုင်ခြင်း တို့ ဖြစ်ပါက ဆရာဝန်ကို ချက်ချင်းခေါ်ပါ သို့မဟုတ် အရေးပေါ်အခန်းသို့ အမြန်သွားပါ။
  • ရောဂါပြန်ဖြစ်ခြင်းသည် တစ်နှစ်အတွင်း ၄-၆ကြိမ် အထက် ပိုပါက ဆရာဝန်ခေါ်ပါ။ ကာကွယ်မှု ဆေး များ နေ့စဉ်သောက်ရန် လိုအပ်နိုင်သည်။
  • ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုများ ကို ရှောင်ကြဉ်ပါ၊ ထိန်းချုပ်နိုင်ရန် ကြိုးစားပါ။ စိတ် ဖိစီးမှုသည် ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး ရောဂါ ပြန်ဖြစ်စေပါသည်။
  • ကျန်းမာရေးနှင့်ညီသော အစာများကိုစားပါ။ လုံ လောက်စွာ အိပ်စက်ပါ။ အားကစားလုပ်ပါ။
  • နေလောက်ခြင်းကို ရှောင်ပါ။ နေရောင်ခြည်သည် ရောဂါပြန်ဖြစ်စေနိုင်သည်။ နေလောင်ခံ ခရမ်ကို အမြဲ အသုံးပြုပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ferri, Fred.Ferri’s Netter Patient Advisor.Philadelphia, PA: Saunders / Elsevier, 2012.

Download version

Cold sore.http://www.mayoclinic.org/diseases-conditions/cold- sore/basics/causes/con-20021310. October 01, 2015

Herpes oral.https://www.nlm.nih.gov/medlineplus/ency/article/000606.htm.October 01,2015Ferri, Fred.Ferri’s Netter Patient Advisor.Philadelphia, PA: Saunders / Elsevier, 2012.

Herpes oral.https://www.nlm.nih.gov/medlineplus/ency/article/000606.htm.October 01,2015

ယခုပုံစံ

24/08/2022

Dr. Zin Wai Yan Lin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

ဆက်စပ် အကြောင်းအရာများ

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

ကွာစေ့ကောင် တွေက ကျန်းမာရေးကို ထိခိုက်စေသလား

Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement