
ဒါတွေထဲက ယခုလက်ရှိဖြစ်ပွားနေတဲ့ 2019-nCoVအကြောင်းကို ဆက်ပြောပါမယ်။
၂၀၁၉ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အမည်မသိ ပြင်းထန်အဆုတ်ရောင်ရောဂါ တစ်မျိုးဖြစ်ခဲ့ကြပါတယ်။ စုံစမ်းကြည့်လိုက်တော့ ဝူဟန်မြို့မှာရှိတဲ့ သားငါးနဲ့ ပင်လယ်စာလက်ကားစျေးနဲ့ထိတွေ့ခဲ့သူတွေဖြစ်တယ်လို့ သိရတဲ့အတွက် ၁ရက်နေ့ကစပြီး စျေးကိုပိတ်သိမ်းပြီး သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။ ဇန်နဝါရီ၉ရက်နေ့မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က ဒါဟာ Novel coronavirusကြောင့်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ နောက်ဆုံးသတင်းတွေအရတော့ လူပေါင်း၅၀၀ခန့်ကူးစက်ခံရပြီး သေဆုံးသူ၁၇ယောက်အထိရှိသွားပါပြီ။ သေဆုံးသူ၁၇ယောက်က အသက်၄၈နှစ်နဲ့ ၈၉နှစ်ကြားပါ။ ဗိုင်းရပ်စ်က ဗီဇပြောင်းလဲပြီး ပိုပျံ့နိုင်ခြေရှိတယ်လို့လဲ ပြောပါတယ်။
နိုင်ငံတကာအနေနဲ့ကတော့ ထိုင်းနိုင်ငံမှာ ၁၃ရက်နေ့က၊ ဂျပန်နိုင်ငံမှာ ၁၆ရက်နေ့က၊ အမေရိကန်မှာ ၂၁ရက်နေ့က ကူးစက်ခံရသူရှိပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်ဝမ်နဲ့ တောင်ကိုးရီးယားမှာလည်း ဗိုင်းရပ်စ်ပိုးတွေ့ရပြီလို့ အတည်ပြုလိုက်ပါပြီ။
2019-nCoVက coronavirus အမျိုးအစားဖြစ်တဲ့အတွက် တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်ခြေများပါတယ်။ ဒါ့ပြင် လူလူချင်းကူးစက်တာကိုပါ တွေ့နေရပြီး ဘယ်လိုနည်းလမ်းနဲ့ ကူးစက်တာလဲဆိုတာ မသိရသေးပါဘူး။
ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုရင်
ဒီထက်ပိုဆိုးလာရင်တော့
2019-nCoV အတွက် ကာကွယ်ဆေးမရှိသေးပါဘူး။ တိကျတဲ့ ရောဂါကုထုံးလည်း မရှိသေးပါဘူး။ လူနာအခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ကုသမှုပဲ ပေးနိုင်ပါသေးတယ်။
WHOက ထုတ်ပြန်ထားတဲ့ရောဂါမကူးစက်အောင် ကာကွယ်တဲ့နည်းလမ်းတွေကတော့
တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း ရောဂါပိုးဝင်ရောက်နိုင်ခြေရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လေဆိပ်/ရေဆိပ်နဲ့ နယ်စပ်ဝင်/ထွက်ပေါက်တွေ၊ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်ဝင်/ထွက်ပေါက်တွေမှာ တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာကို စောင့်ကြပ်ကြည့်ရှုခြင်းနဲ့ တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ လေကြောင်းခရီးမှတဆင့် ဝင်ရောက်လာတဲ့ ပြည်တွင်းပြည်ပခရီးသွားတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာအကြံပေးချက် (Travel advice)ကို လိုက်နာရပါမယ်။ တစ်ကိုယ်ရည်ကာကွယ်နည်းအနေနဲ့ကတော့ အပေါ်မှာ ပြောထားတဲ့ WHOရဲ့ထုတ်ပြန်ချက်ကို လိုက်နာရပါမယ်။ မိမိမှာ သံသယလက္ခဏာရှိနေရင်လည်း ဆေးရုံကို အမြန်သွားရောက်ကုသရပါမယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[covid_19]