လက်ဖက်ပင်အဆီဆိုတာကလက်ဖက်ပင်ရဲ့အရွက်တွေကနေရရှိတဲ့အဆီဖြစ်ပါတယ်။ လက်ဖက်ပင်အဆီကို အပူပိုင်းဒေသတွေမှာဆေးကုသဖို့အတွက်အသုံးပြုလေ့ရှိပါတယ်။ အသုံးပြုပုံတွေ –
• ဝက်ခြံလိုမျိုး ကူးစက်တတ်တဲ့ဝေဒနာ
• လက်သည်းခြေသည်းတွေမှိုပိုးဝင်ခြင်း
• သန်းကိုက်နာ၊ယားနာနဲ့ ခြေထောက်မှာပွေး
• ပွေးရောဂါ
• ပြတ်ရှဒဏ်ရာ၊ပွန်းပဲ့ဒဏ်ရာ၊အပူလောင်နာ၊ပိုးမွှားကိုက်နာ၊ သွေးစုနာ၊ အဆိပ်ရှိတဲ့အကောင်ကိုက်လို့ဖြစ်တဲ့အနာနဲ့သွားနာတာတွေအတွက်လည်း ပိုးသတ်ဆေး အဖြစ်အသုံးပြုပါတယ်။
• ပါးစပ်နဲ့နှာခေါင်းမှာဖြစ်တဲ့ကူးစက်ရောဂါတွေနဲ့လည်ချောင်းနာဝေဒနာ
• နားတွင်းပိုးဝင်ခြင်း
• ချောင်းဆိုးခြင်း၊ လေပြွန်ပိတ်ခြင်းနဲ့ အဆုတ်ရောင်ဝေဒနာတွေကိုကုသဖို့အသုံးပြုပါတယ်။
လက်ဖက်ဆီကို အခြားအခြေအနေများအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ပိုမိုသိရှိလိုသော အချက်များအတွက် ဆရာဝန် ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။
သင့်မှာ အောက်ပါ အခြေအနေများရှိရင် ဆရာဝန်၊ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ၊ ဆေးဖက်ဝင်အပင်တွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေကို ပြောပြဆွေးနွေးသင့်ပါတယ်။
သဘာ၀ ဆေးဖက်ဝင် လက်ဖက်အဆီ သုံးစွဲမှုနဲ့ပတ်သက်ပြီးလိုက်နာရမယ့်အချက် တွေက ဆေးဝါးတွေသုံးစွဲမှုနဲ့ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေလောက် မတင်းကြပ်ပါဘူး။ လက်ဖက်ဆီသုံးတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေကို မသုံးခင်မှာကြိုတင်ချင့်ချိန်သင့်ပါတယ်။ အချက်အလက်တွေကိုပိုမိုသိရှိနိုင်ဖို့ ဆရာဝန် ဒါမှမဟုတ် တတ်သိနားလည်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။
ကလေးတွေအတွက်အသုံးပြုလို့ရပါတယ်၊ အန္တရာယ်မရှိပါဘူး။ လက်ဖက်ဆီကို အသုံးမပြုခင်မှာဆရာဝန်နဲ့အရင်တိုင်ပင်ပါ။
လက်ဖက်ဆီက အရေပြားမှာ အသုံးပြုလို့အန္တရာယ်မရှိပါဘူး။ သောက်သုံးတာကတော့ စိတ်မချရပါဘူး။ လက်ဖက်ဆီသောက်သုံးတာက အဆိပ်သင့်နိုင်ပါ တယ်။
လက်ဖက်ဆီကြောင့်အောက်ပါလက္ခဏာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
လူတိုင်းဒီလိုမျိုးဘေးထွက်ဆိုးကျိုးတွေမကြုံကြပါဘူး၊အထက်မှာဖော်ပြမထားတဲ့ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုတွေဖြစ်မှာစိုးရင်တော့ ဆရာဝန် ဒါမှမဟုတ်တတ်ကျွမ်းသူတွေနဲ့အရင်တိုင်ပင်သင့်ပါတယ်။
ဒီလက်ဖက်ဆီက သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ၊ ကုထုံးတွေနဲ့ ဓာတ်ပြုတုံ့ပြန်နိုင်ပါတယ်။ သူ့ကိုမသုံးခင်မှာ သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေဟာ ဆေးပညာအကြံဉာဏ်တွေအဖြစ် သုံးလို့မရနိုင်ပါဘူး။ ဒီဆေးဖက်ဝင်ပစ္စည်းကိုမသုံးခင် ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနဲ့ အမြဲတိုင်ပင်ပါ။
လက်သည်းခြေသည်းမှိုပိုးဝင်ခြင်း- လက်ဖက်တစ်ပင်လုံးကနေထုတ်ယူထားတဲ့အဆီကို တစ်နေ့ နှစ်ကြိမ်နဲ့ ၆လကြာသုံးစွဲပေးရ ပါမယ်။
ခြေထောက်ပွေး – လက်ဖက်ပင်အဆီအနှစ် ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း ပါဝင်တဲ့ဆေးရည်ကို တစ်နေ့နှစ်ကြိမ်နဲ့တစ်လကြာအသုံးပြုပေးရပါမယ်။ လက်ဖက်ဆီ ၁၀ ရာခိုင်နှုန်းပါတဲ့ ခရင်မ်ကိုတစ်နေ့ ၂ ကြိမ်နဲ့တစ်လကြာအသုံးပြုပေးရပါမယ်။
ဝက်ခြံအတွက် – လက်ဖက်ပင်အဆီ ၅ ရာခိုင်နှုန်းပါတဲ့ ဂျယ်လ်ကိုနေ့စဉ်အသုံးပြုပေးရပါမယ်။
မျက်စိကူးစက်ရောဂါတွေအတွက် – လက်ဖက်ပင်ဆီ ၅၀ ရာခိုင်နှုန်းနဲ့ မျက်ခွံကိုလိမ်းကျံပေးတာ ဒါမှမဟုတ် လက်ဖက်ဆီ ၅ ရာခိုင်နှုန်းပါတဲ့ လိမ်းဆေးကို ၄ ပတ်ကနေ ၆ပတ်တာအတွင်း မျက်ခွံကိုလိမ်းပေးရပါမယ်။
အရေပြားကူးစက်ရောဂါတွေအတွက်- လက်ဖက်ဆီ အစက် ၄ စက်ကို အိုင်အိုဒင်းနဲ့ရောစပ်ပြီး အရေပြားကိုလူးပေးတာဖြစ်ဖြစ်၊လက်ဖက်ဆီကိုပဲလူးပေးတာဖြစ်ဖြစ် တစ်နေ့ကို ၂ ကြိမ် ရက်ပေါင်း ၃၀ ဒါမှမဟုတ်အနာမပျောက်မချင်းလူးပေးပါ။
ကြွက်နို့အတွက် – ကြွက်နို့ပေါ်မှာ လက်ဖက်ဆီကိုတစ်နေ့ တစ်ကြိမ်နဲ့ ၁၂ ရက်ကြာလူးပေးပါ။
လက်ဖက်ဆီကိုသုံးစွဲရမယ့်ပမာဏ ကလူနာတွေအပေါ်လိုက်ပြီးကွဲပြားမှုရှိမှာဖြစ်ပါတယ်။ အသက်အရွယ်၊ကျန်းမာရေးအခြေအနေနဲ့အခြားအကြောင်းအရာတွေအပေါ်မူတည်မှာဖြစ် ပါတယ်။ လက်ဖက်ဆီကအမြဲတော့ဘေးကင်းပါဘူး။ သုံးစွဲလို့သင့်တော်မယ့်ပမာဏကို ဆရာဝန် ဒါမှမဟုတ်ကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။
လက်ဖက်ဆီကို အောက်ပါပုံစံများနှင့် ရရှိနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။