ထပ်တစ်ရာပန်းဆိုတာ အပင်တစ်မျိုးပါ။ ရာသီသွေးလာစေခြင်း နှင့် အဖျားကျစေခြင်းတို့အတွက် အသုံးပြုပါတယ်။ လည်ချောင်းနာ၊ ပါးစပ်နာ၊ ရာသီလာစဉ် သားအိမ်ညှစ်ခြင်း၊ ကင်ဆာနှင့် အစာအိမ်၊အူသိမ် အနာပေါက်ခြင်းတို့ကို ကုသရန်အတွက်လည်း သုံးပါတယ်။
အောက်ပါတို့အတွက်လည်း အရေပြားကို လိမ်းနိုင်ပါတယ်။
ထပ်တစ်ရာပန်းကို အခြားအရာများအတွက်လည်း အသုံးပြုပါသေးတယ်။ နောက်ထပ်သိရှိလိုပါက ဆရာဝန်၊ ကျွမ်းကျင်သူတို့ကို မေးမြန်းပေးပါ။
ထပ်တစ်ရာပန်းမှာ ပါတဲ့ ဓါတုပစ္စည်းတစ်မျိုးက ို တစ်ရှုးတွေ အသစ်ဖြစ်စေခြင်းအားဖြင့် အနာကျက်ခြင်း ကူညီပေးတယ်၊ လည်းချောင်းနဲ့ ပါးစပ်တွေမှာ ရှိတဲ့ ရောင်ရမ်းနာတွေကို လျော့နည်းစေတယ်လို့ သိရပါတယ်။
နောက်ထပ်သိရှိလိုပါက ဆရာဝန်၊ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ဆေးဖက်ဝင်အပင်၊ဖြည့်စွက်စာများအတွက် လိုက်နာရမည့် စည်းကမ်းများသည် ဓါတုဆေးဝါးများလောက် တင်းကြပ်မှုမရှိပါ။ ဘေးကင်းတယ် စိတ်ချမှုအတွက် နောက်ထပ်လေ့လာမှုတွေ လုပ်ရပါဦးမယ်။ ယင်းဆေးကို သုံးရင်ရမယ့် အကျိုးကျေးဇူးတွေက သူ့ရဲ့ ဘေးထွက်ဆိုးကျိုးတွေထက် ပိုများဖို့လိုပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတို့နှင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ကလေးတွေမှာ ကုသလိုသည့် နေရာတွင်သာ လိမ်းဆေးအဖြစ် အသုံးပြုသင့်ပါတယ်။
ကိုယ်ဆောင် သို့မဟုတ် နို့တိုက်မိခင် ဖြစ်နေပါက ထပ်တစ်ရာပန်းကို သောက်သုံးမယ်ဆိုရင် စိတ်မချရလောက်ပါဘူး။ ရှောင်ကြဉ်တာ အကောင်းဆုံးပါ။
ခွဲစိတ်ကုသခြင်းအတွက် အသုံးပြုသောဆေးများနှင့် ထပ်တစ်ရာပန်းကို ပေါင်းသုံးမယ်ဆိုရင် အလွန်အိပ်ချင်နေပါလိမ့်မယ်။ ခွဲစိတ်မှုမပြုလုပ်ခင် အနည်းဆုံး နှစ်ပတ်အလိုမှာ ထပ်တစ်ရာပန်း သောက်သုံးခြင်းကို ရပ်တန့်ပေးပါ။
ယင်းပန်းက အရေပြားမှာ အဖုအပိမ့်တွေ ထွက်စေပါတယ်။
လူတိုင်းတော့ ဆိုးကျိုးတွေ မခံစားရနိုင်ပါဘူး။ အထက်တွင် မဖော်ပြထားသော ဆိုးကျိုးများလည်း ရှိနိုင်ပါသေးတယ်။ ဆိုးကျိုးတစ်ခုခု ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်၊ ကျွမ်းကျင်သူတို့ ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။
အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်
ယင်းပန်းက သောက်သုံးလျက်ရှိသော ဆေးဝါးများ၊ လက်ရှိကျန်းမာရေး အခြေအနေတို့ဖြင့် သက်ရောက်မှုရှိပါတယ်။ အသုံးမပြုခင်မှာ ဆရာဝန်၊ ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
စိတ်ငြိမ်ဆေးဝါးများ
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
၅-၁၀ ဂရမ် ရှိတဲ့ ပန်းအခြောက်တို့ကို ၂၅၀ မီလီလီတာရှိသော ရေနွေးဆူဆူထဲထည့်ပြီး ပြုတ်နိုင်ပါတယ်။ ၁၀မိနစ် ၁၅မိနစ်လောက် ပြုတ်သင့်ပါတယ်။ တစ်ရက်ကို ၂ခွက် ၃ခွက်လောက် သောက်ပေးပါ။
၉၀ရာခိုင်နှုန်း အယ်ကိုဟော ထဲတွင် ၁ အချိုး ၅ ဖြင့် ဖျော်ပြီး တင်ချာပြုလုပ်နိုင်ပါတယ်။ တင်ချာ ၅ စက်ကနေ ၁၀စက် (၁-၂ မီလီလီတာ) ကို တစ်နေ့ သုံးကြိမ် အသုံးပြုပေးပါ။
ထပ်တစ်ရာပန်း ၂-၅ ရာခိုင်နှုန်းပါတဲ့ လိမ်းဆေးကို အသုံးပြုနိုင်ပါတယ် (ဥပမာ ၁၀၀ ဂရမ် လိမ်းဆေးတွင်၂-၅ ဂရမ် ထပ်တစ်ရာပန်း)။ တစ်နေ့ကို ၂ကြိမ်ကနေ ၄ကြိမ်အတွင်း လိုသလို လိမ်းနိုင်ပါတယ်။
သောက်ရမည့် ထပ်တစ်ရာပန်း ပမာဏသည် လူတစ်ယောက်နှင့်တစ်ယောက် မတူပါ။ ဆေးပမာဏသည် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ နှင့် အခြားသော အခြေအနေများပေါ်တွင် မူတည်ပါတယ်။ အမြဲတမ်းတော့ စိတ်မချရပါဘူး။ သင့်တော်တဲ့ ဆေးပမာဏကို သောက်သုံးနိုင်ရန်အတွက် ဆရာဝန်၊ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင် ပေးပါ။
ထပ်တစ်ရာပန်းကို အောက်ပါ ပုံစံတွေနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။