backup og meta

Cucumber (သခွားသီး)

အသုံးပြုပုံများ

သခွားသီး ကို ဘာအတွက်အသုံးပြုကြသလဲ

မိရိုးဖလာ ဆေးပညာအရ သခွားသီးကို ဆီးဆေးအဖြစ်သုံးပြီး သွေးပေါင်တက်ခြင်းနဲ့ ကျခြင်းတွေကို ကုသဖို့ အသုံးပြုပါတယ်။ သူ့ကို အရေပြားယားယံခြင်းကို သက်သာစေဖို့လည်း အသုံးပြုပါတယ်။ သခွားသီးစေ့တွေဟာ helminth တွေကို သတ်ပစ်နိုင်ပါတယ်။

သခွားသီးကဘယ်လိုအလုပ်လုပ်လဲ

သခွားသီး ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

သူ့ကို ဆီးဆေးအပျော့တစ်မျိုးအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ ဆီးသွားစေတဲ့အာနိသင်ဟာ သူ့မှာပါတဲ့ cucurbitin ဆိုတဲ့ glycoside တစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူ့အသုံးဝင်ပုံနဲ့ပတ်သက်တဲ့ အချက်အလက်တွေဟာ မိရိုးဖလာ ဆေးပညာတွေက တစ်ဆင့် ဆင်းသက်လာပြီး သိပ္ပံနည်းကျ လေ့လာမှုတွေ ပြုလုပ်ထားခြင်း မရှိပါဘူး။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

သခွားသီး အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သခွားသီး ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

သခွားသီး က ဘယ်လောက်စိတ်ချရလဲ

သခွားသီး ကို ကလေးတွေအတွက် အသုံးမပြုသင့်ပါဘူး။ ကိုယ်ဝန်ရှိနေရင် (သို့) ကလေးနို့တိုက်နေရင်လည်း သူ့ကို မသုံးသင့်ပါဘူး။ သခွားသီး နဲ့ ဓါတ်မတည့်သူတွေမှာလည်း အသုံးမပြုသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

သခွားသီး ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

သခွားသီး ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။

  • ရင်ပူခြင်း၊ လေတက်ခြင်း
  • Fluid and electrolyte imbalance

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

သခွားသီး ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

သခွားသီး ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

သခွားသီးဟာ အခြားဆီးဆေးတွေရဲ့ အာနိသင်ကို မြင့်တက်စေပြီး potassium ပမာဏကို ကျဆင်းစေပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

သခွားသီး အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

သခွားသီးအစေ့ ၁-၂ အောင်စကို ရေနဲ့ရောပြီး အရည်ပုံစံမျိုး ပြင်ဆင်နိုင်ပါတယ်။ လိမ်းဆေးအနေနဲ့လည်း လိုအပ်သလို အသုံးပြုနိုင်ပါတယ်။

သခွားသီး ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

သခွားသီး က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

သခွားသီး ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဖျော်ရည်
  • အစေ့
  • ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေး

သခွားသီးပါတဲ့ အလှကုန်ပစ္စည်းများ

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Skidmore-Roth, Linda. Mosby’s Handbook Of Herbs & Natural Supplements. St. Louis, MO: Mosby, 2001. Print version.
Page 217.

Chinese Cucumber. https://www.drugs.com/npp/chinese-cucumber.html. Accessed August 7, 2016.

Chinese Cucumber. http://www.webmd.com/vitamins-supplements/ingredientmono- 112-
chinese%20cucumber.aspx?activeingredientid=112&. Accessed August 7, 2016.Skidmore-Roth, Linda. Mosby’s Handbook Of Herbs & Natural Supplements. St. Louis, MO: Mosby, 2001. Print version.
Page 217.

Chinese Cucumber. https://www.drugs.com/npp/chinese-cucumber.html. Accessed August 7, 2016.

Chinese Cucumber. http://www.webmd.com/vitamins-supplements/ingredientmono- 112-
chinese%20cucumber.aspx?activeingredientid=112&. Accessed August 7, 2016.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


ဆက်စပ် အကြောင်းအရာများ

လရောင်ဆမ်းမှ လန်းတဲ့ ပဒုမ္မာကြာ ဆေးဖက်ဝင်သလား!

ပိုက်ဆံလျှော် ဆေးဖက်ဝင်သလား!


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement