backup og meta

Blessed Thistle (ဘလပ်စ် တစ်စတယ်)

အသုံးပြုပုံများ

ဘလပ်စ် တစ်စတယ် ကို ဘာအတွက်အသုံးပြုကြသလဲ

Blessed thistle ဟာ အပင်တစ်မျိုးဖြစ်ပါတယ်။ လူတွေဟာ ပန်းပွင့်တဲ့ အပေါ်ပိုင်းတွေ။ အရွက်တွေနဲ့ ပင်စည် အပေါ်ပိုင်းတွေကို ဆေးအဖြစ်အသုံးပြုကြပါတယ်။

ယခုအခါ Blessed thistle ကို အစာခြေရည်တွေနဲ့ တံတွေးတွေ ပိုမိုထွက်စေဖို့အတွက် အသုံးပြုကြပြီး လက်ဖက်ရည်အနေနဲ့ အစာစားချင်စိတ်မရှိခြင်းနဲ့ အစာမကြေခြင်း၊ အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်းနဲ့ ဝမ်းလျှောခြင်းတွေအတွက် အသုံးပြုကြပါတယ်။ သူ့ကို ဆီးပိုထွက်စေဖို့ ဆီးဆေးအနေနဲ့ လည်းအသုံးပြုကြပြီး နို့တိုက်မိခင်တွေမှာ နို့ပိုထွက်စေဖို့လည်း အသုံးပြုကြပါတယ်။

လူအချို့ဟာ Blessed thistle ကို ဂွမ်းနဲ့စိမ်ပြီး မီးလောင်ဒဏ်ရာနဲ့ ရိုးရိုးအနာတွေကို ပျောက်ကင်းစေဖို့ အသုံးပြုကြပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

Blessed thistle ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါပေမယ့် Blessed thistle ဟာ အစာစားချင်စိတ်နဲ့ အစာခြေရည်ကို ပိုမိထွက်စေတဲ့ အစွမ်းသတ္တိကို ဖေါ်ပြထားတဲ့လေ့လာမှုတွေလည်း ရှိပါတယ်။ အချို့က သူဟာ ရောဂါပိုးတိုက်ဖျက်နိုင်တဲ့ အစွမ်းရှိတယ်လို့ ဆိုပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ဘလပ်စ် တစ်စတယ် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Blessed thistle ကို အေးမြခြောက်သွေ့ပြီး အပူနဲ့ ရေငွေ့နဲ့ ဝေးတဲ့ နေရာမှာ ထားသင့်ပါတယ်။

သူ့ကို အသုံးပြုစဉ်မှာ ဓါတ်မတည့်ခြင်းနဲ့ contact dermatitis တွေကို စောင့်ကြည့်သင့်ပြီး ဖြစ်လာခဲ့ရင် ဆေးကို ရပ်သင့်ပါတယ်။

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဘလပ်စ် တစ်စတယ် က ဘယ်လောက်စိတ်ချရလဲ

သူ့ရဲ့ ယားယံစေတဲ့ အစွမ်းကြောင့် Blessed thistle ကို အစာအိမ်အနာနဲ့ အူရောင်ရောဂါဖြစ်တဲ့ Chron’s disease တို့မှာ မသုံးသင့်ပါဘူး။

Blessed thistle ကို ကိုယ်ဝန်ဆောင်စဉ်မှာလည်း အသုံးမပြုသင့်ပါဘူး။ နို့တိုက်ခြင်းကို အားပေးတယ်ဆိုတဲ့ အာနိသင်ကိ ထောက်ပံ့ထားတဲ့ လေ့လာမှုလည်း မရှိသေးပါဘူး။

ဘေးထွက်ဆိုးကျိုးများ

ဘလပ်စ် တစ်စတယ် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

အောက်ဖေါ်ပြပါ ဆိုးကျိုးတွေ ဖြစ်ပွားနိုင်ပါတယ်။

• ပျို့အန်ခြင်း၊ အစားအသောက် ပျက်ခြင်း

• Contact dermatitis

• ဓါတ်မတည့်ခြင်းများ

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

ဘလပ်စ် တစ်စတယ် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

Antacid (H2 blockers ) တွေဟာ အစာခြေ အက်ဆစ်ကို လျော့ကျစေနိုင်ပါတယ်။ Blessed thistle ကတော့ အစာခြေရည်တွေကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် သူဟာ antacid တွေရဲ့ အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။

Blessed thistle ဟာ AST, ALT, Alkaline Phosphatase အစရှိတဲ့ အသည်းအင်ဇိုင်းတွေကို မြင့်တက်စေနိုင်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ဘလပ်စ် တစ်စတယ် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

Blessed thistle ကို သုံးရမယ့် အညွှန်းနဲ့ ပတ်သက်ပြီး လေ့လာမှု လုပ်ထားတာမရှိပါဘူး။ တိုင်းရင်းဆေးတွေမှာ Blessed thistle ကို နေ့စဉ် ၄ ဂရမ်ကနေ ၆ ဂရမ် အသုံးပြုကြပါတယ်။ တစ်နေ့တည်း အများကြီး (၅ ဂရမ်ကနေ ၆ ဂရမ်) အထိ အသုံးပြုခြင်းဟာ အန်စေနိုင်ပါတယ်။

Blessed thistle ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဘလပ်စ် တစ်စတယ် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Blessed thistle ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

• သောက်ဆေး

• တိုင်းရင်းဆေးခြောက်

• လက်ဖက်ရည်

• တင်ချာရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Skidmore-Roth, Linda.Mosby’s Handbook Of Herbs & Natural Supplements. St. Louis, MO: Mosby, 2001. Print version. page 93.

Blessed Thristle. http://www.drugs.com/npp/blessed-thistle.html.
Assessed date 25/11/2015.

Blessed Thristle. http://www.webmd.com/vitamins-supplements/ingredientmono- 94 blessed%20thistle.aspx?activeingredientid=94&activeingredientname=blessed%20thistle.
Assessed date 25/11/2015.

 

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လရောင်ဆမ်းမှ လန်းတဲ့ ပဒုမ္မာကြာ ဆေးဖက်ဝင်သလား!

ပိုက်ဆံလျှော် ဆေးဖက်ဝင်သလား!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement