backup og meta

American Chestnut (အမေရိကန် သစ်ချသီး)

အသုံးပြုပုံများ

အမေရိကန် သစ်ချသီး ကို ဘာအတွက်အသုံးပြုကြသလဲ

အမေရိကန် သစ်ချသီးသည် အပင်မျိုးနွယ်ဖြစ်ပြီး ထိုပင်၏ အရွက်နှင့် အခေါက်တို့ကို ဆေးဖော်စပ်ကာ

  • ချောင်းဆိုးခြင်း
  • အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာများ
  • အဆစ်ရောင်သကဲ့သို့နာကျင်ခြင်း (Rheumatism)
  • ဖူးရောင်ခြင်း
  • ငိုက်မြည်းစေရန်အသုံးပြုခြင်း
  • လည်ချောင်းနာခြင်း စသည်တို့အတွက် အသုံးပြုကြပါသည်။

အမေရိကန် သစ်ချသီးမှထုတ်ကုန်များကို အဖျော်ယမကာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။

ဘယ်လိုအလုပ်လုပ်လဲ

ဆေးဖက်ဝင်အပင်များနှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ သို့သော် အချို့သောလေ့လာမှုများအရ အမေရိကန် သစ်ချသီးတွင် ပါဝင်သည် Tannins ဓါတ်သည် အစာအိမ်နှင့် အူတွင်းရှိပစ္စည်းအချို့ကို စုပ်ယူနိုင်သော အစွမ်းသတ္တိရှိသည်ဟုဆိုပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

အမေရိကန် သစ်ချသီး အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိပါက တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ။

  • သင်သည် ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်နေဆဲဖြစ်လျှင် သင့်ဆရာဝန်ပေးထားသော ဆေးများကိုသာသောက်သင့်သည်။
  • ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ မိမိဘာသာဝယ်သောက်သောဆေးများရှိလျှင်
  • အမေရိကန် သစ်ချသီး အပါအဝင်အခြား ဆေးဖက်ဝင်အပင်များ၊ ဆေးများနှင့် ဓါတ်မတည့်လျှင်
  • မိမိတွင်အခြားသော ရောဂါများရှိလျှင်
  • အစားအစာ၊ ဆိုးဆေး၊ ကြာရှည်ခံပစ္စည်းများ၊ တိရိစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်

ဆေးဖက်ဝင်အပင်များ တိုင်းရင်းဆေးများသည် ဆေးဝါးများလောက် သတ်မှတ်စံနှုန်းနှင့် အညီသောက်သုံးရန်မလိုသော်လည်း တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ သောက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

အမေရိကန် သစ်ချသီး က ဘယ်လောက်စိတ်ချရလဲ

အမေရိကန် သစ်ချသီး သည် အစားအစာများနှင့် ဖျော်ရည်များတွင် ပါဝင်သောပမာဏသည် အန္တရာယ်မဖြစ်စေပါ။ သို့သော် ဆေးအနေနှင့် ပမာဏများစွာ သောက်သုံးပါက အန္တရာယ်ရှိမရှိ လုံလောက်သော လေ့လာမှုများ မရှိပါ။

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက်လည်း အမေရိကန် သစ်ချသီး နှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။

ဘေးထွက်ဆိုးကျိုးများ

အမေရိကန် သစ်ချသီး ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

အမေရိကန် သစ်ချသီးသည်

  • အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပြသနာများဖြစ်စေခြင်း
  • ကျောက်ကပ်နှင့် အသည်းကို ပျက်စီးစေခြင်း
  • ကင်ဆာရောဂါ အချို့နှင့် ဆက်စပ်မှုရှိခြင်း စသည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။

အထက်တွင် မဖော်ပြထားသည်များလည်း ရှိနေနိုင်ပါသည်။ သို့သော် လူတိုင်း ထိုဆိုးကျိုးများခံစား၇သည်မဟုတ်ပါ။ ဘေးထွက်ဆိုးကျိုးများနှင့် ပက်သက်ပြီး သိလိုသော် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။

ဆေးဓါတ်ပြုမှုများ

အမေရိကန် သစ်ချသီး ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ဆေးဖက်ဝင်အပင်များသည် သင်သောက်နေသောဆေးများ၊ သင့်ရောဂါအခြေအနေများ နှင့် ဓါတ်ပြုမှုများရှိနေနိုင်သဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။

အထူးသဖြင့် သင်သည် ဆေးအတော်များများကို သောက်နေရပါက အမေရိကန် သစ်ချသီး သည်ထိုဆေးများ၏အာနိသင်နှင့် စုပ်ယူမှုကို လျော့နည်းစေခြင်းတို့ဖြစ်နိုင်ပါသည်။ ထို့ကြောင့် မလိုအပ်သော ဓါတ်ပြူမှုများမဖြစ်စေရန် အမေရိကန် သစ်ချသီးကို မိမိသောက်နေသော ဆေးများသောက်ပြီး ၁ နာရီကြာမှသောက်သင့်သည်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

အမေရိကန် သစ်ချသီး အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

လူတဦး နှင့် တဦးအပေါ်မူတည်ပြီးဆေးအညွှန်းများ ကွာခြားမှုရှိပါသည်။ အသက်အရွယ် ၊ ကျန်းမာရေး အခြေအနေများ အပေါ်မူတည်ပြီး လည်းကွာခြားနိုင်ပါသည်။ လုံခြုံစိတ်ချမှုရှိစေရန် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

အမေရိကန် သစ်ချသီး က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

အမေရိကန် ခရမ်းကစော့သီးပင် ကို

  • အရည်
  • အမှုန့်
  • တင်ချာရည် ပုံစံများဖြင့်ရနိုင်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

AmericanChestnut.http://www.webmd.com/vitamins-supplements/ingredientmono-274-american%20chestnut.aspx?activeingredientid=274&activeingredientname=american%20chestnut. Accessed March 11, 2017

ယခုပုံစံ

12/05/2020

Dr. K Zin Thwe မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လရောင်ဆမ်းမှ လန်းတဲ့ ပဒုမ္မာကြာ ဆေးဖက်ဝင်သလား!

ပိုက်ဆံလျှော် ဆေးဖက်ဝင်သလား!



Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement