မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို အောက်ဖော်ပြပါ ကျန်းမာရေးပြဿနာများတွင် သုံးနိုင်ပါတယ်။
ထို့ပြင် သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ရွက်ဟာ စိတ်ပူပန်မှုတွေ၊ အိပ်ရေးပျက်တာတွေနှင့် ကနာမငြိမ်ဖြစ်တာတွေကို ပျောက်ကင်းစေတယ်လို့ ယူဆကြတယ်။
သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို အယ်ဇိုင်းမားရောဂါ၊ တက်ကြွလွန်စိတ်ဂနာမငြိမ်ရောဂါ၊ သိုင်းရွိုက်လည်ပင်းကြီးရောဂါ၊ လေပြွန်ယောင်ခြင်း၊ စိတ်လှုပ်ရှားမှုကြောင့် နှလုံးခုန်မြန်ခြင်း၊ သွေးတိုးခြင်း၊ ယောင်ယမ်းခြင်း၊ အကျိတ်များနှင့် အင်းဆက်အကိုက်ခံတဲ့ဒဏ်ရာတွေအတွက် သုံးနိုင်ပါတယ်။
သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို တခြားနေရာများတွင်လည်း အသုံးပြုနိုင်ပါတယ်။ ဆရာဝန်နှင့် ဆေးဝါးကျွမ်းကျင်သူကို ထပ်မံသိလိုသောအချက်များ ရှိပါက မေးမြန်းနိုင်ပါတယ်။
သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်အသုံးဝင်ပုံကို သေချာလေ့လာထားခြင်း မရှိသေးပါ။ တိုင်းရင်းဆေးဆရာ သို့မဟုတ် ဆရာဝန်ကို ထပ်မံသိလိုသောအချက်များ ရှိပါက မေးမြန်းနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်အချို့မှာတော့
သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ဟာ အိပ်မပျော်ခြင်းနှင့် စိတ်ပူပန်ခြင်းတွေကို ဘယ်လိုပျောက်ကင်းစေနိုင်တာကို အောက်ပါအတိုင်းဖော်ပြထားပါတယ်။
သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ဟာ ရေယုံကို ဘယ်လိုကုသနိုင်သလဲ။
တခြားအသုံးဝင်သောနေရာများ
ထပ်မံသိလိုသော အချက်များရှိပါက တိုင်းရင်းဆေးဆရာနှင့် ဆွေးနွေးနိုင်ပါတယ်။
သင်ဟာ အောက်ပါတို့မှ တစ်ခုခုခံစားရလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင် သို့မဟုတ် တိုင်းရင်းဆေးဆရာနှင့် ဆွေးနွေးပါ…
သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို ပုံမှန်သောက်ခြင်းဟာ ဆေးပုံမှန်သောက်ခြင်းလောက် တားမြစ်ခံထားရခြင်းမရှိပါဘူး။ ဘေးကင်းဖို့အတွက် လေ့လာမှုတွေလုပ်ဖို့ လိုပါသေးတယ်။ သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို သောက်သုံးခြင်းရဲ့ ကောင်းကျိုးတွေက ဆိုးကျိုးတွေထက် ပိုနိုင်ပါတယ်။ ထပ်မံသိလိုသော အချက်များအတွက် တိုင်းရင်းဆေးဆရာ သို့မဟုတ် ဆရာဝန်နှင့် ဆွေးနွေးပါ။
ကလေး ။ သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို ကလေးတွေ အအေးမိတာကို ကုဖို့သုံးပါတယ်။ ကလေးအသက်အရွယ်ကို ကျန်းမာရေးစောင့်ရှောက်သူကို ပြောပြခြင်းဖြင့် မှန်ကန်သော ပမာဏပေးနိုင်ပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်။ သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ဟာ ကိုယ်ဝန်ဆောင်တွေမှာ သုံးဖို့ စိတ်ချရခြင်းရှိ၊ မရှိနှင့် ပတ်သတ်ပြီး လုံလောက်တဲ့ အချက်အလက်မတွေ့ရသေးပါး။ မသုံးခြင်းဟာ ပိုအန္တရာယ်ကင်းပါတယ်။
ခွဲစိတ်ခြင်း။ ခွဲစိတ်မှုမတိုင်ခင် ၂ပတ်အလိုတွင် အသုံးပြုတာကို ရပ်ထားသင့်တယ်။
ပါးစပ်မှသောက်ခြင်း။ ။ သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကြောင့် ပျို့အန်ခြင်း၊ ဗိုက်နာခြင်း ၊ မူးဝေခြင်းနှင့် ရင်ကြပ်ခြင်း ဖြစ်စေနိုင်ပါတယ်။
လိမ်းခြင်း။ ။ လိမ်းခြင်းကြောင့် အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေပြီး အနာတွေဖြစ်သွားနိုင်ပါတယ်။
လူတိုင်းက ဒီဆိုးကျိုးတွေကို မခံစားရပါဘူး။ ဒီထဲမှာ မပါတဲ့ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့် ပတ်သတ်ပြီး သေချာသိလိုပါက ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဆရာနှင့် သေချာဆွေးနွေးပါ။
အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်
သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ပါတဲ့ ဖြည့်စွက်စာတွေက သင်လတ်တလော သောက်ထားတဲ့ဆေးတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ ဒါ့ကြောင့် အသုံးမပြုခင် ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဆရာနှင့် သေချာဆွေးနွေးပါ။
အိပ်ဆေးနှင့် သိုင်းရွိုက်ရောဂါ( လည်ပင်းကြီးရောဂါ) အတွက်သောက်သောဆေး။ ။ ဒီဆေးတွေနဲ့ သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ဟာ ဓါတ်ပြုနိုင်ပါတယ်။ သင်ဟာ အိပ်မပျော်ခြင်းနှင့် လည်ပင်းကြီးရောဂါအတွက် ဒီဆေးတွေသောက်နေရလျှင် ဆရာဝန်နှင့် မေးမြန်းပြီးမှ သုံးသင့်ပါတယ်။
HIV အတွက် သောက်ဆေးများ။ ။ HIV အတွက် သောက်နေရတဲ့ ဆေးများနှင့် သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်တို့ ဓါတ်ပြုခြင်းရှိ၊ မရှိ သေချာမသိရသေးပါ။ ဆေးသောက်နေစဉ်မှာ သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို မသုံးသင့်ပါဘူး။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
လူကြီး
လူတွေပေါ်မူတည်ပြီး သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို သုံးနိုင်တဲ့ ပမာဏ ကွာခြားနိုင်ပါတယ်။ သုံးနိုင်တဲ့ပမာဏဟာ အသက်အရွယ်၊ ကျန်းမာရေးနှင့် တခြားအချက်တွေပေါ်လည်း မူတည်ပါတယ်။ သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို သုံးတာက အမြဲစိတ်မချရပါဘူး။ သင်နှင့် သင့်တော်သော ပမာဏကိုရရန် ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဆရာနှင့် သေချာဆွေးနွေးပါ။
သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို အောက်တွင်ဖော်ပြထားတဲ့ ပုံစံမျိုးဖြင့် ရနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာနှင့် ပတ်သတ်သော အကြံများပေးခြင်း။ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မလုပ်ဆောင်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။