brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပျဉ်းမရွက် ကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်

ပျဉ်းမရွက် က corosolic acid၊ lagerstroemia နဲ့ gallotannins တို့ကိုရရှိနိုင်တဲ့ အရင်းအမြစ် တစ်ခုပါ။ Corosolic acid က သွေးတွင်းသကြားဓာတ်ကိုလျော့ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး၊ ပျဉ်းမရွက်ကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရရှိနိုင်ပါသေးတယ်။

ပျဉ်းမရွက် ကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်

ပျဉ်းမရွက် ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ………..

ပျဉ်းမပင်က အရိပ်အာဝါသတင် ပေးတာ မဟုတ်ပါဘူး။ ဒီလို အကျိုးကျေးဇူးတွေ ပေးပါသေးတယ်။

  • ဆီးချို ကျစေနိုင်တယ်
  • ပျဉ်းမရွက်က ဆဲလ်တွေရဲ့ သွေးတွင်းအချိုဓာတ် တုံ့ပြန်နိုင်စွမ်းကို တိုးစေနိုင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေအောင် အထောက်အကူ ပြုပေးပါတယ်။ ပျဉ်းမရွက်က သွေးတွင်းအချိုဓာတ် ထုတ်လုပ်မှုကို ၃၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ပြီး ဂလူးကို့စ် သိုလှောင်ထားတဲ့ မော်လီကျူးတွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း လျော့ကျအောင်လုပ်ဆောင်ပေးပါသေးတယ်။

    • ကိုယ်အလေးချိန် ကျစေနိုင်တယ်

    ဆီးချိုရောဂါကြောင့် အရမ်း ဝလာတာမျိုး မဖြစ်အောင်လည်း ပျဉ်းမရွက်က လုပ်ဆောင်ပေးပါသေးတယ်။ ဆီးချိုဆေး အများစုက သွေးတွင်း သကြားဓာတ်ကိုကျဆင်းစေနိုင်ပေမယ့် အဆီဓာတ်ကိုတော့ ကျဆင်းစေနိုင်ခြင်း မရှိပါဘူး။ ပျဉ်းမရွက်ကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထိန်းသိမ်း ပေးပြီး အစားစားချင်စိတ် သိပ်မဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ အဆီဆဲလ်တွေ ဖြစ်ပေါ်မှုကို လျော့ကျစေပြီး သွေးတွင်းကိုလက်စထရောပမာဏ ကိုလည်း ကျဆင်းစေနိုင်ပါတယ်။

    • ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိတယ်

    ပျဉ်းမရွက်က superoxide ပမာဏကို ကျဆင်းစေပြီး ဆဲလ်တွေကို လုပ်ငန်းဆောင်တာတွေ ကောင်းစွာ လုပ်ဆောင်နိုင်အောင် လုပ်ဆောင်ပေးပြီး ရောဂါပိုးတွေကူးစက်ရှင်သန်နိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။

    • ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်

    ပျဉ်းမရွက်မှာ ပါတဲ့ Corosolic acid က ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာစေနိုင်စွမ်း ရှိပါတယ်။

    • ရောဂါပိုးတွေ ကူးစက်မှုကို ကာကွယ်ပေးပါတယ်

    ပျဉ်းမရွက်မှာ ပါတဲ့ Corosolic ၊ gallic နဲ့ ellagic အက်ဆစ်တွေက လူသားဆဲလ်တွေမှာ ဗိုင်းရပ်စ်တွေ မရှင်သန်နိုင်အောင် တားဆီးပေးနိုင်တာကြောင့် ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။

    • ဘက်တီးရီးယားတွေကို သေစေနိုင်စွမ်း ရှိပါတယ်

    ပျဉ်းမရွက် အဆီက E.coli လိုမျိုး ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်စွမ်းရှိ ပါတယ်။

    • ကင်ဆာကာကွယ်ပေးနိုင်ပါတယ်

    ပျဉ်းမရွက် မှာပါတဲ့ Corosolic acid က အူမကြီးကင်ဆာဆဲလ်တွေကို သေစေနိုင်စွမ်း ရှိပါတယ်။ ကင်ဆာကျိတ်တွေ ကြီးထွားမှုကိုလည်း ဟန့်တားပေးနိုင်ပါတယ်။

    ပျဉ်းမရွက် မှာပါတဲ့ gallotannin က နှလုံးကျန်းမာစေဖို့အတွက် အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ tannic acid တစ်မျိုးပါ။ ပျဉ်းမပင် မှာပါတဲ့ corosolic acid က သွေးတိုးကျစေပြီး နှလုံးကို ကျန်းမာစေနိုင်ပါတယ်။

    • အသည်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်

    အသည်းမှာ အဆီတွေ များလာတဲ့အခါမှာ အသည်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ သကြားဓာတ် အစားများတာက အသည်းရောဂါ ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းပါ။ ပျဉ်းမရွက် အဆီက သွေးတွင်း ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး အသည်းရောဂါတွေကြောင့် အသည်း ပျက်စီးတာကို လျော့ပါးသက်သာစေနိုင်ပါတယ်။

    ဘာတွေ သတိထားရမလဲ!

    ပျဉ်းမရွက်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ အသုံးပြုမယ်ဆိုရင် ဆိုးကျိုး ရှိလာနိုင်တာကြောင့် သတိထားစေချင်ပါတယ်။

    ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ!

    ခန္ဓာကိုယ် ပြင်ပအတွက် အသုံးပြုနိုင်ပေမယ့် ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/12/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။