brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

သွေးပေါင်တက် သောသူများအတွက် အစားအစာများ

အကယ်၍ တစ်စုံတစ်ယောက်ဟာ သွေးပေါင် တက်လေ့ရှိပါက သွေးတိုးခြင်းနှင့် ပက်သက်သော အခြားရောဂါများအလွယ်တကူ ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် သင့်တော်သော အစားအစာများ စားသုံးခြင်းဖြင့် သွေးတိုးခြင်းကို ထိန်းချုပ်ထားသင့်ပါတယ်။

သွေးပေါင်တက် သောသူများအတွက် အစားအစာများ

သွေးပေါင်တက်သောသူများအတွက် ကျန်းမာသော စားသောက်နည်းများ

-စားခြင်းကို ထိန်းချုပ်နိုင်စွမ်းရှိပါ။ အစာမည်မျှစားသည်၊ ထိုအစာထဲတွင် ကယ်လိုရီမည်မျှ ပါဝင်သည် စသည်တို့ကို ခန့်မှန်းတွက်ချက်ပါ။ ထိုသို့ဖြင့် သွေးပေါင်ကို ထိန်းချုပ်နိုင်ပါမည်။

-ဆားသည် သွေးပေါင်အပေါ် သက်ရောက်မှုရှိပါတယ်။ သင်စားသော အစာများထဲတွင် ဆားများစွာပါပါက ထိုဆားများသည် ခန္ဓါကိုယ်တွင်းတွင် အရည်များကို ဆွဲယူထားကာ သွေးပေါင်တက်နိုင်ချေကို မြင့်စေပါတယ်။ သွေးတိုးရောဂါ ရှိပါက စားသုံးသော ဆားပမာဏကို ကန့်သတ်ထားသင့်ပါတယ်။ တစ်နေ့လျှင် ဆားကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းထက်မပိုသင့်ပါ။ ၂၃၀၀ မီလီဂရမ်အောက်ဖြစ်သင့်ပါတယ်။

အစားအစာများ၏ အညွှန်းကို သေချာဖတ်ခြင်းဖြင့် ဆားဓါတ်များစွားပါသော အစားအစာများကို ရှောင်ကြဉ်ပါ။ ဆားဓါတ်နည်းသော အစာများကို ရွေးစားပါ။ အသင့်စားသုံးရန်ပြုလုပ်ထားသော၊ သိုလှောင်ထားသော အစားအစာများကို ရှောင်ကြဉ်ပါ။ ပိုတက်စီယမ်ကို ပိုစားပါ။ ပိုတက်စီယမ်သည် ခန္ဓါကိုယ်တွင်းရှိ ဆိုဒီယမ် ဆားဓါတ်ကို ထိန်းညှိပေးသည်ဟာ ပညာရှင်များက ဆိုကြပါတယ်။ ထို့ကြောင့် ပိုတက်စီယမ်စားသုံးခြင်း နည်းပါက ဆိုဒီယမ်ဆားဓါတ် များလာနိုင်ပါတယ်။

အရက် အလွန်အကြွံ မသောက်သုံးပါနှင့်။ အရက်သည် သွေးပေါင်တက်စေနိုင်ပါတယ်။ ထို့ကြောင့် အရက်သောက်ခြင်းကို ကန့်သတ်ထားခြင်းဟာ လိုအပ်ပါတယ်။

The DASH diet ( သွေးတိုးခြင်းကို ရပ်တန့်ပေးမည့် စားသောက်နည်း )

သွေးတိုးရောဂါ ရှိပါက ဆရာဝန်သည် သင့်အား အစားအသောက် အစီအစဉ်ကို အကြံပေးပါလိမ့်မယ်။ ထိုအစီအစဉ်ကို The DASH diet (Dietary Approaches to stop Hypertension) လို့ခေါ်ပါတယ်။ ထိုနည်းလမ်းဟာ ရိုးရှင်းပါတယ်။ နှလုံးကျန်းမာရေးအတွက် အဆီ၊ ကိုလက်စထရော၊ ဆိုဒီယမ်ဆားဓါတ် နည်းသော အစားအစာများ နှင့် အသားဓါတ်၊ အမျှင်ဓါတ်၊ အာဟာရများသော အစားအစာများ စားသုံးခြင်းတို့ပဲ ဖြစ်ပါတယ်။

ဥပမာ- ပြည့်ဝအဆီ နှင့် ကိုလက်စထရောများပါသော အစားအစာများကို မစားပါနှင့်။ အသီး၊ အရွက်၊ အစေ့၊ အနှံ၊ ပဲ၊ ငါး စသည်တို့ကို ပိုစားသုံးပါ။ အငန်ဓါတ်၊ အချိုဓါတ်၊ အနီရောင်အသားများ စားသုံးခြင်းကို ထိန်းချုပ်ပါ။

The DASH diet ကို မည်သို့ အစပြုမလဲ။

The DASH diet တွင် နေ့စဉ် စားသုံးနိုင်သော အစားအစာအုပ်စု မျိုးစုံပါဝင်ပါတယ်။ တစ်နေ့စားသုံးရမည့် ပမာဏဟာ ထိုလူ၏ တစ်နေ့ ကယ်လိုရီမည်မျှ လိုအပ်သည်အပေါ် မူတည်ပါတယ်။ နေ့စဉ် လိုအပ်သော ကယ်လိုရီကို တွက်ချက်၍ ထိုအတိုင်း သင့်တော်သော အစားအစာကို စားသုံးရခြင်းဟာ ခက်ခဲပါတယ်။ သို့သော် တဖြည်းဖြည်းချင်း ကျင့်သားရအောင် လေ့ကျင့်စားသုံးရပါမယ်။ ဥပမာ- အစပိုင်းတွင် ဆိုဒီယမ်ဆားဓါတ်ကို တစ်နေ့ ၂၄၀၀ မီလီဂရမ် စတင်စားသုံးပြီး ခန္ဓါကိုယ်မှ ကျင့်သားရသွား သည့်အခါ တစ်နေ့ ၁၃၀၀ မီလီဂရမ်ပမာဏ အထိ လျော့နိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr.Nyan Linn မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။