backup og meta

သွေးတိုးနေလျှင် အရက်သောက်သင့်၊ မသောက်သင့်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Nyan Linn မှ ရေးသားသည်။ · 26/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးနေလျှင် အရက်သောက်သင့်၊ မသောက်သင့်

    သွေးပေါင်တက်ခြင်းကြောင့် သင့်ဆရာဝန်က သင်စားသော အစားအသောက်များ ကို သတိထားစားသုံးရန် အကြံပေးပါလိမ့်မယ်။ သို့သော် သင်ဟာ အရက်သောက်တတ်သူဖြစ်ပါက သင့်ခေါင်းထဲတွင် အရက်သောက်သင့်လား၊ မသင့်လား ကိုမေးခွန်းပေါ်လာနိုင်ပါတယ်။ မဆုံးဖြတ်ခင်မှာ သည်ဆောင်းပါးကို ဖတ်ကြည့်ကြပါဆို့။ သည်ဆောင်းပါးထဲတွင် အသုံးဝင်သော အချက်အလက်များ ပါရှိပါတယ်။

    အရက်သောက်ခြင်းဟာ သွေးတိုးခြင်းအတွက် ကောင်းလား၊ မကောင်းဘူးလား။

    အနည်းငယ်မျှ (အမျိုးသမီးများမှာ တစ်နေ့တစ်ခွက်၊ အမျိုးသားများမှာ တစ်နေ့နှစ်ခွက် အထိ) သောက်သုံးခြင်းဟာ သွေးပေါင်ကို ၂ မှ ၄ မီလီမီတာ မာကြူရီအထိ ကျစေနိုင်ပါတယ်။ သို့သော် ထိုကျစေသော သွေးပေါင်ပမာဏမှာ အရက်သောက်သုံးဖို့ တိုက်တွန်းရလောက်သည်အထိ မဟုတ်ပါ။ ထို့ပြင် အရက်ပမာဏ များသွားပါက သွေးပေါင်ကို ပို၍ပင် တက်စေပါတယ်။ တစ်နေ့ အရက်ကို သုံခွက်ထက်ပိုသောက်ခြင်းဟာ သွေးပေါင်ကောင်းမွန်စေသော်လည်း အရက်ကို စွဲလမ်းသွားပါက နောက်ပိုင်းတွင် ပမာဏများခြင်းကြောင့် သွေးပေါင်တက်စေနိုင်ပါတယ်။ ထို့ပြင် အရက်တွင်ပါဝင်သော ကယ်လိုရီများသည် မလိုအပ်သောကိုယ်အလေးချိန်တက်ခြင်းများကို ဖြစ်စေပြီး သွေးပေါင်တက်စေနိုင်ပါတယ်။

    အရက်မသောက်ခင် သင့်ရောဂါ အခြေအနေကို ပြန်လည်စမ်းစစ်ဖို့လိုအပ်ပါတယ်။ ဥပမာ- မိသားစုထဲတွင် အရက်ကြောင့် နှလုံးရောဂါ၊ အသည်းရောဂါ တို့ဖြစ်ဖူးပါက အရက်ကို ရှောင်ကြဉ်သင့်ပါတယ်။ မိမိပါ အရက်စွဲသွားပါက နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုခံစားရစေပါတယ်။

    အရက်အလွန်အကျွံသောက်သူများဟာ အရက်ကို လျှော့သောက်လိုက်ခြင်းဖြင့် သွေးပေါင်ကို ကျစေပါတယ်။

    ဝိုင်နီ သောက်နိုင်ပါသလား။

    အချို့လေ့လာချက်များအရ ဝိုင်နီထဲတွင် ပါဝင်သော polyphenol ဓါတ်သည် သွေးတွင်းတွင် ကောင်းသော အဆီ HDL ကိုများစေခြ င်း ၊ သွေးခဲခြင်းကို ကာကွယ်ခြင်း၊ ဖိအားနည်းစေခြင်းတို့ဖြင့် နှလုံးကျန်းမာရေးကို ကောင်းစေသည်ဟု ဆိုကြပါတယ်။ ဝိုင်နီတစ်ခွက်မျှ သောက်ရုံနှင့် သွေးပေါင်မတက်စေနိုင်ပါ။ သို့သော် အရက်နှင့် တွဲသုံးပါကသွေးပေါင်တက်စေနိုင်ပါတယ်။ အချို့ သုတေသနပညာရှင်များက

    အရက်သည် ဝိုင်နီတွင် ပါသော ကင်ဆာကာကွယ်သည့်အရာများ၏ အာနိသင်ကို ကျစေသည်ဟု ဆိုပါတယ်။

    သင်ဟာ အရက်အလွန်အကျွံသောက်သူ ဖြစ်ပါက တော်သင့်ရုံပဲ သောက်သုံးသင့်ပါတယ်။ ဖြည်းဖြည်းချင်း လျော့သွားသင့်ပါတယ်။ အရက်ကို ရုတ်တရက် ဖြတ်ခြင်းသည် သွေးပေါင်ကို ပိုမိုတက်စေပါတယ်။

    သွေးတိုးရှိပါက အရက်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း၊ ကန့်သတ်ခြင်းများ ပြုလုပ်သင့်ပါတယ်။ အမျိုးသား၊ အသက် ၆၅ နှစ်အောက်ဖြစ်ပါက တစ်နေ့ကို အရက် ၂ ခွက်ထက်ပို မသောက်သင့်ပါ။ အမျိုးသား၊ အသက် ၆၅ နှစ်နှင့် အထက်ဖြစ်ပါက တစ်နေ့ကို အရက် ၁ ခွက်ထက်ပို မသောက်သင့်ပါ။ အမျိုးသမီးဖြစ်ပါက တစ်နေ့ကို တစ်ခွက်သာသောက်သုံးသင့်ပါတယ်။

    တစ်ခွက် ဆိုသည်မှာ ဘီယာ ၃၅၅ မီလီလီတာ၊ ဝိုင် ၁၅၀ မီလီလီတာ ကိုဆိုလိုပါတယ်။

    အရက်ကို လုံး၀ တိခနဲ ဖြတ်လိုက်ဖို့မလိုပါ။ သို့သော် ကန့်သတ် သောက်သုံးသင့်ပါတယ်။ သို့မှသာ သွေးတိုးခြင်း၊ နှလုံးရုတ်တရက် ရပ်ခြင်း၊ လေဖြတ်ခြင်းတို့ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Nyan Linn မှ ရေးသားသည်။ · 26/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement