backup og meta

1

မျှဝေပါ။

သွေးတိုးကျဖို့ လေ့ကျင့်ခန်း လုပ်ခြင်း

သွးတိုးကျဖို့ လေ့ကျင့်ခန်းလုပ်ခြင်း

လေ့ကျင့်ခန်းနဲ့ သွေးတိုး

လေ့ကျင့်ခန်းလုပ်ခြင်းက သွေးတိုးကျစေတဲ့အဓိကအချက်တွေထဲကတစ်ခုပါ။ လေ့ကျင့်ခန်းလုပ်တာကသင်သွေးတိုးကိုကုသနေတဲ့ကုသမှုတွေကိုလည်းပိုထိရောက်မှုရှိစေပါတယ်။ ဒီအတွက်သင်ဟာအားကစားသမားတစ်ယောက်ဖြစ်ဖို့လည်းမလိုပါဘူး။

လေ့ကျင့်ခန်းလုပ်ပြီး ပျော်ရွှင်မှုကိုရှာဖွေပါ။

သင်ကြိုက်တဲ့ လေ့ကျင့်ခန်းကို ရွေးချယ်ကစားပါ။ တစ်ရက်ကိုမိနစ်၃၀ လောက်တစ်ပတ်မှာရက်လောက်လုပ်ပေးရင်လုံလောက်ပါပြီ။ တကယ်လို့သင် Gym ကစားလို့အဆင်မပြေဘူးဆိုလည်းကလို့ရပါတယ်။ ဒါမှမဟုတ် ယောဂကျင့်ခြင်း၊ တောင်တက်ခြင်း၊နဲ့တခြားသင့်နှလုံးကိုအခုန်မြန်စေမယ့်ဘာဖြစ်ဖြစ်လုပ်လို့ရပါတယ်။ အကျင့်ပါသွားပြီဆိုရင်ကိုယ်ကြိုက်တာသာ ရွေးလုပ်ပါ။ သင့်ဆရာဝန်ကိုလည်းသင့်အခြေအနေကိုပြောပြပြီးအကြံတောင်းပါ။

လေ့ကျင့်ခန်းကိုစလုပ်တည်းကအဆင်ပြေပြေလုပ်ချင်ရင်တော့ထရိန်နာငှားပါ။ သူကသင့်ကို လေ့ကျင့်ခန်းလုပ်ဖို့နည်းမှန်လမ်းမှန်ပြပေးမှာဖြစ်တဲ့အတွက်သင့်အတွက်အရမ်းသင့်တော်ပါတယ်။

ပိုပြီးသန်မာလာအောင်လုပ်ပါ။

သန်မာလာအောင်လုပ်ဖို့ကလည်းအရေးကြီးပါတယ်။ သင့်အနေနဲ့ဝိတ်မခြင်း၊စက်အကူအညီနဲ့အလေးမခြင်း၊အိပ်ထမတင်လုပ်ခြင်းစတာတွေကိုလုပ်နိုင်ပါတယ်။ သင်အဆီကျလာမယ့်အပြင်ကြွက်သားတွေကိုသန်မာလာစေပြီးဇီဝကာမလုပ်ငနးကိုလည်းအထောက်အကူပြုပါတယ်။ သင်ကအဝလွန်နေရင်၁၀ ပေါင်လောက်ကျတာကိုကသင့်ရဲ့သွေးတိုးကိုလျော့စေပါတယ်။

ရေကူးပါ။

အေရိုးဘစ်လေ့ကျင့်ခန်းတွေလုပ်ခြင်းကလည်း သွေးတိုးကျစေပါတယ်။ ရေကူးခြင်းကလည်းအကောင်းဆုံးရွေးချယ်မှုပါ။ မိနစ်၃၀ လောက်ကူးတာကလုံလောက်ပါတယ်။

လေ့ကျင့်ခန်းဘယ်လောက်လုပ်တာကလုံလောက်ပြီလဲ ?

မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကိုတစ်ရက်အနည်းဆုံးမိနစ်၃၀တစ်ပတ်အနည်းဆုံး၅ရက်လုပ်ပါ။ဥပမာ – လမ်းလျှောက်ခြင်း။ ဒီလောက်ကသင့်ကုသမှုတွေကိုပိုမိုထိရောက်စေဖို့ကူညီဖို့လုံလောက်ပါပြီ။ လေ့ကျင့်ခန်းတွေကသင့်သွေးတိုးကို၅ကနေ၁၅အထိလျှော့ချပေးနိုင်ပါတယ်။ တဖြည်းဖြည်းပုံမှန်လုပ်ရာကနေပြင်းထန်တဲ့ဆီတစ်ဆင့်ချင်း လေ့ကျင့်ခန်းလုပ်သွားတာကသင့်သွေးတိုးကိုကျစေပြီးပုံမှန်နှုန်းမှာထိန်းထားဖို့ကူညီပါလိမ့်မယ်။

လေ့ကျင့်ခန်းစလုပ်ခြင်း။

မလိုအပ်တဲ့ထိခိုက်မှုတွေမဖြစ်စေဖို့ဖြည်းဖြည်းပဲစလုပ်ပါ။ သင်ကြိုက်တဲ့ လေ့ကျင့်ခန်းတစ်ခုကိုတစ်ရက်၁၀မိနစ်ကနေ၁၅မိနစ်လောက်ထိစလုပ်ပါ။ တဖြည်းဖြည်းနဲ့မှကြာချိန်ကိုမြှင့်သွားပါ။

မလိုလားအပ်တဲ့ထိခိုက်မှုမဖြစ်အောင်သတိထားပါ။

သင်ကအခုမှ လေ့ကျင့်ခန်းစလုပ်မယ်ဆိုရင်ဖြေးဖြေးချင်းပဲစပါ။ ယောဂကျင့်တာကဲ့သို့ပုံမှန်လေ့ကျင့်ခန်းတွေပဲစလုပ်ပါ။ နောက်မှပိုပြင်းထန်တဲ့ လေ့ကျင့်ခန်းကိုလုပ်တာကသင့်ကိုပိုပြီးကျန်းမာလာစေတဲ့အပြင် သင့်သွေးတိုးကိုလည်း လျှော့ချပေးပါတယ်။

လေ့ကျင့်ခန်းလုပ်တာကိုအဆင်ပြေပြေလုပ်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်ကိုသင့်ရဲ့နေ့စဉ်အချိန်စာရင်းထဲထည့်လိုက်ပါ။ သင်နဲ့အဆင်အပြေဆုံးဖြစ်မယ့်အချိန်ကို ရွေးပါ။ အလုပ်မသွားခင်၊အလုပ်ဆင်းပြီး၊နေ့လည်ထမင်းစားချိန်စတဲ့အချိန်တွေမှာလုပ်နိုင်ပါတယ်။ တကယ်လို့သင်ကအပြင်ထွက်ဖို့အဆင်မပြဘူးဆိုရင်အိမ်မှာပဲ လေ့ကျင့်ခန်းနည်းပြ Software တွေ DVD တွေ၊ ယောဂဖျာတွေ၊ဒါမှမဟုတ်ဝိတ်တုံးတွေနဲ့သင့်ဘာသာသင် ပြုလုပ်နိုင်ပါတယ်။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

webmd.com/fitness-exercise/exercise- for-high- blood-pressure

ယခုပုံစံ

14/11/2019

Kyaw Thura Htun မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Kyaw Thura Htun မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/11/2019 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement