backup og meta

ကျွန်တော် သွေးတိုး ဖြစ်နိုင်သလား

ကျွန်တော် သွေးတိုး ဖြစ်နိုင်သလား

Prehypertension ဆိုတာဘာလဲ

သွေးတိုးအကြိုအဆင့်မှာ သွေးတိုးတိုင်းတဲ့အခါအပေါ်သွေး (Systolic blood pressure) က၁၂၀ကနေ ၁၃၉ကြားမှာရှိနေမယ် ဒါမှမဟုတ် အောက်သွေး (Diastolic blood pressure) က ၈၀ကနေ ၈၉အထိရှိနေပါလိမ့်မယ်။

Prehypertension ဆိုတာကသင်သွေးတိုးဖြစ်လာနိုင်ခြေရှိတယ်လို့ သတိပေးတာပါ။ သွေးတိုးခြင်းက သင့်ကိုနှလုံးနဲ့ ပတ်သက်တဲ့ ရောဂါများ၊ လေဖြတ်ခြင်းနဲ့ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ သွေးတိုးခြင်းကို လုံးဝပျောက်အောင်ကုနိုင်တဲ့ဆေးမရှိသေးပါဘူး။ ဒါပေမယ့် အစားအသောက် နေထိုင်မှုနဲ့ ဆေးတွေကတော့ သက်သာအောင်ပြုလုပ်နိုင်ပါတယ်။

ဘယ်လိုလူတွေက သွေးတိုးရောဂါဖြစ်နိုင်သလဲ

ပျှမ်းမျှတွက်ချက်မှုအရ အသက်၁၈နှစ်ပြည့်ပြီးသူတိုင်းရဲ့ တစ်ဝက်နီးပါးက Prehypertension (သွေးတိုးဖြစ်နိုင်ချေ) ဒါမှမဟုတ် Hypertension (သွေးတိုး) ရှိနေတာချည်းပါဘဲ။

အမေရိကန်နိုင်ငံရဲ့ Heart Association ရဲ့ပြောကြားချက်အရ အမေရိကန်မှာက လူဦးရေ ၅၉ သန်းက သွေးတိုးရှိနေပါတယ်။

သွေးတိုးရောဂါရှိနေတဲ့သူတွေက နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း ဖြစ်နိုင်ချေများပါတယ်။ ကိုလက်စထရောများခြင်း၊ အဝလွန်ခြင်း၊ ဆီးချို သွေးချိုရှိခြင်းစတဲ့အချက်တွေက သာမန်လူတွေမှာထက် သွေးတိုးရောဂါရှိတဲ့သူတွေမှာ ပိုအတွေ့များပါတယ်။

သွေးတိုးခြင်းက အသက်ကြီးလာတာကြောင့် ဖြစ်လာတဲ့ရောဂါလား

မဟုတ်ပါဘူး။ ဒါပေမယ့် တချို့တလေကတော့ အသက်ကြီးလာတာနဲ့အမျှ သွေးတိုးဖြစ်လာတာမျိုးတော့ ရှိပါတယ်။ Mexico ရဲ့ တချို့နေရာများ၊ ပစိဖိတ်တောင်ပိုင်းနဲ့ တချို့နေရာတွေမှာ နေထိုင်တဲ့သူတွေဟာ ဆားစားသုံးတာ နည်းပါးကြတဲ့အတွက် US နဲ့ယှဉ်ရင်အသက်ကြီးလာလို့ သွေးတိုးဖြစ်လာတာမျိုးက ပိုနည်းပါတယ်။

Prehypertension အတွက် ကုသမှု ရှိလား

Prehypertension ဆိုတာ သွေးတိုးရောဂါ (Hypertension) ရဲ့ ရှေ့ပြေးအခြေအနေပါ။ Hypertension အတွက် ကုသမှုဆိုတာက သင့်ရဲ့နေထိုင်မှုပုံစံကို ထိန်းညှိရုံသက်သက်ပါ။ အခုပြောပြသွားမှာကတော့ Prehypertension ကို ထိန်းချုပ်ဖို့ နည်းလမ်းတွေပါ။

  • အဝလွန်နေလျှင် ဝိတ်ချပါ။

အဝလွန်ခြင်းက သွေးတိုးဖြစ်နိုင်ခြေများစေပါတယ်။ သွေးတိုးရှိနေရင်လည်းဝိတ်ချခြင်းက သွေးတိုးကို လျှော့ချပေးပါတယ်။

  • လေ့ကျင့်ခန်းမှန်မှန် လုပ်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းက အဆီကျစေတဲ့အပြင် သွေးတိုးကိုလည်း လျော့စေပါတယ်။

  • အသီး၊ ဟင်းသီးဟင်းရွက်၊ ငါးနဲ့ အဆီပါဝင်မှုနည်းတဲ့ နို့က လုပ်တဲ့အရာတွေကို များများစားပါ။

လေ့လာမှုများက Dash ဆိုတဲ့ diet plan က သွေးတိုးကို လျော့စေနိုင်ကြောင်း သက်သေပြထားပါတယ်။ ဒီလိုအစားအစာတွေက ဆားဓာတ် (Sodium) ပါဝင်မှုနည်ပြီး ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် ၊ ပရိုတင်းအသားဓာတ်နဲ့ အမျှင်ဓာတ် ပါဝင်မှုများပါတယ်။

  • ဆား စားသုံးခြင်း လျှော့ပါ။

ဆားပါဝင်မှုမြင့်သော စားစရာတွေက သွေးတိုးဖြစ်စေပါတယ်။ အတတ်နိုင်ဆုံး မစားဖြစ်အောင် ကြိုးစားပါ။

  • အဆီနဲ့ ကိုလက်စထရောပါဝင်မှု နည်းသော စားစရာတွေ စားပါ။

အဆီနဲ့ ကိုလက်စထရောပါဝင်မှုများတဲ့ အသားနို့ထွက်ပစ္စည်းများ မုန့်များစတာတွေက အဝလွန်စေပြီး သွေးတိုးရောဂါအပြင် နှလုံးနဲ့ကင်ဆာရောဂါပါ ဖြစ်စေနိုင်ပါတယ်။

  • အသီးအရွက်ကို သက်သက်လွတ်စားသူ တစ်ယောက်နီးပါးစားပါ။

အသားဓာတ်အတွက် ပဲ ကိုစားသုံးပေးပါ။ နေ့လည်စာမှာ အသီးထည့်စားပြီး ညနေစာမှာ အသီးအရွက်ထည့်စားခြင်းဖြင့် အသီးအရွက်စားခြင်း အလေ့အကျင့်ရအောင် လုပ်ပါ။

  • အရက်နည်းနည်းပဲ သောက်ပါ။

အရက်က သွေးတိုးကို တက်စေတဲ့အတွက် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းနည်းနည်းပဲသောက်ပါ။

  • သွေးတိုးမကြာခဏစစ်ပါ။

သွေးတိုးနှုန်းကအချိန်နဲ့အမျှ ပြောင်းနေတဲ့အတွက် ခဏခဏတိုင်းပါ။ ဆရာဝန်လာမှ တိုင်းတာထက် အိမ်မှာသွေးတိုးတိုင်းစက်ဝယ်ထားတာက ပိုအဆင်ပြေပါလိမ့်မယ်။ သွေးတိုးမြင့်လာတာနဲ့ ဆရာဝန်ကို ဆက်သွယ်ဖို့ဝန်မလေးပါနဲ့။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

High Blood Pressure.

https://www.cdc.gov/bloodpressure/.

Accessed on March 10, 2017

The Seventh Report of the Joint National Committee on Prevention, Detection, Evaluation, and Treatment of High Blood Pressure.

https://www.nhlbi.nih.gov/files/docs/guidelines/express.pdf

Accessed on March 10, 2017.

ယခုပုံစံ

08/08/2022

Kyaw Thura Htun မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်သွေးတိုးကို လျှော့ချဖို့ လွယ်ကူတဲ့နည်းလမ်းများ

သွေးတိုးကျဖို့ လေ့ကျင့်ခန်း လုပ်ခြင်း



Kyaw Thura Htun မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement