backup og meta

Mitral Regurgitation (နှလုံးအဆို့ရှင်မလုံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Mitral Regurgitation (နှလုံးအဆို့ရှင်မလုံခြင်း) ကဘာလဲ။

နှလုံးရှိ Mitral အဆို့ရှင် သည် ဘယ်ဘက်သွေးဝင်ခန်း နှင့် ဘယ်ဘက် သွေးလွှတ်ခန်းကြားတွင်ရှိသည်။ ထို အဆို့ ရှင်သည် သွေးဝင်ခန်းမှ သွေးလွှတ်ခန်းသို့ သွေးများ ညစ်ထုတ်သောအခါ ပွင့်ပြီး သွေးလွှတ်ခန်းမှ ခန္ဓါကိုယ်သို့ သွေးညစ်ထုတ်သောအခါ ပိတ်ပါသည်။ ပိတ်ခြင်းသည် သွေး ဝင်ခန်းအတွင်းသို့ သွေးများပြန်မဝင်အောင် ကာကွယ်ပေး ပါသည်။

သွေးလွှတ်ခန်းအတွင်းမှ သွေးဝင်ခန်းသို့ သွေးများ ယိုစိမ့်၍ဝင်ခြင်းကို သွေးပြန်ဝင်ခြင်းဟုခေါ်သည်။ သွေးကို နှလုံးမှ ကောင်းစွာ မညစ်ထုတ်နိုင်ပါ။ သွေးဝင်ခန်းသည် နောက်တစ်ဖန် တစ်ပတ်လည်အောင် သွေးပြန်မဖြည့်နိုင်ပါ။ သွေးသည် ညာဖက်စနစ်သို့ (အဆုတ်သို့သွားသော) ဝင်ရောက်ကာ အဆုတ်ကို အရည်များဖြင့် ပြည့်စေပါသည်။

ဘယ်ဘက် သွေးလွှတ်ခန်းသည် သွေးများ စီးအောင် အလုပ် ပိုလုပ်ရပါသည်။ ထိုသို့ပိုလုပ်ရခြင်းသည် နောက်ပိုင်းတွင် နှလုံးရောဂါကို ဖြစ်စေပါသည်။

Mitral Regurgitation (နှလုံးအဆို့ရှင်မလုံခြင်း) က ဘယ်လောက်အဖြစ်များသလဲ

Mitral အဆို့ရှင်မှ သွေးပြန် ဝင်ခြင်းသည် မည်သည့် နေရာ မည်သည့်လူမျိုးတွင်မဆို ဖြစ်ပွားနိုင်ပါသည်။ အသက်အလတ်ပိုင်းနှင့် အသက်ကြီးသူများ တွင် ဖြစ်လေ့ ရှိပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချ ခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို နည်းပါးစေနိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Mitral Regurgitation (နှလုံးအဆို့ရှင်မလုံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပျက်စီးမှု အနည်းငယ်သာရှိသော လူများသည် ရောဂါ လက္ခဏာမရှိပါ။ ဤရောဂါရှိမှန်းမသိဘဲ နှစ်ပေါင်းများစွာ ကြာ နေထိုင်နိုင်ပါသည်။ ရောဂါလက္ခဏာများသည် နှစ်အနည်း ငယ်ကြာပြီးနောက် ပေါ်လာပါသည်။ အောက်ပါတို့ ပါဝင်ပါ သည်။

  • မောပန်းခြင်း၊ အသက်ရှူမြန်ခြင်း။ အထူးသဖြင့် အားစိုက်ထုတ်ခြင်း သို့မဟုတ် လဲလျောင်းနေစဉ်တွင် ဖြစ်သည်။
  • သွေးသည် နှလုံးတစ်လျှောက် ဆူညံစွာ စီးဆင်းသွား ခြင်း (နှလုံးညည်းသံ)
  • နှလုံး တဆတ်ဆတ်ခုန်ခြင်း – လျင်မြန်သော တဖျတ် ဖျတ် နှလုံးခုန်သံ ခံစားရခြင်း
  • ခြေဖဝါး သို့မဟုတ် တံတောင်ဆစ်တွင် ချွေးပြန်ခြင်း

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဆေးများမှ ဘေးထွက်ဆိုးကျိုးများ ခံစားရပါက သို့မဟုတ် ရောဂါလက္ခဏာများ ပိုဆိုးလာပါက လက္ခဏာအသစ်များ ပေါ်လာပါက ဆရာဝန်နှင့် ပြသပါ။ ဥပမာ-

  • နှလုံးညည်းသံ
  • လှုပ်ရှားသောအခါ ရင်ခေါင်းတွင် စူးအောင့်ခြင်း သည် မကြာခဏ နှင့် ပိုဆိုးလာခြင်း
  • အနားယူနေစဉ်တွင် အသက်ရှူမြန်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • နှလုံး တဆတ်ဆတ်ခုန်ခြင်း – လျင်မြန်သော တဖျတ် ဖျတ် နှလုံးခုန်သံ ခံစားရခြင်း
  • ခြေထောက်နှင့် ခြေကျင်းဝတ် ရောင်ခြင်း

အကြောင်းရင်းများ

Mitral Regurgitation (နှလုံးအဆို့ရှင်မလုံခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်စေသော အကြောင်းရင်းမှာ mitral အဆို့ရှင်ကို ထိ ခိုက်ခြင်းဖြစ်သည်။ ထိခိုက်မှုသည် မွေးရာပါ ချို့ယွင်းချက် သို့မဟုတ် နှလုံးရောဂါကြောင့် ဖြစ်နိုင်သည်။

အခြားဖြစ်စေသော အကြောင်းရင်းများမှာ-

  • အဆစ်ရောင် အဖျားရောဂါ ( streptococcal ကူး စက်ခြင်း ဥပမာ- strep throat ) စသော ကူးစက်မှု ရောဂါများ
  • Lupus စသော ဆက်သွယ်သောတစ်ရှူး ရောဂါများ
  • Marfan syndrome စသော မျိုးရိုးလိုက်သော ရောဂါများ
  • Mitral အဆို့ရှင် ကျွံကျခြင်းသည် mitral အဆို့ရှင်မှ သွေးပြန်ဝင်ခြင်းကို ဖြစ်စေနိုင်ပါသည်။

Risk factors

Mitral Regurgitation (နှလုံးအဆို့ရှင်မလုံခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Mitral အဆို့ရှင်မှသွေးပြန်ဝင်ခြင်း ဖြစ်နိုင်ချေကို မြင့်စေ သော အချက်အချို့မှာ-

  • Mitral အဆို့ရှင် ကျွံခြင်း သို့မဟုတ် Mitral အဆို့ရှင် ပိတ်ခြင်း စသည်တို့ ဖြစ်ဖူးခြင်း
  • နှလုံးရောဂါ။ နှလုံးရောဂါကို နှလုံးကို ပျက်စီးစေပြီး Mitral အဆို့ရှင် လုပ်ငန်းကိုထိခိုက်စေသည်။
  • နှလုံးကို ထောက်ပံ့သော သွေးကြောရောဂါ စသော အချို့ နှလုံးရောဂါ အမျိုးအစားများ
  • အချို့ဆေးများ အသုံးပြုခြင်း။ ergotamine (Cafergot, Migergot) ၊ ခေါင်းတခြမ်းကိုက်ခြင်း အတွက်ဆေးများ၊ pergolide, cabergolinr , အစာစားချင်စိတ်ကို ဖိနှိပ် သော ဆေးများ (fenfluramine, dexafenfluramine) စသည်တို့ ပါဝင်သည်။
  • နှလုံးအတွင်းသားရောင်ခြင်း၊ အဆစ်ရောင် အဖျားရောဂါ စသော ရောဂါပိုးကူးစက်မှုများ
  • မွေးရာပါ နှလုံးရောဂါ
  • အသက်။ အသက်အလယ်အလတ်တွင် လူအများသည် အဆို့ရှင်၏ အလိုအလျောက် ပျက်စီးလာမှုကြောင့် Mitral အဆို့ရှင်မှ သွေးပြန်ဝင်ခြင်း ဖြစ်နိုင်ပါသည်။

ဖြစ်နိုင်ချေမြင့်စေသော အချက်များ မရှိခြင်းသည် သင့် အား ရောဂါမရနိုင်ဟု မဆိုလိုပါ။ ထိုလက္ခဏာများသည် ကိုး ကားချက်သာလျှင် ဖြစ်သည်။ ပိုမိုသော အချက်အလက် များ အတွက် အထူးကု ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး သင့်ပါ သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Mitral Regurgitation (နှလုံးအဆို့ရှင်မလုံခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် နှလုံးခုန်သံများကို နားထောင်ပြီး ရောဂါ အဖြေရှာအတည်ပြုနိုင်သည်။ သွေးသည် mitral အဆို့ရှင်ကို ပုံမှန်မဟုတ်စွာ ဖြတ်စီးပါက ညည်းသံဟုခေါ်သော အသံတစ် မျိုး ဖြစ်စေသည်။ ဆရာဝန်သည် နားကျပ်ဖြင့် ထိုညည်းသံ ကို ကြားနိုင်သည်။

ဆရာဝန်သည် ရောဂါအဖြေရှာခြင်း ကို အတည်ပြုရန် နှလုံးကို sonography (echocardiography) ၊ ရင်ဘတ်ဓါတ်မှန်၊ electrocardiography (ECG) ရိုက်ရန် ညွှန်ကြားနိုင်သည်။ ဓါတ်ရောင်ခြည်များသည် နှလုံးခုန်သံ မမှန်ခြင်း နှင့် နှလုံးတဆတ်ဆတ်ခုန်ခြင်းကို ဖြစ်စေပါသည်။

Mitral Regurgitation (နှလုံးအဆို့ရှင်မလုံခြင်း) ကို ဘယ်လိုကုသပါသလဲ

မပြင်းထန်သော အခြေအနေများတွင် ဆိုးကျိုးများကို ကာ ကွယ်ရန် ဆေးများ အသုံးပြုနိုင်သည်။ သွေးပြန်ဝင်ခြင်းသည် ဆိုးရွားလာပြီး ဆေးများဖြင့် ရောဂါလက္ခဏာများကို မထိန်း ချုပ်နိုင်တော့ပါက Mitral အဆို့ရှင်အား အစားထိုး ခွဲစိတ်ကု သမှု ပြုလုပ်နိုင်သည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် Mitral အဆို့ရှင်မှသွေးပြန်ဝင်ခြင်း ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Mitral အဆို့ရှင်မှသွေးပြန်ဝင်ခြင်း ကို ထိန်းချုပ်နိုင်ပါသည်။

  • ရောဂါတိုးတက်မှုနှင့် ကျန်းမာရေးအခြေအနေကို သိရှိရန် ပုံမှန်ပြန်လည်စစ်ဆေးမှု ပြုလုပ်ပါ။
  • ဆရာဝန်ညွှန်ကြားချက်များကို လိုက်နာပါ။ ညွှန်ကြား သည့်အတိုင်း ဆေးသောက်ပါ။
  • နှလုံးရောဂါ၏ လက္ခဏာများရှိပါက အစားအစာတွင် ဆားနှင့် အရည်ပါခြင်းကို ကန့်သတ်ပါ။
  • သမားတော်၏ လမ်းညွှန်မှုဖြင့် လေ့ကျင့်ခန်း ပြုလုပ်ပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print Edition. Page 37.
Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Print Edition. Page 378

ယခုပုံစံ

12/05/2020

Dr. Zin Wai Yan Lin မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ !

နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement