
ညဘက်အိပ်ရေးပျက်ထားသူတွေအတွက် ဆောင်ရန်ရှောင်ရန်များ ကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ မဒေါင်းချင်ရင်တော့ ဒီအချက်တွေ သိထားဖို့လိုမယ်နော်။ အိပ်ရေးပျက်ထားရင် နောက်တစ်နေ့မှာ
ညက အိပ်ရေးပျက်ထားလို့ဆိုပြီး နောက်တစ်နေ့နေ့လည်ပိုင်းလောက်မှ အိပ်ရာကထတာမျိုး လုပ်တတ်ပါတယ်။ ခေါင်းမူးလို့ ဆက်အိပ်တယ်ဆိုပေမယ့် အဲဒါကပိုဆိုးစေတယ်ဆိုတာ သိပါရဲ့လား။ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို မပျက်ယွင်းစေဖို့ကို နိုင်သလောက်ထိန်းပေးရပါမယ်။ အိပ်ရာဝင်ချိန်၊ အိပ်ချိန်နဲ့ အိပ်ရာထချိန်တွေက နေ့တိုင်း အချိန်မှန်နေသင့်ပါတယ်။ ညဘက်မှာ ပျက်လိုက်ပေမယ့် နောက်နေ့တွေမှာ အဲဒီအချိန်တွေကို ပြန်ထိန်းရပါမယ်။ နောက်ကျတဲ့အထိ ပိုအိပ်လိုက်လို့ အိပ်ရေးပျက်ထားတာကို ပြန်မဖြည့်ဆည်းနိုင်ပါဘူး။ ခေါင်းထဲအုံခဲနေတာပဲ အဖတ်တင်ပါလိမ့်မယ်။
နေရောင်ခြည်က စိတ်ကိုလန်းဆန်းစေပြီး နောက်ထပ်အိပ်မပျော်တာမဖြစ်အောင် ဦးနှောက်ကိုအထောက်အကူပေးပါတယ်။ ဒါ့ကြောင့် ပထမရက်က အိပ်ရေးပျက်ထားတာကို နောက်ရက်မှာ ကောင်းကောင်းအိပ်ပျော်ချင်ရင် အိပ်ရာထတာနဲ့ နေရောင်ခြည်ခံယူပါ။ ညနေဘက်ဆိုလည်း လမ်းခဏထွက်လျှောက်တာမျိုးပေါ့။ နေပူထဲလျှောက်သွားဖို့ မဟုတ်ဘူးနော်။ နားနားနေနေပဲ အပြင်ထွက်ပေးရုံနဲ့ရပါတယ်။
ညနေပိုင်းလောက်မှာ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေပါတယ်။ လေ့ကျင့်ခန်းတွေလုပ်၊ အားကစားရုံတွေသွားတဲ့အထိတော့ မဆိုလိုပါဘူး။ ခဏလောက် လမ်းထွက်လျှောက်တာနဲ့တင် အဆင်ပြေလောက်ပါတယ်နော်။
မိနစ် ၂၀လောက် တရေးအိပ်လိုက်ခြင်းအားဖြင့် အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ အတွေးဉာဏ်လည်း ဆန်းသစ်စေတယ်ဆိုပေမယ့် မိနစ် ၂၀ ကနေ မိနစ် ၆၀ အတွင်းသာရှိသင့်ပါတယ်။ ပိုအိပ်ရင် နိုးလာတဲ့အခါ ခေါင်းမကြည်တာ၊ ခေါင်းကိုက်တာတွေဖြစ်နိုင်လို့ နှိုးစက်ပေးပြီး အိပ်ပါ။ နောက်တစ်ချက်က တရေးအိပ်ချိန်ဟာ ညဘက်အိပ်ချိန်နဲ့ နီးလေ ညကျအိပ်မပျော်နိုင်ခြေ ပိုများလေဖြစ်စေနိုင်ပါတယ်ဆိုတာလေး သတိထားပါ။
မူးပြီးအိပ်သွားမယ်လို့ ထင်ရင်မှားပါလိမ့်မယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာမျိုးမဟုတ်ဘဲ နာရီအနည်းငယ်ကြာတိုင်း ပြန်ပြန်နိုးလာပါလိမ့်မယ်။ အကြာကြီးအိပ်ပြီး ပြန်နိုးလာတဲ့အခါ ခေါင်းတွေကိုက်နေမှာပါ။
အိပ်ရေးပျက်ထားရင် ရေဓာတ်ဆုံးရှုံးတတ်ပါတယ်။ ရေဓာတ်မလုံလောက်တဲ့အခါ မူးတာ၊ မောပန်းအားကုန်တာ၊ အာရုံစိုက်မရတာတွေဖြစ်လာစေနိုင်တယ်လေ။
အစာစားချိန်ကိုမှန်အောင်၊ အလွန်အကျွံမစားမိအောင် ဂရုစိုက်ဆင်ခြင်သင့်ပါတယ်။ အိပ်ရေးပျက်ထားရင် ကျန်းမာရေးနဲ့မညီတာတွေချည်းတောင့်တနေတတ်သလို ပမာဏကိုလည်း အလွန်အကျွံစားမိတတ်ကြပါတယ်။