backup og meta

ကောင်းကောင်းအိပ်ပျော်အောင် ညအိပ်ရာမဝင်ခင် ဘာတွေစားမလဲ

ညဘက်မှာ ဘာကြောင့်မှန်းမသိဘဲ အိပ်မပျော်တာတွေ ရှိသလို အတွေးတွေ လွန်ပြီး အိပ်မပျော်တာတွေလည်း ရှိတတ်ပါတယ်။ တကယ်တော့ လူတစ်ယောက်ဟာ ကျန်းမာရေး ကောင်းမွန်နေစေဖို့အတွက် အိပ်ချိန် လိုအပ်ပါတယ်။ အိပ်ရေးဝဝ အိပ်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလိုဆိုရင်တော့ ညဘက်အိပ်ပျော်စေနိုင်မယ့် နည်းလမ်းတွေကို လုပ်ဆောင်ရမှာ ဖြစ်သလို ကောင်းကောင်းအိပ်ပျော်အောင် ညအိပ်ရာမဝင်ခင် ဘာတွေစားမလဲ ဆိုတာကိုလည်း သိထားဖို့ လိုပါတယ်။

ကောင်းကောင်းအိပ်ပျော်အောင် ညအိပ်ရာမဝင်ခင် ဘာတွေစားမလဲ

ကောင်းကောင်းအိပ်ပျော်အောင် ညအိပ်ရာမဝင်ခင် ဘာတွေစားမလဲ

  • ဗာဒံစေ့

ဗာဒံစေ့ကတော့ ညဘက်အိပ်မပျော်တဲ့သူတွေ စားပေးသင့်တဲ့ အစေ့အဆံ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဗာဒံစေ့မှာ ဖော့စဖော့ရပ်၊ မဂ္ဂနီဆီယမ်တွေ လုံလုံလောက်လောက် ပါဝင်တာကြောင့် နာတာရှည်ရောဂါတွေ ဖြစ်တဲ့ ဆီးချိုရောဂါနဲ့ နှလုံးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်လည်း ပါဝင်ပြီး အဆီလည်း နည်းပါတယ်။ အဓိကကတော့ ဗာဒံစေ့ တစ်အောင်စမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ မဂ္ဂနီဆီယမ် (၁၉%) ကို ပေးစွမ်းနိုင်တာကြောင့် အိပ်ပျော်စေပါတယ်။ ညဘက် စားသုံးပေးမယ်ဆိုရင် စိတ်ဖိစီးမှုတွေကြောင့် အိပ်မပျော်တာတွေ သက်သာစေနိုင်ပါတယ်။

  • ကီဝီသီး

ကီဝီသီးကတော့ ကယ်လိုရီအရမ်းနည်းပြီး အာဟာရ ပြည့်ဝတဲ့ အသီးတစ်မျိုးပါပဲ။ ကီဝီသီးမှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် စီနဲ့ ဗီတာမင်ကေတွေလည်း ပါဝင်ပါသေးတယ်။ ကီဝီသီးဟာ အစာခြေဖျက်နိုင်စွမ်းကိုလည်း အထောက်အကူပြုတာကြောင့် ရင်ပြည့်လို့ အိပ်မပျော်တာတွေ မဖြစ်စေနိုင်ဘူး။ လေ့လာသူတွေကတော့ ညဘက် ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင် ကီဝီသီးစားဖို့ အကြံဉာဏ် ပေးထားပါတယ်။ ဘာလို့လဲဆိုတော့ ကီဝီသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ကောင်းကောင်းအိပ်ပျော်စေနိုင်တာကြောင့်ပါ။

  • Fatty acid ပါဝင်တဲ့ ငါးများ

ညဘက်ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင်တော့ fatty acid ပါဝင်တဲ့ ငါးတွေ စားသုံးပြီး အိပ်တာမျိုး လုပ်သင့်ပါတယ်။ Fatty acid က နှလုံးရောဂါနဲ့ သွေးလည်ပတ်မှုကို အားကောင်းစေတာကြောင့် အိပ်မပျော်ခြင်းနဲ့ စိတ်ဖိစီးမှု များတာတွေကို လျှော့ချပေးနိုင်ပါတယ်။ လေ့လာမှု တစ်ခုမှာတော့ တပတ်ကို (၃) ကြိမ် fatty acid ပါတဲ့ ငါးတွေကို (၆) လလောက် စားသုံးသူတွေဟာ ကြက်သား၊ ဝက်သားတွေ စားတဲ့သူထက် ပိုပြီး အိပ်ပျော်စေတယ်လို့ ဆိုထားပါတယ်။

  • ထမင်းဖြူ

ထမင်းဖြူကတော့ လူတိုင်းစားကြတဲ့ အစားအစာဖြစ်တာကြောင့် သူရဲ့ အာနိသင်တွေကို အထူးတလည်တောင် ပြောပြစရာ လိုမယ်မထင်ပါဘူး။ ကိုယ်ဟာ ညဘက် ကောင်းကောင်း အိပ်မပျော်တတ်တဲ့သူဆိုရင်တော့ နေ့လည်ခင်း အချိန်တွေမှာ ထမင်းစားထားပါ။ ပေါင်မုန့်၊ ခေါက်ဆွဲ စားတဲ့သူနဲ့ ထမင်းဖြူ စားတဲ့သူတွေကို စမ်းသပ်ခဲ့ရာမှာ ထမင်းဖြူ စားတဲ့သူက ညဘက်မှာ အိပ်မပျော်တာတွေ မဖြစ်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာကို တွေ့ရှိခဲ့ရပါတယ်။

  • ငှက်ပျောသီး

ငှက်ပျောသီးမှာ tryptophan ပါဝင်တဲ့အပြင် မဂ္ဂနီဆီယမ်လည်း များများ ပါဝင်တာကြောင့် အိပ်ပျော်စေပါတယ်။ ဒါကြောင့် ညဘက် အိပ်မပျော်ဘူးဆိုရင်တော့ ငှက်ပျောသီးလေးတွေ စားပေးနိုင်ပါတယ်။

ညဘက်အိပ်မပျော်တာတွေနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာတွေ ဖြစ်နေတယ်ဆိုရင်တော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အစားအစာလေးတွေ စားပြီး အိပ်ကြည့်ပေးပါနော်။ အိပ်ရေးဝဝ အိပ်ဖြစ်စေမှာမို့ ကျန်းမာလှပလာမှာ သေချာပါတယ်။ ဘာပဲစားစား အိပ်ရာဝင်ချိန်နဲ့ ခွာစားဖို့ကိုလည်း အကြံပြုချင်ပါတယ်။

ရေးသားသူ- Eaindra Kha

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/9-foods-to-help-you-sleep#section10

http://www.health.com/nutrition/what-to-eat-before-drinking#alcohol-drinking-food-cucumber

https://greatist.com/eat/best-and-worst-foods-for-sleep

ယခုပုံစံ

09/08/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိပ်ရေးပျက်ခြင်းကို ယောဂက ဘယ်လိုကူညီပေးနိုင်မလဲ

အိပ်မပျော်ခြင်းဝေဒနာကို ကုစားသက်သာပေးနိုင်မယ့် နည်းလမ်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ