backup og meta

မနက်ခင်းစောစောထတတ်သည့်အကျင့်ပျိုးထောင်သင့်ပုံ

မနက်ခင်းစောစောထတတ်သည့်အကျင့်ပျိုးထောင်သင့်ပုံ

အကျင့်ပျိုးထောင်သင့်ပုံ

မနက်အစော အလင်းရောင် မလာသေးခင်အချိန်။ နှိုးစက်သံမြည်လာပြီး နှိုးစက်ကို သင်ပိတ်လိုက်သည်။ ခဏအကြာ သင်ထထိုင်မည်။ သင့်ခြေထောက်များကို အိပ်ရာပေါ်မှ တွဲလောင်းချပြီး သင့်ဖုန်းကိုယူလိုက်မည်။ သင့်ဖုန်းမှအလင်းရောင်သည် သင့်အခန်းကို လင်းသွားစေပေလိမ့်မည်။

သင်ကြားဖူးနေကျ အကြောင်းအရာဖြစ်သော်လည်း ရိုးသားစွာဝန်ခံရလျှင် မနက်စောစောထခြင်းသည် ကျွန်ုပ်တို့အတွက် လွယ်ကူသည်တော့မဟုတ်ပါ။

၁ နေ့လျှင် ၁ နာရီ လျှော့ချပါ

သင့်အနေဖြင့်စောစီးစွာနိုးထလိုလျှင် မလိုအပ်သောညနေခင်းအလုပ်များကို လျှော့သင့်ကြောင်း ဒေါက်တာမာ့ခ်စ်ကပြောသည်။ သင့်အနေဖြင့် ထိုကဲ့သို့ပြုလုပ်ရန် ခက်ခဲမည်ကို ကျွန်ုပ်တို့သိပါသည်။

တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် မိမိတို့ပြုလုပ်ရမည့် အလုပ်များအတွက် အချိန်ပိုလျှံနေသည်ဟု တွက်မိတတ်သည်။

အစီအစဉ်ဆွဲပါ

အိပ်ရေးဝမှကောင်းစွာ နိုးထနိုင်မည် ဖြစ်သည်။ မအိပ်ခင်နိုးစက် နာရီပေးနေရခြင်းသည် သင်ကောင်းစွာအိပ်ရေးမဝခြင်းကို ညွှန်ပြနေသည်ဟု အမေရိကန်အိပ်စက်ခြင်း ဆေးပညာကျောင်းမှ အကြီးအကဲ Nathaniel Watson က ဆိုပါသည်။ “သင့်အနေဖြင့် ကောင်းစွာအိပ်ရေးဝခဲ့လျှင် နှိုးစက်မလိုဘဲ သင်နိုးထနိုင်လိမ့်မည်။” ကြားလိုက်ရုံဖြင့် လွယ်ကူဟန်ရှိသော်လည်း တကယ်လုပ်ရန်ခက်ခဲပေလိမ့်မည်။

အောက်ပါအချက်များကိုလိုက်နာခြင်းဖြင့်ကောင်းစွာအိပ်စက်ပြီးလန်းဆန်းစွာနိုးထနိုင်ပေလိမ့်မည်။

နေ့စဉ်ပြုလုပ်နေကျအလုပ်များကို ပြီးမြောက်အောင်လုပ်ပါ

ခန္ဓာကိုယ်နှင့်ပတ်သက်၍ အချိန်ဇယားတစ်ခုဆွဲပြီးပြုလုပ်ခြင်းက မည်သည့်အရာများ ဖြစ်လာနိုင်သည်ကို ကြိုတင်ခန့်မှန်းနိုင်သည်။ ညနေခင်း ပြုလုပ်သည်များကို ပုံမှန်ပြုလုပ်ခြင်းဖြင့် သင့်စိတ်ကို ပြေလျော့စေပြီး အိပ်ချိန်နှင့် နီးကပ်လာသည်ကိုလည်း သတိပြုမိစေသည်။ ဥပမာ- အိပ်ရာမဝင်ခင် ကဖင်းဓာတ်မပါသော လက်ဖက်ရည်သောက်သုံးခြင်းနှင့် မိနစ် ၂၀ခန့် စာဖတ်ခြင်းကို ပြုလုပ်ပေးခြင်းမျိုးဖြစ်သည်။

စနစ်ကျသော အစားအသောက်ပုံစံပြုလုပ်ပါ

နံနက်စာသည် တစ်နေ့တာတွင်အရေးအကြီးဆုံးဖြစ်သည်ဟူသည့်အဆိုကို သင်ကြားဖူးလိမ့်မည်။ သင့်အနေဖြင့် မနက်ပိုင်းတွင် ပိုမိုပြည့်ဝစွာစားသုံးလျှင် ညနေခင်းတွင် ကော်ဖီနှင့် မုန့်အချိုကဲ့သို့ အစားအစာမျိုးစားရန် မလိုတော့ပါ။ ဝါရှင်တန်ဒီစီမြို့မှ အာဟာရဗေဒနှင့် ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာကျွမ်းကျင်သူ Rebecca Scritchfield ဆိုသူက “ တစ်ညတာအိပ်စက်ပြီးသော ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်နှင့် သွေးတွင်းသကြားဓာတ်တို့သည် နိမ့်ကျနေပြီး နံနက်စာစားသုံးပေးခြင်းဖြင့် စွမ်းအင်ကိုပြန်လည် ရရှိနိုင်သည် “ဟုဆိုထားပါသည်။ သူမ၏ အကြံပြုချက်အရ နံနက်စာတွင် အသားဓာတ်၊ အရောင်အသွေးစုံသော ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်တို့ ပါဝင်သင့်သည်ဟုဆိုပါသည်။

အလုပ်တစ်ခု စတင်ပါ

စိတ်ဓာတ်မြှင့်တင်ရေး ပညာရှင်တစ်ဦးက အကြံပြုသည်မှာ နံနက်အိပ်ရာထပြီးပြီးချင်း သင်ပြုလုပ်ရမှာ ကြောက်လန့်သော အလုပ်တစ်ခုကို လုပ်သင့်သည် ဟုဆိုသည်။ ထို့ကြောင့်ပင် သုတေသနတစ်ခုက စိတ်စွမ်းအားသည် နံနက်ပိုင်းတွင် အမြင့်ဆုံးဖြစ်ပြီး အချိန်နှင့်တဖြည်းဖြည်းလျော့ကျသွားသည်ဟု ဆိုထားခြင်းဖြစ်သည်။ ဥပမာ- ညနေ ၆:၀၀ နာရီထိုးတွင် သင့်အနေဖြင့် အားကစားလုပ်ရမည်ကို သိသော်လည်း ထိုအချိန်တွင် အာကစားခန်းမသို့ သွားချင်စိတ်မရှိတော့သလိုမျိုးဖြစ်ခြင်း ကိုဆိုလိုသည်။

နေ့သစ်တစ်ခုမွေးဖွားပါ

သင့်အနေဖြင့် ညည်းညူခြင်းဖြင့် နိုးထပြီး မိမိမပြုလုပ်နိုင်ခဲ့သည်များကို တွေးတောမိပါက အိပ်ရာမှ စိတ်အားတက်ကြွစွာထရန် ခက်ခဲနိုင်သည်။ ထိုသို့ပြုမည့်အစား သင်ပြုလုပ်နိုင်မည့်အကောင်းဆုံး အခြင်းအရာများကို တွေးတော၍ နေ့သစ်တွင် နိုးထသင့်သည်။

အကောင်းမြင်စိတ်နှင့်ပြုလုပ်ပါ

အပြုသဘောဖြင့် နိုးထလျှင် သင့်တစ်နေ့တာလုံး ကျန်းမာပြီး လုပ်ငန်းစွမ်းဆောင်ရည်လည်း တိုးတက်နိုင်ကြောင်း ပညာရှင်များက အကြံပြုပါသည်။

စောစီးစွာအိပ်ရာဝင်ပါ

ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့ကို ညဘက်တွင် အသံတိုး၍ ဖွင့်ထားခြင်းဖြင့် သင့်အတွက်အိပ်ပျော်စေနိုင်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။ ညနေခင်းတွင် စိတ်လက်ပြေလျော့ပြီး သင်၏ စိတ်ကအိပ်စက် အနားယူရန် အဆင်သင့်ဖြစ် နေလိမ့်မည်။ သို့သော် သင့်အိမ်တွင် ထိုအချိန်၌ ကျယ်လောင် ဆူညံနေမည်ဖြစ်၍ ထိုကဲ့သို့ပြုလုပ်ရန် ခက်ခဲပေလိမ့်မည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

I Tried to Be a Morning Person for 30 Days. Here’s What Worked and What Didn’t.
http://greatist.com/live/i-tried-to-be-a-morning-person-for-30-days

10 Tips for Becoming a Morning Person. http://www.realsimple.com/work-life/life-strategies/how-to-become-morning-person

19 Ways to Trick Yourself Into Becoming a Morning Person. http://dailyburn.com/life/lifestyle/how-to-become-a-morning-person

 

ယခုပုံစံ

09/08/2022

Dr. Ye Pyae Hein မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အီလက်ထရောနစ်ပစ္စည်းတွေကြောင့် အသက်တိုစေမှာလား

ဦးခေါင်းထိခိုက်ခြင်း အရေးပေါ် ဘာတွေလုပ်သင့်လဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement