စိတ်ဖိစီးမှုဆိုတာ ကလေးကစလို့ လူကြီးတွေအထိ အကုန်လုံး ခံစားရနိုင်တယ်ဆိုတာ သိပြီးသားပါ။ လိင်ပိုင်းဆိုင်ရာအရမှာရော ကိုကိုတွေ နဲ့ မမတွေမှာ ဘယ်သူက ပိုပြီး စိတ်ဖိစီးတတ်သလဲ။ စိတ်ဖိစီးနိုင်ခြေက အတူတူပဲလို့ ထင်လား။ ဒီမေးခွန်းလေးတွေရဲ့ အဖြေကို ဆောင်းပါးလေး ဖတ်ရင်း ဆန်းစစ်လိုက်ရအောင်နော်။ ကဲ …… အမျိုးသား နဲ့ အမျိုးသမီး ဘယ်သူ ပိုစိတ်ဖိစီးတတ်သလဲ ဆိုတာ အဖြေထုတ်လိုက်ရအောင်နော်။
အမျိုးသား နဲ့ အမျိုးသမီး ဘယ်သူ ပိုစိတ်ဖိစီးတတ်သလဲ
အမျိုးသား နဲ့ အမျိုးသမီး ဘယ်သူ ပိုစိတ်ဖိစီးတတ်သလဲဆိုတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး စိတ်ဖိစီးတတ်ကြပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် စိတ်ဖိစီးနိုင်ခြေ ၂ ဆလောက် ပိုများနေပါတယ်။ ဘာကြောင့် မမတွေက ကိုကိုတွေထက် ပိုစိတ်ဖိစီးတတ်တာလဲ ဆိုတာကိုတော့ အတူတူ ဆက်ကြည့်ကြည့်လိုက်ရအောင်နော်။
အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုစိတ်ဖိစီးတတ်တာလဲ
အမျိုးသမီးတွေ အမျိုးသားတွေထက် ပိုပြီး စိတ်ဖိစီးရတာက အခုလို အချက်လေးတွေကြောင့်ပါ။