backup og meta

နေ့စဉ်ဘဝနေထိုင်မှုပုံစံကို အသစ်ဖန်တီးနိုင်မယ့် နည်းလမ်း


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေ့စဉ်ဘဝနေထိုင်မှုပုံစံကို အသစ်ဖန်တီးနိုင်မယ့် နည်းလမ်း

    ဘဝကို ပုံမှန်လည်ပတ်နေကျအတိုင်း ဆက်သွား နေမယ်ဆိုရင်တော့ တခါတလေမှာ ပျင်းစရာကောင်းလှပါတယ်။ လက်ရှိ အနေအထား သည် ဘဝအခြေခံအုတ်မြစ်ကောင်းဖို့ နဲ့ ဘဝမှာကောင်းမွန်တဲ့အနေအထားတွေကို တွေ့ကြုံရနိုင်ဖို့အတွက် အရေးပါလှပါတယ်။ ထိုနည်းတူ အနာဂတ်အတွက် တက်တက်ကြွကြွတွေးခေါ်၊ လုပ်ဆောင် ခြင်းကလည်း အနာဂတ်ကောင်းမွန်ရေးအတွက် အရေးပါလှပါတယ်။ ပစ္စပ္ပုန် နှင့် အနာဂတ် အရေးနှစ်ခုကို မျှတမှုရှိစေဖို့ အရေးကြီးပါတယ်။ ဘဝကိုငြီးငွေ့မှုကင်းပြီး အမြဲတမ်း သစ်လွင်တဲ့ အနေအထားမျိုးနဲ့ ဖြတ်သန်းလိုတယ်ဆိုရင်တော့ အောက်ပါ နည်းလမ်း ၇ သွယ်ကို တစ်ချက်ဖတ်ကြည့်ပါ။

    ၁။ ခဏလောက် အချိန်ပေးစဉ်းစားလိုက်ပါ

    မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ ခဏလောက်ဖြည်းဖြည်းချင်းစဉ်းစားပြီး မိမိနှလုံးသားရဲ့ ဆန္ဒကိုနားထောင်ကြည့်လိုက်ပါ။ အလုပ်တွေကို တစ်ခုပြီးတစ်ခု မြန်မြန်ဆန်ဆန် လောလောနဲ့လုပ်နေမယ့်အစား ဖြည်းဖြည်းချင်းနဲ့ ဘာလုပ်ရမလဲဆိုတဲ့အစီအစဉ်ကိုတွေးပေးပါ။ အခုလက်ရှိမှာ တကယ်ဘာလုပ်ချင်တာလဲ ဆိုတာကိုကိုယ့်ကိုယ်ကိုမေးကြည့်ပါ။ ဆုံးဖြတ်ချက်ကိုအောင်မြင်ပြီးမြောက်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့အကောင်းဆုံးနည်း လမ်းကိုလည်းစဉ်းစားပါ။ ခဏလောက် အချိန်ယူ ပြီး အလေးအနက်စဉ်းစားတာက သင့်ကိုမှန်ကန် တဲ့နည်းလမ်းတစ်ရပ်ကိုရှာဖွေနိုင်အောင် အကူအညီပေးပါလိမ့်မယ်။

    ၂။ စိတ်ဓါတ်ကို ပြောင်းလဲပါ

    ဘဝဆိုတာက မှန်တစ်ချပ်လိုပါပဲ။ သင်ရဲ့အတွေး အတိုင်းဘဝကရောင်ပြန်ဟပ်နေတာဖြစ်ပါတယ်။ သင့်ရဲ့ အကျင့်အတိုင်း ဘဝကိုဆက်သွားနေမယ် ဆိုရင်တော့ သင့်ရဲ့မသိစိတ်က ဖြစ်ချင်နေတဲ့ ဆန္ဒတွေကို မေ့လျော့နေနိုင်ပါတယ်။ ယနေ့ပဲ အချိန်နည်းနည်းလောက်ပေးပြီး ကိုယ့်အတွေး တွေကို ကိုယ်တိုင်ပုံဖော်ကြည့်ပါ။ တစ်နေ့တာ အဆုံးမှာ အခြေအနေအရပ်ရပ်ကိုပြန်သုံးသပ် ကြည့်ပါ။ တကယ်လို့များသင့်မှာအပျက်သဘော ဆောင်တဲ့အတွေးရှိနေမယ်ဆိုရင် အဆိုပါ အတွေးကိုအပြုသဘောဆောင်တဲ့အတွေးတွေနဲ့ အစားထိုးလိုက်ပါ။

    ၃။ လက်တွေ့ အနေအထားအသစ်တစ်ရပ်ကို ရှာဖွေပါ

    ထိပ်တန်းအားကစားသမားတွေဟာ နှစ်ပေါင်း အတော်ကြာ သူတို့ရဲ့စွမ်းဆောင်ရည် တွေ ကိုမြင့်တက်စေဖို့အတွက် စိတ်ကူးပုံဖော်တဲ့ နည်းလမ်းကိုအသုံးပြုခဲ့ကြပါတယ်။ သင့်အနေနဲ့ ဒီနည်းလမ်းကိုအသုံးပြုပြီး သင့်ရဲ့အောင်မြင်မှု ကို စိတ်ထဲမှာပုံဖော်ကြည့်ခြင်းဖြင့် ဘဝတိုးတက်မှုရရှိ အောင်လုပ်ဆောင်ကြည့်လို့ရပါတယ်။ တကယ်လို့လက်ရှိအခြေအနေမှာ သင့်အနေနဲ့ စိတ်ဆင်းရဲစရာကြုံနေမယ်ဆိုရင် စိတ်ကူးနဲ့ ပုံဖော်ကြည့်လိုက်ပါ။ သင့်ရဲ့အနေအထားအသစ် တစ်ရပ်ကိုစိတ်ကူးယဉ်ကြည့်လိုက်ပါ။ စိတ်ကူးပုံဖော်မှုကို အသုံးပြုပြီး သင့်ရဲ့ဖြစ်နိုင်ခြေ အလားအလာကို တိုးမြှင့်ကြည့်လိုက်ပါ။ ပြီးတ့အခါ လက်တွေ့အကောင်အထည်ဖော်လိုက်ပါ။

    ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်က စိတ်အပြောင်းအလဲ ကိုဖြစ်စေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင် တိုးတက်အောင်ဆောင်ရွက်မှု ဦးနှောက်ထဲက စိတ်ခံစားမှုကိုကောင်းမွန်စေတဲ့ ဓါတုပစ္စည်း တွေကို တိုးပွားအောင်လုပ်ဆောင်ပေးပါတယ်။ အဖက်ဖက် ကစွမ်းအင်တွေပြည့်ဝအောင် ဆောင်ရွက်ခြင်းဖြင့် ပန်းတိုင်ကိုရောက်ရှိအောင် စွမ်းအားတွေရရှိမှာဖြစ်ပါတယ်။ အစားအစာရွေးချယ် စားသုံးမှုကလည်း အာရုံ ကြည်လင်ပြတ်သားမှုနဲ့ ဦးနှောက်ခြောက်မှုကြားကကွာခြားမှုကိုဖြစ်ပေါ်စေပါတယ်။

    ၅။ မလိုအပ်တာတဲ့ ဘဝအစိတ်အပိုင်းတွေကိုရှင်းထုတ်ပါ

    ဘဝမှာ အဖြစ်အပျက်အသစ်တွေအတွက် နေရာပေးနိုင်ဖို့ မလိုအပ်တဲ့ အတိတ်တွေကိုရှင်းထုတ်လိုက်ပါ။ ရုပ်ပိုင်းဆိုင် ရာအရာဝတ္ထုတွေကို လွှင့်ပစ်သလိုမျိုး အချို့သူတွေကို လည်းကိုယ့်ရဲ့နေ့စဉ်ဘဝထဲကနေ ထွက်ခွာခွင့်ပြုဖို့လိုအပ် ပါတယ်။။ ကိုယ်ကဘဝကို ထုဆစ်ရတဲ့သူဖြစ်တာကြောင့် ကိုယ့်ကိုထိခိုက်နာကျင်စေမယ့် ကိုယ်ဝန်းကျင်က အရာတွေကို ဖယ်ထုတ်ဖြိုချပစ်ဖို့လည်းလိုအပ်ပါတယ်။ ဘဝမှာကြုံတွေ့လာရမယ့်အသစ်အသစ်သော အဖြစ်အပျက်တွေကိုနေရာပေးနိုင်ဖို့အဟောင်းတွေကို ရှင်း ထုတ်ပါ။

    ၆။ ပတ်ဝန်းကျင်ကို အပြောင်းအလဲလုပ်ပါ

    လက်ရှိဝန်းကျင်ကနေခပ်ဝေးဝေးကိုထွက်သွားကြည့် လိုက်တာက သင့်အနေနဲ့အရာရာကိုမြင်သာအောင် အထောက်အကူပြုပါလိမ့်မယ်။ အလုပ်သွားတဲ့အခါမျိုးမှာ တစ်နာရီလောက် အချိန်ပေးပြီး အနီးတဝိုက်ကို လျှောက်ပတ်ကြည့်ပါ။ အလုပ်သွားရင်းနဲ့ တစ်ခါမှမရောက်ဘူးတဲ့ပန်းခြံကို ပတ်ကြည့်တာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ဆောင်ပေးတာက သင့်ကိုဖန်တီးနိုင်စွမ်းနဲ့ ထိုးထွင်းဉာဏ် အသစ်တွေကိုရရှိ စေတာကိုတွေ့ရမှာဖြစ်ပါတယ်။

    ၇။ မတွေ့ဖူးတဲ့ အတွေ့အကြုံသစ်တွေကို ရှာဖွေခံစားကြည့်ပါ

    တစ်ခါမှမလုပ်ဖူးတဲ့အလုပ်တွေကိုလုပ်ကြည့်ပါ။ သင်လုပ်နေကျအလုပ်တွေ လက်မှတ်ထိုးလိုက်၊ အကသင်တန်းတွေသွားလိုက် လုပ်နေမယ့်အစား မလုပ်ဖူးတာတွေကို လုပ်ဆောင်ကြည့်လိုက်ပါ။ အစားအသောက်တွေကို နှစ်သက်တဲ့သူဖြစ်မယ် ဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် ချက်ပြုတ်နည်းသင်တန်းကိုတက်ပါ။ လုံးဝသစ်လွင် တောက်ပနေတဲ့အတွေ့အကြုံသစ်တွေကသင့်ကို မတူကွဲပြားတဲ့ အလားအလာတွေကိုပေးစွမ်းမှာဖြစ်သလို သူငယ်ချင်းအသစ်တွေလည်းရမယ့်အပြင် ဦးနှောက်ကို လည်းအတွေးအမြင်အသစ်တွေဖြစ်ပေါ်စေမှာဖြစ်ပါတယ်။

    ဘဝမှာဖြစ်လာတဲ့အရာရာတိုင်းကရွေးချယ်မှုကြောင့် ဖြစ်လာတယ် ဆိုတာကိုမမေ့ပါနဲ့။ အချိန်တိုင်းဟာ ဘဝကိုကိုယ်လိုသလိုဖန်တီး နိုင်မယ့်အခွင့်အလမ်းပဲဖြစ်ပါ တယ်။ အတွေးအမြင်တွေကိုပြောင်းလဲတာပဲဖြစ်ဖြစ်ဝန်းကျင်ကို ပြောင်းလဲတာပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်တဲ့စွမ်းအင်က ကိုယ့်လက်ထဲ မှာပဲ ရှိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement